ကျောက်ချဉ်နက် ရဲ့ ဆေးဖက် အသုံးဝင်ပုံ

0
146

ကျောက်ချဉ်ရဲ့ ဆေးအသုံးလေးတွေကို ဖတ်မှတ်ထားသမျှ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်ရှင် ။

ထိခိုက်ဒဏ်ရာ ၊ ဓားရှခြင်း

ထိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်ခြင်း၊ အရေပြား၌ သွေးခြည်ဥခြင်း၊ ဆံပင်၊ မုတ်ဆိတ်ရိတ်၍ ဓားရှခြင်းအတွက် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍ လိမ်းပါ ။

မိတ်ယားခြင်း၊ နှင်းခူအစို၊ အဆိပ်ရှိ ပိုးမွှားများကိုက်ခြင်း

မိတ်ပေါက်၍ ယားယံပါက ကျောက်ချဉ်ရေကျဲကျဲ ဖျော်လိမ်းပါ။ အဆိပ်ရှိ ပိုးမွှားများ ကိုက်ပါက ပျစ်ပျစ်ဖျော်လိမ်းပါ။ နှင်းခူအစိုကို ကျောက်ချဉ်မှုန့် ဖြူးပေးပါက ခြောက် သွားပြီး အယားသက်သာစေပါဧ။် ။

အဆီကျ၊ အသားကျစ်စေရန်

ကျောက်ချဉ်ကို အမှုန့်လုပ်၊ ဒယ်အိုးထဲထည့်၊ မီးအပူ တိုက်ပေးပါက ထုံးလို ဖွေးဖွေးဖြူသောအမှုန့်(ကျောက်ချဉ် မီးဖောက်) ကိုရဧ။် ။

ထိုအမှုန့်(၁)ရွေးသား နေ့စဉ် မှန်မှန်စား ပေးပါက အဆီကျ၊ အသားကျစ်စေပြီး ပိန်စေသည်ဟု သိရပါဧ။် ။

မျက်စိရောဂါ ၊ နားရောဂါ

မျက်စိနာ၊ မျက်ခမ်းစပ် နှင့် မျက်စိစွန်ပါက ကျောက်ချဉ်ရေ ကျဲကျဲ ခပ်ပေးနိုင်ပါဧ။် ။နားပြည်ယို၊ နားကိုက်ပါက ကျောက်ချဉ်ရေ ကျဲကျဲ တစ်စက် နှစ်စက် ခန့် ထည့်ပေးပါ ။

အိပ်မပျော်ရောဂါ

ကျွဲနို့မလိုင် နှင့် ကျောက်ချဉ်မှုန့် အနည်းငယ် ရောစပ်ပြီး သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါ သည် ။

ခံတွင်းနံ့ မကောင်းခြင်း

ဝမ်းတွင်း အပူအပုပ် မစင်၍ ဖြစ်စေ၊ သွားဖုံးနှင့်သွားများ မကောင်း၍ ဖြစ်စေ ခံတွင်းနံ့ မကောင်းဖြစ်ပါက ဆားဆိုဒါ နှစ်ဆ၊ ကျောက်ချဉ်တစ်ဆ ရောပြီး မှုန့်ညက် နေအောင် ကြိတ်ပေးပါ။

သွားဖုံးများကို အသာအယာ တို့၍ ပေးပါ။ (သွားတိုက်တံ သုံးစရာ မလိုပါ။) ပြီးလျှင်ရေသန့်သန့်နှင့် ပလုပ်ကျင်းပစ်ပါ။

မကောင်းတဲ့ အနံ့တွေပျောက်သွားရုံမက သွားဖုံးနှင့် သွားများပါ သန့်ရှင်းသွားပါမည် ။

သွားပိုးစား၊ သွားကိုက်ခြင်း

သွားပိုးစားပြီး သွားကိုက်ခဲပါက ကျောက်ချဉ်မှုန့်နှင့်ပရုတ်မှုန့်ရောပြီး ကိုက်နေသော နေရာတစ်ဝိုက်ကို အသာသိပ်ပေးပါ ။ မကြာခင် သက်သာပါမည် ။

ရိုးရိုး အနာဖုလုံး၊ အကြိတ်လုံး

အရေပြား၌ အဖုလုံး ၊ အကျိတ်လုံး ထွက်လာပါကကျောက်ချဉ်မှုန့် (၁)ဆ၊ ပျားရည်(၂) ဆ သမအောင် ရောပါ။ ထိုဆေးရည်ကို

အကျိတ်အဖုတို့အပေါ်၌ ထူထူလေး သုတ်လိမ်းပြီး ပတ်တီးစလေး အသာကပ်ပေးပါ။ နုလျှင်ပိန်၍ ရင့်လျှင်ပေါက်ပြီး ပျောက်ကင်းပါမည် ။

သွားဖုံးရေစီးကမ်းပြိုဖြစ်၍ သွေးထွက်ခြင်း

သွားဖုံးရေစီးကမ်းပြိုလိုက်ပြီး သွေးခဏခဏ ထွက်နေပါက ကျောက်ချဉ်နှင့် တမာရွက်ကို ရောကြိတ်ပြီးသွားဖုံးတစ်လျှောက် အသာပွတ်ပေးပါ ။

နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံပါက ဝါဂွမ်းကို ကျောက်ချဉ်ရေဆွတ်ပြီး နှာခေါင်းဝ၌ အသာဆို့ထားပါ ။ ယင်းအခိုက်အတန့်၌အသက်ကို ပါးစပ်နဲ့ ရှူပေးပါ ။ မကြာခင် သွေးတိတ်သွားပါလိမ့်မည် ။

ဆီးရောဂါ

ကျောက်ကပ်သာ မချွတ်ယွင်းပါစေနှင့် ။ မည်သည့်ဆီးရောဂါမဆို သက်သာစေနိုင်ဧ။်ဟု ဆိုပါသည်။ ကျောက်ချဉ်ကို အမှုန့်ကြိတ်၊ အချိန်ဆတူရှိသော လက်ဖက်နှင့် ရောကြိတ်ပါ။

ကြိတ်ပြီးသားဆေးကို ဆီးသီး ခပ်ငယ်ငယ်ခန့် အရွယ်လုံးထားပြီး တစ်နေ့တစ်လုံးစားပေးပါ ။ သက်သာပျောက်ကင်းပါမည် ။

မှတ်ချက် ။ ဆန္ဒရှိ၍ အသုံးပြုလိုပါက ကျွမ်းကျင်တဲ့ဆရာသမားရဲ့ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ် ။

ကျောက်ချဉ်ဟာ တန်ဖိုးနည်းပါးပြီး လွယ်ကူထိရောက်တဲ့ ဆေးတစ်လက်ဖြစ်တာမို့ အိမ်တိုင်း အလွယ်တကူ ဆောင်ထားသင့်ပါတယ်ရှင် ။

ဖတ်ရှုသူများရဲ့Comment များ

အသီးနှံတွေ ကို ကျောက်ချဉ် ရေ နဲ့ စိမ် ပြီး ရေပြန်စစ် ထား ပြီး နေရောင်မရောက်နိုင်တဲ့ အရိပ်တွေမှာ ထားရင် ကြာကြာ အထားခံ တယ်(အမှည့် မလွန်စေရန်) ..Hein Zaw

အချွဲများသောငါးဆေးရာတွင်ကျောက်ချဉ်ဖြင့်ဆေးပါ ။ချိုင်းပတ်နံ့နံလျှင်ကျောက်ချင်သွေးလိမ်းပါMar Mar

ကျောက်ချဉ် ၅ကျပ်သားအုန်းသီးအနီရောင်နှင့်ရေဆူရင် အေးအောင်ထားတနေ့တလုံးသောက် လိပ်ခေါင်းဒူလာပျောက်တယ် Ko Oo

ကျွဲနို့ပေါက်နေလို့စိတ်ညစ်နေသူများကျောက်ချဉ်အစစ်ကိုရအောင်ရှာပြီးအနည်းငယ်ထုခြေပြီးရေစွပ်ပြီးကျွဲနို့ကိုဂွမ်းန့၃ မိနစ်အုံထားလိုက်ပါ ပြီးရင်စွဲနှတ်လိုက် အမြစ်လိုက်ကြွတ်ထွက်လာပါလိပ်မည်။နေပိုင်

” သွားနှင့် ကျောက်ချဉ်နက် ”

ကျောက်ချဉ်နက်သည် အလွန်တွေ့ရခဲသော ပစ္စည်းတစ်မျိုးဖြစ်သည်။ တွေ့လျှင်လည်းရယူရန် အလွန်ခက်ခဲလှပေသည်။ထိုအစွမ်းသတ္တိထက်မြက် သော ကျောက်ချဉ်နက်ကိုတွေ့ရှိပါက နွားနို့ရည်နှင့်လောင်းပြီး၊ ကျွဲဖြူ၏ ချိုဖြင့်တူးဖော်ယူရသည်။

သို့မှသာ ထက်မြက်သော ကျောက်ချဉ်နက်၏ စွမ်းရည်တို့ကိုမပျောက်မပျက် တည်ရှိနေရမည်ဖြစ်ပေသည်။ကျောက်ချဉ် နက်ဟူသည်မှာ ကျောက်သားမှချဉ်နေခြင်းဖြစ်ပြီး ကျစ်လျစ်သိပ်သည်း မာကျောနေတတ်၏။

ထို့ကြောင့်တွေ့ရှိသည့်တိုင်အောင် အစွမ်းသတ္တိမပျက် သောကျောက်ချဉ်နက်ကို ရရှိနိုင်ရန် ခဲယဉ်းပါသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ထိုကျောက်ချဉ်နက်သည် လူ့ဘဝကြီးတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး သောအဖျက်တကာထိပ်ခေါင် ဇိရဏတေဇော၏ အဖြစ်မှန်သမျှတို့ကို ချေ ဖျက်ပြေဖျောက်နိုင်စွမ်းရှိသည့်အတွက် ဆံပင်တို့ခိုင်မာခြင်း၊စိုပြည်ခြင်း၊ ဆံပင် ဖြူများ ပြန်မည်းခြင်း၊ မဖြူသေးလျှင်လည်း

ရှေ့ကိုမဖြူတော့ခြင်းဟူသော အကျိုးမျိုးကိုလည်းကောင်း၊ အရိုးအကြောစသည်များတောင့်တင်းခိုင်မာ သန်စွမ်းကြသည့် အကျိုးတရားတို့ကိုလည်းကောင်းရရှိကြမည်ဖြစ်ပေသည်။

ထိုကျောက်ချဉ်နက်တွင်လည်း သာမန်မျှချဉ်ပြီး ဖြူနေသော ကျောက် ချဉ်၊နီနေသော ကျောက်ချဉ်၊နက်နေသော ကျောက်ချဉ်ဟု ၃-မျိုးကွဲပြား နေသည်ကို. တွေ့ရသည်။

အဖြူ၊ အနီ၊ အနက်တို့၏ သဘာဝတွင် အဖြူထက် အနီသည်လည်းကောင်း၊အနီထက် အနက်သည်လည်းကောင်း၊ ပိုမိုအစွမ်း ထက် အရာရောက်ကြသည့် အားလျော်စွာထိုကျောက်ချဉ် ၃-မျိုးတွင် အနက် မျိုးသည် အကောင်းဆုံးဖြစ်ပေသည်။

ထိုကျောက်ချဉ်နက်နှင့်မှားတတ်သော ကျောက်တစ်မျိုးရှိသေးသည်။၎င်းကားဗဟန်းချဉ်ဖြစ်သည်။ထိုဗဟန်းချဉ်နှင့် ကျောက်ချဉ်နက်မျိုးတို့သည် အမှတ်တမဲ့ ခွဲခြားရန် ခက်ခဲတတ်၏။

သေချာစေ့ငုစွာ လေ့လာဖူးသူမှသာ ဤကားကျောက်ချဉ်နက်၊ ဤကား ဗဟန်းချဉ်ဟု မှန်ကန်စွာ ခွဲခြားနိုင်ပေလိမ့် မည်။

ကျောက်ချဉ်နက်သည် ကန့်ချုပ်အနက်ကဲ့သို့ပင်လျှင် သိုက်ဝင်နတ်စောင့်သောပစ္စည်းဟု ရှေးအစဉ်အလာ၌ ဆိုခဲ့ကြသည်။

ထို့ကြောင့် ကျောက်ချဉ်နက် ကို အသုံးပြုရာတွင် ကျစ်လျစ်သိပ်သည်းမည်းနက်ချဉ်ဖန်သော ကျောက် ချဉ်နက်ဖြစ်ရန်လိုပြီး၊ ပွရွလျက်မည်းခြောက်သောအဆင်းနှင့် ချဉ်ဖန်သောဗဟန်းချဉ်မဖြစ်ရန်လွန်စွာအရေးကြီးပေသည်။

ကျောက်ချဉ်နှင့် ကျောက်ချဉ်တု

ယခုကာလတွင် ဆိုခဲ့သော ကျောက်ချဉ်တို့ကို ရရှိရန် ခဲယဉ်း၍လာသော ကြောင့်များသောအားဖြင့် အတုအစားပြုလုပ်ထားသော ကျောက်ချဉ်ကို သာအသုံးပြုနေကြလေသည်။

ထိုသု့ိ အတုပြုလုပ်ထားသော ကျောက်ချဉ် သည်ပင်လျှင်သရက်သီးရေစိမ်စသည်တွင် ထည့်သွင်းသည်ရှိသော် ထိုသ ရက်သီးသည်ထားလိုသောအချိန်အတိုင်းအတာတစ်ခုအထိ ပကတိလတ် ဆတ်နေသည်ကို တွေ့ရလေသည်။

သွေးဝမ်း၊ သွေးဒူလာ၊ လိပ်ခေါင်းသွေးပါ၊ သွားမှ သွေးထွက်သော ရောဂါတို့တွင် ထိုကျောက်ချဉ်သည် အစားထိုး၍မရလောက်အောင်ပင် တန်ဖိုးရှိလှပေသည်။

ထိုအတုအစား ပြုလုပ်ထားသော ကျောက်ချဉ်သည်ပင်လျှင် ထိုသို့ထက်မြက်သောအကျိုးတို့ကို ရရှိကြစေသည်ဟုဆိုသောအခါ သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိရသော ကျောက်ချဉ်နက်သည် မည်မျှထိ တန်ဖိုးရှိအကျိုးများမည်ကို ခန့်မှန်းနိုင်လောက်ပေသည်။

Dr. အောင်နိုင်(ဆေးသုတေသန)ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ။

Nandar Myint မှတ်စုမှ ကူးယူ မျှဝေပေးခြင်းပါ

ေက်ာက္ခ်ဥ္နက္ ရဲ့ ေဆးဖက္ အသုံးဝင္ပုံ

ေက်ာက္ခ်ဥ္ရဲ့ ေဆးအသုံးေလးေတြကို ဖတ္မွတ္ထားသမၽွ ဗဟုသုတအျဖစ္ ျပန္လည္မၽွေဝလိုက္ပါတယ္ရွင္ ။

ထိခိုက္ဒဏ္ရာ ၊ ဓားရွျခင္း

ထိခိုက္မိ၍ ဒဏ္ရာ အနာတရျဖစ္ျခင္း၊ အေရျပား၌ ေသြးျခည္ဥျခင္း၊ ဆံပင္၊ မုတ္ဆိတ္ရိတ္၍ ဓားရွျခင္းအတြက္ ေက်ာက္ခ်ဥ္ကို ေရသန႔္သန႔္ႏွင့္ ေသြး၍ လိမ္းပါ ။

မိတ္ယားျခင္း၊ ႏွင္းခူအစို၊ အဆိပ္ရွိ ပိုးမႊားမ်ားကိုက္ျခင္း

မိတ္ေပါက္၍ ယားယံပါက ေက်ာက္ခ်ဥ္ေရက်ဲက်ဲ ေဖ်ာ္လိမ္းပါ။ အဆိပ္ရွိ ပိုးမႊားမ်ား ကိုက္ပါက ပ်စ္ပ်စ္ေဖ်ာ္လိမ္းပါ။ ႏွင္းခူအစိုကို ေက်ာက္ခ်ဥ္မႈန႔္ ျဖဴးေပးပါက ေျခာက္ သြားၿပီး အယားသက္သာေစပါဧ။္ ။

အဆီက်၊ အသားက်စ္ေစရန္

ေက်ာက္ခ်ဥ္ကို အမႈန႔္လုပ္၊ ဒယ္အိုးထဲထည့္၊ မီးအပူ တိုက္ေပးပါက ထုံးလို ေဖြးေဖြးျဖဴေသာအမႈန႔္(ေက်ာက္ခ်ဥ္ မီးေဖာက္) ကိုရဧ။္ ။

ထိုအမႈန႔္(၁)ေရြးသား ေန႔စဥ္ မွန္မွန္စား ေပးပါက အဆီက်၊ အသားက်စ္ေစၿပီး ပိန္ေစသည္ဟု သိရပါဧ။္ ။

မ်က္စိေရာဂါ ၊ နားေရာဂါ

မ်က္စိနာ၊ မ်က္ခမ္းစပ္ ႏွင့္ မ်က္စိစြန္ပါက ေက်ာက္ခ်ဥ္ေရ က်ဲက်ဲ ခပ္ေပးနိုင္ပါဧ။္ ။နားျပည္ယို၊ နားကိုက္ပါက ေက်ာက္ခ်ဥ္ေရ က်ဲက်ဲ တစ္စက္ ႏွစ္စက္ ခန႔္ ထည့္ေပးပါ ။

အိပ္မေပ်ာ္ေရာဂါ

ကၽြဲနို႔မလိုင္ ႏွင့္ ေက်ာက္ခ်ဥ္မႈန႔္ အနည္းငယ္ ေရာစပ္ၿပီး ေသာက္ေပးပါက ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါ သည္ ။

ခံတြင္းနံ့ မေကာင္းျခင္း

ဝမ္းတြင္း အပူအပုပ္ မစင္၍ ျဖစ္ေစ၊ သြားဖုံးႏွင့္သြားမ်ား မေကာင္း၍ ျဖစ္ေစ ခံတြင္းနံ့ မေကာင္းျဖစ္ပါက ဆားဆိုဒါ ႏွစ္ဆ၊ ေက်ာက္ခ်ဥ္တစ္ဆ ေရာၿပီး မႈန႔္ညက္ ေနေအာင္ ႀကိတ္ေပးပါ။

သြားဖုံးမ်ားကို အသာအယာ တို႔၍ ေပးပါ။ (သြားတိုက္တံ သုံးစရာ မလိုပါ။) ၿပီးလၽွင္ေရသန႔္သန႔္ႏွင့္ ပလုပ္က်င္းပစ္ပါ။

မေကာင္းတဲ့ အနံ့ေတြေပ်ာက္သြား႐ုံမက သြားဖုံးႏွင့္ သြားမ်ားပါ သန႔္ရွင္းသြားပါမည္ ။

သြားပိုးစား၊ သြားကိုက္ျခင္း

သြားပိုးစားၿပီး သြားကိုက္ခဲပါက ေက်ာက္ခ်ဥ္မႈန႔္ႏွင့္ပ႐ုတ္မႈန႔္ေရာၿပီး ကိုက္ေနေသာ ေနရာတစ္ဝိုက္ကို အသာသိပ္ေပးပါ ။ မၾကာခင္ သက္သာပါမည္ ။

ရိုးရိုး အနာဖုလုံး၊ အႀကိတ္လုံး

အေရျပား၌ အဖုလုံး ၊ အက်ိတ္လုံး ထြက္လာပါကေက်ာက္ခ်ဥ္မႈန႔္ (၁)ဆ၊ ပ်ားရည္(၂) ဆ သမေအာင္ ေရာပါ။ ထိုေဆးရည္ကို

အက်ိတ္အဖုတို႔အေပၚ၌ ထူထူေလး သုတ္လိမ္းၿပီး ပတ္တီးစေလး အသာကပ္ေပးပါ။ ႏုလၽွင္ပိန္၍ ရင့္လၽွင္ေပါက္ၿပီး ေပ်ာက္ကင္းပါမည္ ။

သြားဖုံးေရစီးကမ္းၿပိဳျဖစ္၍ ေသြးထြက္ျခင္း

သြားဖုံးေရစီးကမ္းၿပိဳလိုက္ၿပီး ေသြးခဏခဏ ထြက္ေနပါက ေက်ာက္ခ်ဥ္ႏွင့္ တမာရြက္ကို ေရာႀကိတ္ၿပီးသြားဖုံးတစ္ေလၽွာက္ အသာပြတ္ေပးပါ ။

ႏွာေခါင္းေသြးလၽွံျခင္း

ႏွာေခါင္းေသြးလၽွံပါက ဝါဂြမ္းကို ေက်ာက္ခ်ဥ္ေရဆြတ္ၿပီး ႏွာေခါင္းဝ၌ အသာဆို႔ထားပါ ။ ယင္းအခိုက္အတန႔္၌အသက္ကို ပါးစပ္နဲ႔ ရႉေပးပါ ။ မၾကာခင္ ေသြးတိတ္သြားပါလိမ့္မည္ ။

ဆီးေရာဂါ

ေက်ာက္ကပ္သာ မခၽြတ္ယြင္းပါေစႏွင့္ ။ မည္သည့္ဆီးေရာဂါမဆို သက္သာေစနိုင္ဧ။္ဟု ဆိုပါသည္။ ေက်ာက္ခ်ဥ္ကို အမႈန႔္ႀကိတ္၊ အခ်ိန္ဆတူရွိေသာ လက္ဖက္ႏွင့္ ေရာႀကိတ္ပါ။

ႀကိတ္ၿပီးသားေဆးကို ဆီးသီး ခပ္ငယ္ငယ္ခန႔္ အရြယ္လုံးထားၿပီး တစ္ေန႔တစ္လုံးစားေပးပါ ။ သက္သာေပ်ာက္ကင္းပါမည္ ။

မွတ္ခ်က္ ။ ဆႏၵရွိ၍ အသုံးျပဳလိုပါက ကၽြမ္းက်င္တဲ့ဆရာသမားရဲ့ ညႊန္ၾကားခ်က္အတိုင္း အသုံးျပဳနိုင္ပါတယ္ ။

ေက်ာက္ခ်ဥ္ဟာ တန္ဖိုးနည္းပါးၿပီး လြယ္ကူထိေရာက္တဲ့ ေဆးတစ္လက္ျဖစ္တာမို႔ အိမ္တိုင္း အလြယ္တကူ ေဆာင္ထားသင့္ပါတယ္ရွင္ ။

ဖတ္ရႈသူမ်ားရဲ့Comment မ်ား

အသီးႏွံေတြ ကို ေက်ာက္ခ်ဥ္ ေရ နဲ႔ စိမ္ ၿပီး ေရျပန္စစ္ ထား ၿပီး ေနေရာင္မေရာက္နိုင္တဲ့ အရိပ္ေတြမွာ ထားရင္ ၾကာၾကာ အထားခံ တယ္(အမွည့္ မလြန္ေစရန္) ..Hein Zaw

အခၽြဲမ်ားေသာငါးေဆးရာတြင္ေက်ာက္ခ်ဥ္ျဖင့္ေဆးပါ ။ခ်ိဳင္းပတ္နံ့နံလၽွင္ေက်ာက္ခ်င္ေသြးလိမ္းပါMar Mar

ေက်ာက္ခ်ဥ္ ၅က်ပ္သားအုန္းသီးအနီေရာင္ႏွင့္ေရဆူရင္ ေအးေအာင္ထားတေန႔တလုံးေသာက္ လိပ္ေခါင္းဒူလာေပ်ာက္တယ္ Ko Oo

ကၽြဲနို႔ေပါက္ေနလို႔စိတ္ညစ္ေနသူမ်ားေက်ာက္ခ်ဥ္အစစ္ကိုရေအာင္ရွာၿပီးအနည္းငယ္ထုေျခၿပီးေရစြပ္ၿပီးကၽြဲနို႔ကိုဂြမ္းန႔၃ မိနစ္အုံထားလိုက္ပါ ၿပီးရင္စြဲႏွတ္လိုက္ အျမစ္လိုက္ႂကြတ္ထြက္လာပါလိပ္မည္။ေနပိုင္

” သြားႏွင့္ ေက်ာက္ခ်ဥ္နက္ ”

ေက်ာက္ခ်ဥ္နက္သည္ အလြန္ေတြ႕ရခဲေသာ ပစၥည္းတစ္မ်ိဳးျဖစ္သည္။ ေတြ႕လၽွင္လည္းရယူရန္ အလြန္ခက္ခဲလွေပသည္။ထိုအစြမ္းသတၱိထက္ျမက္ ေသာ ေက်ာက္ခ်ဥ္နက္ကိုေတြ႕ရွိပါက ႏြားနို႔ရည္ႏွင့္ေလာင္းၿပီး၊ ကၽြဲျဖဴ၏ ခ်ိဳျဖင့္တူးေဖာ္ယူရသည္။

သို႔မွသာ ထက္ျမက္ေသာ ေက်ာက္ခ်ဥ္နက္၏ စြမ္းရည္တို႔ကိုမေပ်ာက္မပ်က္ တည္ရွိေနရမည္ျဖစ္ေပသည္။ေက်ာက္ခ်ဥ္ နက္ဟူသည္မွာ ေက်ာက္သားမွခ်ဥ္ေနျခင္းျဖစ္ၿပီး က်စ္လ်စ္သိပ္သည္း မာေက်ာေနတတ္၏။

ထို႔ေၾကာင့္ေတြ႕ရွိသည့္တိုင္ေအာင္ အစြမ္းသတၱိမပ်က္ ေသာေက်ာက္ခ်ဥ္နက္ကို ရရွိနိုင္ရန္ ခဲယဥ္းပါသည္ဟု ဆိုခဲ့ျခင္းျဖစ္သည္။

ထိုေက်ာက္ခ်ဥ္နက္သည္ လူ႔ဘဝႀကီးတစ္ေလၽွာက္လုံးတြင္ အဆိုးရြားဆုံး ေသာအဖ်က္တကာထိပ္ေခါင္ ဇိရဏေတေဇာ၏ အျဖစ္မွန္သမၽွတို႔ကို ေခ် ဖ်က္ေျပေဖ်ာက္နိုင္စြမ္းရွိသည့္အတြက္ ဆံပင္တို႔ခိုင္မာျခင္း၊စိုျပည္ျခင္း၊ ဆံပင္ ျဖဴမ်ား ျပန္မည္းျခင္း၊ မျဖဴေသးလၽွင္လည္း

ေရွ႕ကိုမျဖဴေတာ့ျခင္းဟူေသာ အက်ိဳးမ်ိဳးကိုလည္းေကာင္း၊ အရိုးအေၾကာစသည္မ်ားေတာင့္တင္းခိုင္မာ သန္စြမ္းၾကသည့္ အက်ိဳးတရားတို႔ကိုလည္းေကာင္းရရွိၾကမည္ျဖစ္ေပသည္။

ထိုေက်ာက္ခ်ဥ္နက္တြင္လည္း သာမန္မၽွခ်ဥ္ၿပီး ျဖဴေနေသာ ေက်ာက္ ခ်ဥ္၊နီေနေသာ ေက်ာက္ခ်ဥ္၊နက္ေနေသာ ေက်ာက္ခ်ဥ္ဟု ၃-မ်ိဳးကြဲျပား ေနသည္ကို. ေတြ႕ရသည္။

အျဖဴ၊ အနီ၊ အနက္တို႔၏ သဘာဝတြင္ အျဖဴထက္ အနီသည္လည္းေကာင္း၊အနီထက္ အနက္သည္လည္းေကာင္း၊ ပိုမိုအစြမ္း ထက္ အရာေရာက္ၾကသည့္ အားေလ်ာ္စြာထိုေက်ာက္ခ်ဥ္ ၃-မ်ိဳးတြင္ အနက္ မ်ိဳးသည္ အေကာင္းဆုံးျဖစ္ေပသည္။

ထိုေက်ာက္ခ်ဥ္နက္ႏွင့္မွားတတ္ေသာ ေက်ာက္တစ္မ်ိဳးရွိေသးသည္။၎ကားဗဟန္းခ်ဥ္ျဖစ္သည္။ထိုဗဟန္းခ်ဥ္ႏွင့္ ေက်ာက္ခ်ဥ္နက္မ်ိဳးတို႔သည္ အမွတ္တမဲ့ ခြဲျခားရန္ ခက္ခဲတတ္၏။

ေသခ်ာေစ့ငုစြာ ေလ့လာဖူးသူမွသာ ဤကားေက်ာက္ခ်ဥ္နက္၊ ဤကား ဗဟန္းခ်ဥ္ဟု မွန္ကန္စြာ ခြဲျခားနိုင္ေပလိမ့္ မည္။

ေက်ာက္ခ်ဥ္နက္သည္ ကန႔္ခ်ဳပ္အနက္ကဲ့သို႔ပင္လၽွင္ သိုက္ဝင္နတ္ေစာင့္ေသာပစၥည္းဟု ေရွးအစဥ္အလာ၌ ဆိုခဲ့ၾကသည္။

ထို႔ေၾကာင့္ ေက်ာက္ခ်ဥ္နက္ ကို အသုံးျပဳရာတြင္ က်စ္လ်စ္သိပ္သည္းမည္းနက္ခ်ဥ္ဖန္ေသာ ေက်ာက္ ခ်ဥ္နက္ျဖစ္ရန္လိုၿပီး၊ ပြရြလ်က္မည္းေျခာက္ေသာအဆင္းႏွင့္ ခ်ဥ္ဖန္ေသာဗဟန္းခ်ဥ္မျဖစ္ရန္လြန္စြာအေရးႀကီးေပသည္။

ေက်ာက္ခ်ဥ္ႏွင့္ ေက်ာက္ခ်ဥ္တု

ယခုကာလတြင္ ဆိုခဲ့ေသာ ေက်ာက္ခ်ဥ္တို႔ကို ရရွိရန္ ခဲယဥ္း၍လာေသာ ေၾကာင့္မ်ားေသာအားျဖင့္ အတုအစားျပဳလုပ္ထားေသာ ေက်ာက္ခ်ဥ္ကို သာအသုံးျပဳေနၾကေလသည္။

ထိုသု႔ိ အတုျပဳလုပ္ထားေသာ ေက်ာက္ခ်ဥ္ သည္ပင္လၽွင္သရက္သီးေရစိမ္စသည္တြင္ ထည့္သြင္းသည္ရွိေသာ္ ထိုသ ရက္သီးသည္ထားလိုေသာအခ်ိန္အတိုင္းအတာတစ္ခုအထိ ပကတိလတ္ ဆတ္ေနသည္ကို ေတြ႕ရေလသည္။

ေသြးဝမ္း၊ ေသြးဒူလာ၊ လိပ္ေခါင္းေသြးပါ၊ သြားမွ ေသြးထြက္ေသာ ေရာဂါတို႔တြင္ ထိုေက်ာက္ခ်ဥ္သည္ အစားထိုး၍မရေလာက္ေအာင္ပင္ တန္ဖိုးရွိလွေပသည္။

ထိုအတုအစား ျပဳလုပ္ထားေသာ ေက်ာက္ခ်ဥ္သည္ပင္လၽွင္ ထိုသို႔ထက္ျမက္ေသာအက်ိဳးတို႔ကို ရရွိၾကေစသည္ဟုဆိုေသာအခါ သဘာဝအတိုင္းျဖစ္ေပၚတည္ရွိရေသာ ေက်ာက္ခ်ဥ္နက္သည္ မည္မၽွထိ တန္ဖိုးရွိအက်ိဳးမ်ားမည္ကို ခန႔္မွန္းနိုင္ေလာက္ေပသည္။

Dr. ေအာင္နိုင္(ေဆးသုေတသန)ေဖြေဖြရွာရွာ တိုင္းရင္းေဆးပညာ။

Nandar Myint မွတ္စုမွ ကူးယူ မၽွေဝေပးျခင္းပါ