ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမျိုးပေါင်း ၇၀ စမ်းသပ်ဖော်ထုတ်နေ

0
802

ကမ္ဘာ့နိုင်ငံတွေ အနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ဖို့ ဆေးဝါးတွေကို အပြိုင်အဆိုင် ရှာဖွေနေကြပြီး လက်ရှိအချိန်မှာတော့ အမျိုးပေါင်း ၇၀ ရှိနေပြီဖြစ်ကာ သူတို့ထဲက ၃ မျိုးကိုတော့ လူသားတွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ကုသမှုလုပ်ငန်းစဉ်တွေထဲမှာ ဟောင်ကောင်အခြေစိုက် CanSino Biologics နဲ့ ပေကျင်းဇီဝနည်းပညာသိပ္ပံတို့ကတော့ ရှေ့ပြေးအဆင့်မှာရှိနေပြီး စမ်းသပ်မှုအဆင့် ၂ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ထပ်နှစ်ခုကတော့ လူသားတွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်သူတွေနဲ့ Inovio Pharmaceuticals တို့က သီးခြား ထုတ်လုပ်တဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလော အပူတပြင်း လုပ်ဆောင်နေရတဲ့ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ဆေးဝါးတွေကိုတော့ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြတာဖြစ်ပြီး သာမန်အားဖြင့် ကာကွယ်ဆေးတမျိုးဟာ ဈေးကွက်အတွင်းကို ရောက်ရှိနိုင်ဖို့ အချိန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်တတ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုတော့ လာမယ့်နှစ်ထဲမှာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း တိုင်းမ်သတင်းက ဆိုပါတယ်။

ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးငယ်တွေလည်း ဆေးဝါးအသစ် စမ်းသပ် ထုတ်လုပ်နိုင်မယ့် နယ်ပယ်ထဲကို အလုအယက်ဝင်ရောက်လာကြပြီး အဲဒီထဲမှာ နာမည်ကြီးဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Pfizer Inc. နဲ့ Sanofi တို့လို လုပ်ငန်းတွေလည်း ပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Credit – DVB

(Zawgyi)

ကမၻာ့နိုင္ငံေတြ အႏွံ့အျပားမွာ ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္နိုင္ဖို႔ ေဆးဝါးေတြကို အၿပိဳင္အဆိုင္ ရွာေဖြေနၾကၿပီး လက္ရွိအခ်ိန္မွာေတာ့ အမ်ိဳးေပါင္း ၇၀ ရွိေနၿပီျဖစ္ကာ သူတို႔ထဲက ၃ မ်ိဳးကိုေတာ့ လူသားေတြမွာ စမ္းသပ္ကုသမႈေတြ လုပ္ေဆာင္ေနၿပီ ျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) က ေျပာပါတယ္။

ကုသမႈလုပ္ငန္းစဥ္ေတြထဲမွာ ေဟာင္ေကာင္အေျခစိုက္ CanSino Biologics နဲ႔ ေပက်င္းဇီဝနည္းပညာသိပၸံတို႔ကေတာ့ ေရွ႕ေျပးအဆင့္မွာရွိေနၿပီး စမ္းသပ္မႈအဆင့္ ၂ မွာ ရွိေနတယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ႏွစ္ခုကေတာ့ လူသားေတြမွာ စမ္းသပ္ကုသမႈေတြ လုပ္ေဆာင္ေနတဲ့ အေမရိကန္အေျခစိုက္ ေဆးဝါးထုတ္လုပ္သူေတြနဲ႔ Inovio Pharmaceuticals တို႔က သီးျခား ထုတ္လုပ္တဲ့ ေဆးဝါးေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

လတ္တေလာ အပူတျပင္း လုပ္ေဆာင္ေနရတဲ့ ဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေဆးဝါးေတြကိုေတာ့ အရွိန္အဟုန္နဲ႔ လုပ္ေဆာင္ေနၾကတာျဖစ္ၿပီး သာမန္အားျဖင့္ ကာကြယ္ေဆးတမ်ိဳးဟာ ေဈးကြက္အတြင္းကို ေရာက္ရွိနိုင္ဖို႔ အခ်ိန္ ၁၀ ႏွစ္မွ ၁၅ ႏွစ္အထိ ၾကာျမင့္တတ္ေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကိုေတာ့ လာမယ့္ႏွစ္ထဲမွာ ထုတ္လုပ္နိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနၾကေၾကာင္း တိုင္းမ္သတင္းက ဆိုပါတယ္။

ေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းႀကီးငယ္ေတြလည္း ေဆးဝါးအသစ္ စမ္းသပ္ ထုတ္လုပ္နိုင္မယ့္ နယ္ပယ္ထဲကို အလုအယက္ဝင္ေရာက္လာၾကၿပီး အဲဒီထဲမွာ နာမည္ႀကီးေဆးဝါး ထုတ္လုပ္ေရးလုပ္ငန္းစုႀကီးျဖစ္တဲ့ Pfizer Inc. နဲ႔ Sanofi တို႔လို လုပ္ငန္းေတြလည္း ပါဝင္ေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ရဲ့ မွတ္တမ္းေတြအရ သိရပါတယ္။

Credit – DVB