ပရိတ်ပဋ္ဌာန်းတွေ ပုံမှန်ရွတ်ရင် ဒါတွေသိထားပါ

0
206

ပရိတ်ပဋ္ဌာန်းတွေ ပုံမှန်ရွတ်ရင် ဒါတွေသိထားပါ

ပရိတ်ပဋ္ဌာန်း ဂါထာတော်များကို တန်ခိုးထက်မြတ်အောင် ရွတ်ဖတ်ပူဇော်နည်း

ပရိတ် ပဋ္ဌာန်း ဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ

၁။အဝတ်အစားလဲသင့်လဲရမယ် ၊ ခြေလက်ခံတွင်းသုတ်သင်ပြီး ၊ ကြည်လင်သန့်ရှင်းစေရမယ် (မဇ္ဈိမ-ပီယဇာတိသုတ် မ၂။၃၁၄)

၂။ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်များနမူနာအတိုင်း မိမိရွတ်တဲ့ဂါထာတော်ဂုဏ်တော်တွေကို ပိုပြီးအာနိသင်ရှိစေချင်ရင် အနက်အဓိပ္ပါယ်ကိုလည်းသိထားရမယ် သိအောင်လုပ်ရမယ် ကျက်သင့်တာကျက်ထားရမယ်

၃။ဘယ/လာဘ/ကုလစာရ/ ကြောက်တဲ့စိတ်/ဖြစ်စေချင်တဲ့စိတ်(အမျှော်စိတ်) နောက်ပြီးမိရိုးဖလာလုပ်ရိုးလုပ်စဉ်မို့ိ လုပ်ရတာမျိုးမဖြစ်စေရဘူး

၄။ဘီလူးသဘက်တွေကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလည်းရှောင်ရမယ် (ပါထိက-ဋ္ဌ-၁၅၁။) လယ်တီဆရာတော်ကြီးပြောသလို ဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကို အမဲသာစားတဲ့ပါးစပ်ကြီးနဲ့ရွတ်လို့နေရာမကျဘူး

၅။ရောဂါဖြစ်လို့ တစ်စုံတစ်ရာဒုက္ခဖြစ်လို့ တစ်ခြားလူဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့ မိမိရွတ်တဲ့ပရိတ်တော်များဂါထာတော်များ အစွမ်းအာနိသင်ထက်ဖို့လိုအပ်တဲ့အခါ ရေ/ဆီ/သဲ/ချည်/လက်ကိုင်ပဝါ စသည်ကိုရွတ်တဲ့လူရဲ့လက်နှင့် ထိတွေ့လှုပ်ခါကိုင်တွယ်ပြီးရွတ်ဆိုသင့်တယ်

ဒါမြတ်စွာဘုရားရှင်တို့ရဲ့အာဏာစက် သွင်းတယ်လို့ခေါ်ပါတယ် (လောကီနည်းမဟုတ်ပါဘူး) ဝိနည်းအဋ္ဌကထာမှာလာတဲ့လုပ်ထုံးပါ (ဝိ- ဋ်ဌ- ၂ -သာရတ်ထ -၂-၂၇၅)

၆။မိမိလုပ်နေကျဓမ္မဝတ်ကိုပုံမှန်လုပ်ရမယ် စွဲစွဲမြဲမြဲဝတ်ထားပြီးလုပ်ရမယ် ဒါမှပိုပြီးထိရောက်ပါတယ် ဆွမ်းဝတ် ရေတွင်းရေကန် ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှုစတဲ့ ဝတ်ထားပြီးလုပ်တဲ့

ကုသိုလ်မှန်သမျှဟာ သရဏဂုံ ငါးပါးသီလမြဲတဲ့လူလို အပါယ်မကျနိုင်ဘူး ဒီဝတ်မြဲတဲ့လူဟာသောတာပန်နှင့်တူတယ် (အံ-ဋ္ဌ-၃ -၂၆၅-သဥပါဒိသေသုတ်အဖွင့်)

ရွတ်ကြဖက်ကြတဲ့ကိစ္စဖြစ်ဖြစ် တရားဘာဝနာအလုပ်မှာပဲဖြစ်ဖြစ် ထေရဝါဒစစ်စစ်ဘာသာရေးအလုပ်မှန်သမျှမှာ ပုတီးဘယ်နှစ်ပတ်စိပ်ရမယ်ဆိုတဲ့အခန်းမပါဘူး ဓမ္မာစရိယဦးဌေးလှိုင်၏ခရီးဖော် စာအုပ်စာမျက်နှာ၁၅၇ မှ ကူးယူဖော်ပြပါသည်

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ

အရှင်ရာဇာနန္ဒ

မဟာသတိပဌာန်လမ်းမှန်ကျောင်းတိုက်

ပရိတ္ပ႒ာန္းေတြ ပုံမွန္ရြတ္ရင္ ဒါေတြသိထားပါ

ပရိတ္ပ႒ာန္း ဂါထာေတာ္မ်ားကို တန္ခိုးထက္ျမတ္ေအာင္ ရြတ္ဖတ္ပူေဇာ္နည္း

ပရိတ္ ပ႒ာန္း ဂါထာေတာ္ေတြ ရြတ္ဆိုၾကတဲ့အခါ ဝတ္တက္ၾကတဲ့အခါ

၁။အဝတ္အစားလဲသင့္လဲရမယ္ ၊ ေျခလက္ခံတြင္းသုတ္သင္ၿပီး ၊ ၾကည္လင္သန႔္ရွင္းေစရမယ္ (မဇၩိမ-ပီယဇာတိသုတ္ မ၂။၃၁၄)

၂။ပရိတ္ရြတ္တဲ့ပုဂၢိဳလ္မ်ားနမူနာအတိုင္း မိမိရြတ္တဲ့ဂါထာေတာ္ဂုဏ္ေတာ္ေတြကို ပိုၿပီးအာနိသင္ရွိေစခ်င္ရင္ အနက္အဓိပၸါယ္ကိုလည္းသိထားရမယ္ သိေအာင္လုပ္ရမယ္ က်က္သင့္တာက်က္ထားရမယ္

၃။ဘယ/လာဘ/ကုလစာရ/ ေၾကာက္တဲ့စိတ္/ျဖစ္ေစခ်င္တဲ့စိတ္(အေမၽွာ္စိတ္) ေနာက္ၿပီးမိရိုးဖလာလုပ္ရိုးလုပ္စဥ္မို႔ိ လုပ္ရတာမ်ိဳးမျဖစ္ေစရဘူး

၄။ဘီလူးသဘက္ေတြႀကိဳက္တတ္တဲ့ သားငါးစားတာမ်ိဳးကိုလည္းေရွာင္ရမယ္ (ပါထိက-႒-၁၅၁။) လယ္တီဆရာေတာ္ႀကီးေျပာသလို ဘီလူးသဘက္ႏွင္တဲ့ကမၼဝါစာကို အမဲသာစားတဲ့ပါးစပ္ႀကီးနဲ႔ရြတ္လို႔ေနရာမက်ဘူး

၅။ေရာဂါျဖစ္လို႔ တစ္စုံတစ္ရာဒုကၡျဖစ္လို႔ တစ္ျခားလူျဖစ္ျဖစ္ ကိုယ္တိုင္ျဖစ္ျဖစ္ေပါ့ မိမိရြတ္တဲ့ပရိတ္ေတာ္မ်ားဂါထာေတာ္မ်ား အစြမ္းအာနိသင္ထက္ဖို႔လိုအပ္တဲ့အခါ ေရ/ဆီ/သဲ/ခ်ည္/လက္ကိုင္ပဝါ စသည္ကိုရြတ္တဲ့လူရဲ့လက္ႏွင့္ ထိေတြ႕လႈပ္ခါကိုင္တြယ္ၿပီးရြတ္ဆိုသင့္တယ္

ဒါျမတ္စြာဘုရားရွင္တို႔ရဲ့အာဏာစက္ သြင္းတယ္လို႔ေခၚပါတယ္ (ေလာကီနည္းမဟုတ္ပါဘူး) ဝိနည္းအ႒ကထာမွာလာတဲ့လုပ္ထုံးပါ (ဝိ- ဋ္ဌ- ၂ -သာရတ္ထ -၂-၂၇၅)

၆။မိမိလုပ္ေနက်ဓမၼဝတ္ကိုပုံမွန္လုပ္ရမယ္ စြဲစြဲျမဲျမဲဝတ္ထားၿပီးလုပ္ရမယ္ ဒါမွပိုၿပီးထိေရာက္ပါတယ္ ဆြမ္းဝတ္ ေရတြင္းေရကန္ ေက်ာင္းဝတ္ႏွင့္ ရြတ္ဆိုႏွလုံးသြင္းမႈစတဲ့ ဝတ္ထားၿပီးလုပ္တဲ့

ကုသိုလ္မွန္သမၽွဟာ သရဏဂုံ ငါးပါးသီလျမဲတဲ့လူလို အပါယ္မက်နိုင္ဘူး ဒီဝတ္ျမဲတဲ့လူဟာေသာတာပန္ႏွင့္တူတယ္ (အံ-႒-၃ -၂၆၅-သဥပါဒိေသသုတ္အဖြင့္)

ရြတ္ၾကဖက္ၾကတဲ့ကိစၥျဖစ္ျဖစ္ တရားဘာဝနာအလုပ္မွာပဲျဖစ္ျဖစ္ ေထရဝါဒစစ္စစ္ဘာသာေရးအလုပ္မွန္သမၽွမွာ ပုတီးဘယ္ႏွစ္ပတ္စိပ္ရမယ္ဆိုတဲ့အခန္းမပါဘူး ဓမၼာစရိယဦးေဌးလွိုင္၏ခရီးေဖာ္ စာအုပ္စာမ်က္ႏွာ၁၅၇ မွ ကူးယူေဖာ္ျပပါသည္

သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ၍ လိုရာဆႏၵျပည့္ဝၾကပါေစ

အရွင္ရာဇာနႏၵ

မဟာသတိပဌာန္လမ္းမွန္ေက်ာင္းတိုက္