သားဖိနပ် မပျောက်တော့ဘူးဖေကြီး

0
140

သား ဖိနပ် မပျောက်တော့ဘူး ဖေကြီး နောက်ဘဝဆက် တိုင်းဒီလိုအဖြစ်မျိုးဝေးပါစေ သားလေးရယ်

ဒီသားေ လး ကိုမှတ်မိကြလားမသိဘူး HIV ရောဂါသည် ဖခင်ကိုယ်တိုင် ဦးဇင်းထံပေးအပ်ပြီး လှည်ကူးကနေခေါ်လာခဲ့တဲ့ သားငယ်လေးပါ။

ပြီးခဲ့တဲ့ ရက်ပိုင်ကပဲ သားငယ်လေးရဲ့ဖခင်ဟာ လူလောကကို လက်ပြနုတ်ဆက်ပြီး အပြီးပိုင်ထွက်ခွါသွားပါပြီ။

သားငယ်လေးမှာ အမေရှိပါသေးတယ် အမေရှိပေမယ့်လည်း အမေဖြစ်သူကလည်း ဒီရောဂါနဲ့ပါပဲ။သားငယ်လေးရဲ့ အဖေနဲ့ အမေက တကယ်တော့ ကွဲနေကြတာပါ…

သားငယ်လေးရဲ့ အဖေဆုံးသွားကြောင်းကို အမေဖြစ်သူကိုယ်တိုင် ကျောင်းကိုလာရောက်ပြောကြားခဲ့တာပါ။

အမေဖြစ်သူ ကျောင်းရောက်လာတော့ သားနဲ့အမေဖြစ်သူရဲ့ ခဏတာတွေ့ဆုံခန်းလေးက ခုထိဦးဇင်းရဲ့ မျက်လုံထဲ ထင်ကျန်နေဆဲပါပဲ

။ကျောင်းခြံထဲကို လူတစ်ယောက်ဝင်လာရင် ကျောင်းအတွင်းထဲကနေ ကျောင်းခြံဝကိုလှမ်းကြည့် ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမမြင်ရပါဘူး …။

အဲ့ဒီနေ့က နေ့လယ် ၂နာရီဝန်းကျင်လောက်ဖြစ်မယ် ဦးဇင်းလည်း အမည်မရှိတဲ့ အရာတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်။

သားငယ်က ဦးဇင်းနားမှာ အရုပ်တွေနဲ့ဆော့ကစားနေ တာပေါ့ကျောင်းဝန်းထဲကို လူတစ်ယောက်ဝင်လာတာကို ဦးဇင်းမြင်တယ်။

ဦးဇင်းသိတာက လူတစ်ယောက်ဆိုတာ လောက်ပဲမြင်တာ ယောကျာ်းလား မိန်းမလာဆိုတာတောင် ဦးဇင်းမသဲကွဲဘူး။

ဒါပေမယ့်….အနားမှာဆော့နေတဲ့ သားငယ်က လှမ်းကြည့်ပြီး ပါးစပ်ကလည်း မေမေလို့ခေါ်ပြီး ကျောင်းထဲဝင်လာတဲ့လူဆီ ကိုပြေးသွားတယ် ဦးဇင်းအံ့သြသွားတယ်။

ဦးဇင်းသေချာကြည်တာတောင် ယောကျာ်း မိန်းမမကွဲဘူး သားငယ်က သူရဲ့အမေဆိုတာ သေချာသိနေတယ်

။ဪ…..သားနဲ့အမိရဲ့ မေတ္တာတရားက ဘယ်လိုပင် ဝေးကွာနေပေမယ့် အရိပ်တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်။

အနံံ့တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ် အသံတစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်။မေတ္တာတရားရဲ့ စွမ်းအားက အံ့ဖွယ်ရှိပေစွ သားအမိနှစ်ယောက် ပွေ့ဖက်ငိုယိုပြီး ကျောင်းထဲဝင်လာကြတယ်။

သားလည်းငို အမေလည်းငိုပေါ့ ဦးဇင်းလည်း ဘာမှမပြောပဲ နားလည်စွာပဲ သားအမိနှစ်ယောက်ကိုကြည့်နေလိုက်တယ်။

အတန်ကြာသည်အထိ တင်းကြပ်စွာ ပွေ့ဖက်ငိုနေလိုက်ကြတာ ငိုလို့အားရမှ ဦးဇင်းကို သတိရဟန်တူပါရဲ့ ဦးဇင်းထံမျက်နှာမူလာပြီး တပည့်တော်က သားလေးရဲ့အမေပါဘုရား သူအဖေနဲ့တပည့်တော်က ကွဲနေတာပါဘုရား သားလေးကို ဆရာတော်ဆီ သူအဖေပို့လိုက်တယ်ဆိုတာ ကြားပါတယ်။

ခုတပည့်တော်ဒီကိုလာတာ သားလေးကို တွေ့ချင်တာရော နောက်တစ်ခုက သူအဖေဆုံးသွားပြီဘုရား အဲဒါကိုလာပြီး အသိပေးတာပါဘုရားတဲ့။

တပည့်တော် သားကိုခေါ်ဘို့လာတာမဟုတ်ပါဘူးဘုရား တပည့်တော်လည်း သိပ်မနေရတော့ဘူးဘုရားတဲ့ ပြောလည်းပြော ငိုလည်းငိုဆရာတော်ကိုလည်း တပည့်တော် နောက်ဘဝပေါင်း များစွာအထိ ကျေးဇူးတင်နေမှာပါဘုရားတဲ့

သားလေးကိုလည်း လိမ်လိမ်မာမာနေဘို့ တဖွဖွမှာ ဆရာတော်စကားကိုလည်း နားထောင်နော်သားဆိုပြီ မှာနေတဲ့ အမေရဲ့မေတ္တာ ဘယ်အရာနဲ့ ဖော်ကြူးရမှန်း တောင်မသိလောက်အောင်ပါပဲ။ခဏနေတော့ အိတ်ထဲကနေ သားငယ်လေးကို ဖိနပ်လေးတစ်ရံထုတ်ပြီးပေးတယ်

တပည့်တော်သားက ဖိနပ်မမြဲဘူးဘုရား ခဏခဏပျောက်တယ်။(ဟုတ်ပါတယ် သားငယ်ကို ကျောင်းရောက်တဲ့ နေ့ကစပြီး တစ်နေ့ တစ်ရံနီးပါ ဖိနပ်ထုတ်ပေးရပါတယ်

ဖိနပ်မပျောက်ဖို့လည်း ခဏခဏမှာရတယ်) သားဖြစ်သူကို အမေဖြစ်သူက ဖိနပ်ကလေးထုတ်ပေးပြီး သားငယ်ကိုစိတ်မချစွာ မှာရှာတယ်။

ကျန်းမာရေးဂရုစိုက်ဖို့ ဖိနပ်စီးဘို့ နောက်ဆို ဘိနပ်မပျောက်ဘို့ တဖွဖွမှာရင်း ညနေ၄နာရီလောက် သားငယ်လေးကို နုတ်ဆက်ပြီးကျောင်းကနေပြန်သွားတယ်။

နောက်နေ့မနက်ကြတော့ ကျောင်းဆရာတစ်ယောက်က ဦးဇင်းကို လာပြောတယ် ဦးဇင်းတဲ့ ကောင်းဆက်မျိုးဆက်က ဘာဖြစ်တာလည်းမသိဘူးတဲ့။ညအိပ်ရင် သူဖိနပ်ကလေးကို ဖက်ဖက်ပြီအိပ်တာတဲ့ ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတယ်။

ထူးခြားစွာပဲ ဦးဇင်းကိုလည်း လာပြောတယ်။ဖေကြီးဖေကြီးတဲ့ ဖိနပ်ကလေးကို ကိုင်ပြီးလာပြတယ် သားဖိနပ်မပျောက်တော့ဘူးနော်တဲ့။

ရင်ထဲကခံစားချက်ကို သူ့ခင်မျာ မပြောတတ်ရှာပေမယ့် ဒီဘိနပ်ကလေးဟာ အမေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေပစ္စည်းလေးပါလားဆိုတဲ့အသိနဲ့ သားငယ်လေး တစ်ယုတယရှိနေတာဖြစ်မယ်။အေးချမ်းပါစေသားငယ်လေးရယ်။။။။

Credit:အရှင်ဇနာနန္ဒYGW ရန်ကုန်မန္တလေးအမြန်လမ်းသစ်ဘေး၈၉မိုင်၅ဖာလုံ(YGW ပရဟိတမိဘမဲ့ကျောင်း)ဖုန်း 09780000085