ကပ်ရောဂါ စစ်‌ဆေးခြင်း ပိုးရှိ အတည်ပြုလူနာ စုစုပေါင်း သတင်းထုတ်ပြန်ချက်
0
738
ဧပြီ (၁၅) AlinnMyay(အလင်းမြေ)
ကပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီသတင်းထုတ်ပြန်ချက်
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် ကပ်ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် ကပ်ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။
၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-063)၏ သတင်းကို (၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ရာ (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ကပ်ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၇၄) ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။
၄။ အဆိုပါ ကပ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန #AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ
Credit to AlinnMyay
ကပ်ရောဂါ စစ်‌ဆေးခြင်း သတင်းထုတ်ပြန်ချက် ပိုးရှိ အတည်ပြုလူနာ စုစုပေါင်း (၇၄) ဦးအထိဖြစ်လာ
Credit to AlinnMyay