ဇနီးရဲ့ထိန်းချုပ်မှုအောက်မှာနေရတဲ့ ခင်ပွန်းတွေဟာ ပိုအောင်မြင်သတဲ့

0
1013

“Happy Wife, Happy Life” ဆိုတဲ့ဆောင်ပုဒ်တစ်ခုရှိပါတယ်။ ပျော်ရွှင်တဲ့ဇနီးသည်ကို ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းရဲ့ဘဝဟာ သာယာလှပနေတာပဲတဲ့လေ။

Bright Side မှ ဆောင်းပါးတစ်ပုဒ်အရ ဇနီးသည်ရဲ့ထိန်းချုပ်မှုအောက် အလုံးစုံရောက်နေတဲ့ ခင်ပွန်းဟာဆိုရင် ကျန်းမာရေးရော၊ စီးပွားရေးမှာပါမကျန် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်ရနေသတဲ့။

ဆိုလိုတာ ဇနီးရဲ့စကားကို နားထောင်ပြီး အလိုလိုက်ပေးရုံနဲ့တင် ဘဝမှာ စစ်မှန်တဲ့ပျော်ရွှင်မှုတွေ ဖြစ်လာနိုင်ပါတယ်လို့ စစ်တမ်းကောက်လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

Michigan State University မှ လေ့လာချက်တစ်ခုအရ အားလုံးနီးပါးသော အမျိုးသားတို့အနေနဲ့ အိမ်ထောင်ရေးသာယာမှု မရှိနေဘူးဆိုရင် ဆီးချိုဖြစ်နိုင်ချေဟာ သာမန်အမျိုးစားတွေထက် ပိုများလို့နေပါတယ်တဲ့။

သိပ္ပံနည်းအရ စဉ်းစားကြည့်မယ်ဆိုရင်တော့ ဇနီးရဲ့စကားကို နားထောင်တဲ့ခင်ပွန်းဆိုရင် မိန်းမဆိုတဲ့အမျိုးက မီးဖိုချောင်ရဲ့သမ္မတကြီးဆိုတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုချက်ပြုတ်ကျွေးရမယ်၊ ဖြည့်စွက်စာတွေ၊ အားဆေးတွေကို ခင်ပွန်းအတွက် စနစ်ကနေ့စဉ်မပြတ်ကျွေးမွေးတာမျိုးတွေကြောင့်ပါပဲ။ ဒါကတော့ ကျန်းမာရေးပေါ့။

နောက် အမျိုးသားတွေထက် အမျိုးသမီးတွေဟာ လူအကဲအခတ်ပိုတော်တယ်မဟုတ်လား။

ဒါကြောင့် ခင်ပွန်းတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကစလို့ အလုပ်ကိစ္စအဆုံး ဘယ်သူကတော့ ရှင့်အတွက် အကျိုးရုတ်စေမယ် ၊ဘယ်လိုလုပ်သင့်တယ်၊ စတဲ့ သတိပေးစကားတွေဆိုတတ်တဲ့အခါမျိုးမှာလည်း ခင်ပွန်းသည်တို့အတွက် ပေါင်းသင်းဆက်ဆံရေးနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွေမှာ အကျိုးတွေအများကြီး ရတတ်ပါတယ်။

ဒီအပြင် ခင်ပွန်းရဲ့ဝင်ငွေတွေကို ဇနီးသည်တွေ ချုပ်ကိုင်တာကို အမျိုးသားတွေက ကြည်ကြည်ဖြူဖြူလက်ခံတဲ့အခါမျိုးမှာလည်း ပိုင်ဆိုင်မှုပိုင်းဆိုင်ရာမှာ ပိုကြွယ်ဝလာနိုင်ပါတယ်တဲ့လေ။

အရာရာကို ဝင်ပါပြီး တဗျစ်တောက်တော်နဲ့ပြောနေမယ်၊ ခင်ပွန်းကလည်း ဇနီးသည်ရဲ့ထိန်းချုပ်မှုအောက်မှာ ပျော်ပျော်လေးနေနေတဲ့ ခင်ပွန်းတွေဆိုရင် ကျန်းမာရေးရော၊ စီးပွားရေးရော၊ လူမှုဆက်ဆံရေးမှာပါ အခြေအနေတစ်ခုအထိ အောင်မြင်တတ်ကြပါတယ်တဲ့လေ။

Penny

ဇနီးရဲ့ထိန္းခ်ဳပ္မႈေအာက္မွာေနရတဲ့ ခင္ပြန္းေတြဟာ ပိုေအာင္ျမင္သတဲ့

“Happy Wife, Happy Life” ဆိုတဲ့ေဆာင္ပုဒ္တစ္ခုရွိပါတယ္။ ေပ်ာ္ရႊင္တဲ့ဇနီးသည္ကို ပိုင္ဆိုင္ထားတဲ့ ခင္ပြန္းရဲ့ဘဝဟာ သာယာလွပေနတာပဲတဲ့ေလ။

Bright Side မွ ေဆာင္းပါးတစ္ပုဒ္အရ ဇနီးသည္ရဲ့ထိန္းခ်ဳပ္မႈေအာက္ အလုံးစုံေရာက္ေနတဲ့ ခင္ပြန္းဟာဆိုရင္ က်န္းမာေရးေရာ၊ စီးပြားေရးမွာပါမက်န္ ေအာင္ျမင္တဲ့အေနအထားတစ္ခုကို ပိုင္ဆိုင္ရေနသတဲ့။

ဆိုလိုတာ ဇနီးရဲ့စကားကို နားေထာင္ၿပီး အလိုလိုက္ေပး႐ုံနဲ႔တင္ ဘဝမွာ စစ္မွန္တဲ့ေပ်ာ္ရႊင္မႈေတြ ျဖစ္လာနိုင္ပါတယ္လို႔ စစ္တမ္းေကာက္ေလ့လာမႈတစ္ခုမွာ ေတြ႕ခဲ့ရပါတယ္။

Michigan State University မွ ေလ့လာခ်က္တစ္ခုအရ အားလုံးနီးပါးေသာ အမ်ိဳးသားတို႔အေနနဲ႔ အိမ္ေထာင္ေရးသာယာမႈ မရွိေနဘူးဆိုရင္ ဆီးခ်ိဳျဖစ္နိုင္ေခ်ဟာ သာမန္အမ်ိဳးစားေတြထက္ ပိုမ်ားလို႔ေနပါတယ္တဲ့။

သိပၸံနည္းအရ စဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ ဇနီးရဲ့စကားကို နားေထာင္တဲ့ခင္ပြန္းဆိုရင္ မိန္းမဆိုတဲ့အမ်ိဳးက မီးဖိုေခ်ာင္ရဲ့သမၼတႀကီးဆိုေတာ့ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ ဘယ္လိုခ်က္ျပဳတ္ေကၽြးရမယ္၊ ျဖည့္စြက္စာေတြ၊ အားေဆးေတြကို ခင္ပြန္းအတြက္ စနစ္ကေန႔စဥ္မျပတ္ေကၽြးေမြးတာမ်ိဳးေတြေၾကာင့္ပါပဲ။ ဒါကေတာ့ က်န္းမာေရးေပါ့။

ေနာက္ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြဟာ လူအကဲအခတ္ပိုေတာ္တယ္မဟုတ္လား။

ဒါေၾကာင့္ ခင္ပြန္းေတြရဲ့ ေပါင္းသင္းဆက္ဆံေရးကစလို႔ အလုပ္ကိစၥအဆုံး ဘယ္သူကေတာ့ ရွင့္အတြက္ အက်ိဳး႐ုတ္ေစမယ္ ၊ဘယ္လိုလုပ္သင့္တယ္၊ စတဲ့ သတိေပးစကားေတြဆိုတတ္တဲ့အခါမ်ိဳးမွာလည္း ခင္ပြန္းသည္တို႔အတြက္ ေပါင္းသင္းဆက္ဆံေရးနဲ႔ စီမံခန႔္ခြဲမႈပိုင္းဆိုင္ရာေတြမွာ အက်ိဳးေတြအမ်ားႀကီး ရတတ္ပါတယ္။

ဒီအျပင္ ခင္ပြန္းရဲ့ဝင္ေငြေတြကို ဇနီးသည္ေတြ ခ်ဳပ္ကိုင္တာကို အမ်ိဳးသားေတြက ၾကည္ၾကည္ျဖဴျဖဴလက္ခံတဲ့အခါမ်ိဳးမွာလည္း ပိုင္ဆိုင္မႈပိုင္းဆိုင္ရာမွာ ပိုႂကြယ္ဝလာနိုင္ပါတယ္တဲ့ေလ။

အရာရာကို ဝင္ပါၿပီး တဗ်စ္ေတာက္ေတာ္နဲ႔ေျပာေနမယ္၊ ခင္ပြန္းကလည္း ဇနီးသည္ရဲ့ထိန္းခ်ဳပ္မႈေအာက္မွာ ေပ်ာ္ေပ်ာ္ေလးေနေနတဲ့ ခင္ပြန္းေတြဆိုရင္ က်န္းမာေရးေရာ၊ စီးပြားေရးေရာ၊ လူမႈဆက္ဆံေရးမွာပါ အေျခအေနတစ္ခုအထိ ေအာင္ျမင္တတ္ၾကပါတယ္တဲ့ေလ။

Penny