ဧပြီနဲ့မေလတွင် မိုးကြိုးကြောင့် လူ၂၅ဦးသေဆုံးပြီး မိုးခြိမ်းစဉ် ဖုန်းမသုံးရန် သတိပေး

0
353

ဧပြီနဲ့မေလထဲတွင် မြန်မာပြည်မှာ မိုးကြိုးကြောင့် လူ (၂၅) ဦးသေဆုံး….

မိုးခြိမ်းစဉ် ဖုန်းမသုံးရန် အစိုးရ သတိပေး…

မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့မေလထဲ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် (၁၀)ခုမှာ မိုးကြိုးကြောင့် လူ (၂၅) ယောက်သေဆုံးခဲ့ပြီး (၉) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါကြောင့် လျှပ်စီးလက်၊ မိုးခြိမ်းတာတွေဖြစ်နေတဲ့အချိန် ဖုန်း၊ တီဗွီ၊ ရေဒီယိုတွေ အသုံးမပြုကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒီနေ့ဇွန်လ (၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီချိန်တွေမှာ ဖုန်း၊ တီဗွီ၊ ရေဒီယိုတွေအပြင် လျှပ်စစ်ထမင်းအိုး၊ မီးပူ၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုကြဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါအပြင် သစ်ပင်၊ ဓါတ်တိုင်၊ သံ၊ သတ္ထုပစ္စည်းတွေနားမှာ မနေကြဖို့နဲ့ အိမ်ပြင်ဘက်မှာ လူစုလူဝေးမနေကြဖို့လည်း သတိပေးထားပါတယ်။

“မြန်မာပြည်နှင့် မိုးကြိုးအန္တရာယ်”

မြန်မာပြည်တွင် မိုးဦးကာလနှင့် မိုးနှောင်းကာလတွင် မိုးကြိုးပစ်သည့်အန္တရာယ်ရှိသည်။ မိုးကြို၊ မိုးဦး၊ မိုးကြိုးအန္တရာယ်က ပိုကြီး သည်။ မမြင်မတွေ့၊ မရှောင်ရှားနိုင်ဘဲ အသက်ဆုံးရလေ့ရှိသည်။

မိုးကြိုးပစ်သည်ဆိုသည်မှာ သကြားမင်း ကဝရစိန်လက်နက်ဖြင့် ပစ်ခြင်း မဟုတ်။ မိုးကြိုးသွားလည်း မရှိ။

မိုးကောင်း ကင်တိမ်တိုက်များမှ လျှပ်စစ်ဓာတ်က မြေပြင်သို့ စီးဝင် ခြင်းဖြစ်ပါသည်။ တနည်း အားဖြင့် လူတို့ သုံးစွဲနေသည့် လျှပ်စစ် ဓာတ်ထက် အဆများစွာပြင်းသော လျှပ်စစ် ဓာတ်စီးဆင်းခြင်းဖြစ် သည်။

တည့်တည့် ထိလျှင် မီးလောင်ကျွမ်းနိုင်သည်။ လူကို ထိပါကလည်း မီးသွေးတုံးပမာဖြစ်သွားနိုင် ပါသည်။

မိုးကြိုးသည်မြင့် သော နေရာကိုပစ် တတ်သည်။ ထို့ကြောင့်လျှပ်စီးလက်မိုး ခြိမ်းလျှင် သစ်ပင်အမြင့်များအောက်တွင် နေထိုင်ခြင်း၊ မိုးခိုခြင်း မပြုရန် လိုသည်။ အထူးသဖြင့် ကွင်းထဲတွင် ထီးထီးမားမား ရှိနေသော သစ်ပင်ကြီးများအောက်တွင် လုံးဝမနေသင့်ပေ။

လယ်ထဲရှိ တဲကုန်း များ၊ အိမ်များတွင် ရှိနေလျှင်လည်း လူစုစုဖြင့် မနေဘဲ၊ လူစုခွဲနေကြရပါမည်။ မိုးကြိုးပစ် နေစဉ်လယ်ထဲတွင် ရှိနေပါက လှုပ်ရှား သွား လာမနေဘဲ ကန်သင်းဘေး၊ တာဘေး ရေလွတ်သည့်နေရာတွင် ဒူးတုတ်ထိုင်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်ယှက်တင်၍ ခန္ဓာ ကိုယ်ကို ကွေးညွှတ်ပြီး လုံးဝန်းသော ပုံသဏ္ဌာန်ဖြင့် နေရမည်ဟု ဆိုပါသည်။

မြေပြင်ပေါ်တွင် ပြားပြားမှောက်ဝပ်မနေရ။ ထိုသို့ မှောက်နေပါက ခန္ဓာကိုယ်သည် ပို၍ ကြီးမားသော မိုးကြိုးပစ်မှတ်ဖြစ်သွားနိုင်ပါသည်။ မိမိနေထိုင်ရာအောက်တွင် ရေရှိ မနေဖို့လည်း လိုသည်။

ရေရှိနေလျှင် ပတ် ဝန်းကျင်ကို မိုးကြိုးပစ်ပါက ရေမှတစ်ဆင့် လျှပ် စစ်ဓာတ် လိုက်နိုင်ပါသည်။ လျှပ်စီးလက်နေပါက မိမိ၏ လက်ထဲ တွင် သံထည်ပစ္စည်းများဖြစ်သော ပေါက် တူး၊ ဓား၊ တူရွင်းတို့ ကိုင် မထားရပါ။

အထူး သဖြင့် ပေါက်တူးထမ်း၊ ဓားထမ်းပြီး ကန် သင်းပေါ်၊ တာပေါ်တွင် လမ်းလျှောက်သွားလာနေခြင်းကို လုံးဝမလုပ် သင့်ပါ။ မိုးကြိုး ပစ်မှတ်ဖြစ်သွားနိုင်ပါသည်။

ထိုနည်းတူ လျှစ်စစ်ပစ္စည်းများကို လည်း လုံးဝအသုံးမပြုဘဲ ပိတ်ထားရပါ မည်။ ရေဒီယိုဖွင့်ထားခြင်း၊ တီဗွီဖွင့်ထား ခြင်း၊ တယ်လီဖုန်း အသုံးပြုခြင်းတို့ကို လုံးဝမလုပ်သင့်ပါ။

မိုးကြိုးအန္တရာယ် အလွန် ကြီးမားပါသည်။ ၎င်းင်းပစ္စည်းတို့ကို ပိတ် ထားကြရပါမည်။ ရေကန်၊ မြစ်၊ ချောင်းထဲတွင် ရှိနေလျှင်လည်း ရေထဲမှ ချက်ခြင်း တက်ပြီး လုံခြုံသည့် အခိုအကာအောက် တွင် နေရပါမည်။ အိမ်ပြင်တွင် ရှိနေ ပါက အိမ်ထဲသို့ ချက်ချင်းဝင်နေရပါမည်။

ရေထဲတွင် ရှိနေပါက ရေပြင်ကို မိုးကြိုးပစ်လျှင် ရေမှတစ်ဆင့် လျှပ်စစ်ဓာတ်လိုက်နိုင်ပါ သည်။ မြစ်ထဲတွင် လှေ၊ မော်တော်တို့ဖြင့် ရှိနေလျှင်လည်း ကမ်းသို့ကပ်နေရပါမည်။

အထူးသဖြင့် လျှပ်စီးလက်ခြင်း၊ မိုး ခြိမ်းခြင်းများ ဖြစ်ပေါ်နေစဉ် သင်၏ ဆံပင် မွေးညှင်းများ ထောင်လာခြင်း၊ ကြက်သီး ထလာခြင်းတို့ကို စတင်ခံစားရပါက မိုး ကြိုးပစ်တော့မည့် လက္ခဏာဖြစ်သည်ဟု ဆိုပါသည်။

ထိုသို့ဖြစ်ပွားပါက ဒူးတုတ် ထိုင်ချလိုက်ပြီး၊ သင့်လက်နှစ်ဖက်ကို ဒူး ပေါ်သို့ ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွတ် ထားပါ။ လုံးဝန်းသော ပုံသဏ္ဌာန်ဖြင့်နေပါ။

မြေပင်ပေါ်တွင် ပြားပြားမှောက်မနေ ပါနှင့်။ ထိုသို့ မှောက်နေပါက သင့်ခန္ဓာ ကိုယ်သည် ပို၍ကြီး မားသော မိုးကြိုးပစ် မှတ်ဖြစ်သွားနိုင်ပါသည်” ဟု ပညာရှင်တို့ က ဆိုပါသည်။

အထူးသဖြင့် မိုးကြို၊ မိုးဦးကာလ များတွင် ကြုံတွေ့ရသည့် မိုးကြိုးအန္တရာယ်က လူ၏ အသက်ကို သေစေနိုင်သည်အထိ အန္တရာယ်ကြီးပါသည်။

မိုးကြိုးအန္တရာယ်မှ အကာအကွယ် ပေးနိုင်သည့် ရှောင်ရန်၊ ဆောင်ရန် အချက် များကို အလေးထားမှတ်သားပြီး လက်တွေ့ကျင့်သုံး ခြင်းဖြင့်၊ မိုးကြိုးအန္တရာယ်မှ ကင်း ဝေးကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

Credit