ရာသီခွင်အလိုက် ဒီနှစ်ထဲမှာ တွေ့ကြုံရမယ့် ထူးထူးခြားခြား အပြောင်းအလဲများ

0
155

ရာသီခွင်အလိုက် ဒီနှစ်ထဲမှာ တွေ့ကြုံရမယ့် ထူးထူးခြားခြား အပြောင်းအလဲများ

ဘာလိုလိုနဲ့ နှစ်သစ်စလာတာ ခုဆိုရင် နှစ်တစ်ဝက်တောင် ရောက်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာ ဘယ်လိုအပြောင်းအလဲမျိုးတွေ ကြုံခဲ့ရပြီလဲ ထပ်ပြီးတော့ရော ကျန်ရှိနေသေးတဲ့ ဒီနှစ်မှာ ဘယ်လိုပြောင်းလဲခြင်းတွေ ကြုံရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်ရာသီခွင်အရ ဘာတွေပြောင်းလဲဖို့ရှိလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။

Aries (March 21 – April 19)

Aries တွေကတော့ ဒီနှစ်မှာ စွန့်စားမှုတွေအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်နော်။ သင်အရမ်းကို လုပ်ချင်ခဲ့တဲ့ စိတ်ကူးအိပ်မက်တွေ၊ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေနဲ့ သွားချင်တဲ့ ခရီးတွေ သင်လိုချင်တာ ဘာမဆိုလုပ်ဖို့ အကောင်းဆုံး နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဒီနှစ်က သင့်အတွက် အားအင်တွေနဲ့ နည်းလမ်းတွေ ရှိနေတဲ့အတွက် ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။

Taurus (April 20 – May 20)

Taurus ရာသီခွင်တွေအတွက် ဘဝက အစီအစဉ်တကျ ဖြစ်လို့နေပါတယ်။ ကိုယ်လုပ်ချင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို လုပ်ခွင့်ရပြီး ငြိမ်းချမ်းမှုကို ဆောင်ကြည်းလာတဲ့ နှစ်တစ်နှစ်ပါပဲ။ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံး ဆက်ဆံရေးတွေ တည်ဆောက်နိုင်ပြီး ကြိုးစားမှု၊ အချစ်နဲ့ အနစ်နာခံမှုတွေကို ခံစားခွင့်ရမယ့် နှစ်ပဲ ဖြစ်ပါတယ်။ ဒါတွေကို ပျော်ပျော်ကြီးခံစားကြည့်သင့်တဲ့အချိန်ပါပဲ။

Gemini (May 21 – June 20)

သင်လိုချင်တဲ့ ဆန္ဒကို ရအောင်ရှာဖွေပြီး ဆန္ဒတွေအကောင်အထည်ဖော်နိုင်မယ့် နှစ်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့အရာပဲဖြစ်ဖြစ် ရအောင်ယူနိုင်မယ့် အခွင့်အရေးတွေ ရှိလို့နေပါတယ်။ ကိုယ်လိုချင်တဲ့ ဘယ်အရာမျိုးကိုမဆို အားစိုက်စရာမလိုပဲ အလွယ်တကူ လက်ထဲပိုင်ဆိုင်ခွင့်ရမယ့် ထူးခြားတဲ့ နှစ်တစ်နှစ်ပါ။

Cancer (June 21 – July 22)

Cancer ရာသီခွင်တွေက ဘဝမှာ ထူးခြားတဲ့ လမ်းတွေကို လျှောက်ရမယ့် အချိန်ဖြစ်ပြီးတော့ ဘယ်တုန်းကမှ တွေးထင်မထားဘူးတဲ့ လမ်းကြောင်းတွေ ဖြစ်နေတတ်ပါတယ်။ သင့်ရဲ့ဦးစားပေးမှုတွေက ပိုအောင်မြင်လာပြီး အဆုံးသတ်မှာ ရလဒ်ကောင်းတစ်ခုကို ပေးမှာပဲ ဖြစ်ပါတယ်။

Leo (July 23 – August 22)

Leo တွေအတွက် အရေးကြီးတဲ့ ကာလတစ်ခုဖြစ်ပြီး သင်နဲ့ သင့်ဘဝလက်တွဲဖော်ဟာ ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကပဲ သင်တို့ဆက်ဆံရေးမှာ အနှောင့်အယှက် အနည်းငယ် ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

Virgo (August 23 – September 22)

Virgo ရာသီဖွားတွေအတွက် ဘာမှ ထူးထူးခြားခြားပြောင်းလဲခြင်း မရှိဘူးလို့ ဆိုရမှာပါ။ သင်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ယူဆောင်လာမှာဖြစ်ပြီး နောက်ဆုံးမှာ အရာရာဟာ ကြိုးစားပြီးမှ ရတတ်တယ်ဆိုတာကို နားလည်လက်ခံတတ်လာမှာ ဖြစ်ပါတယ်။ ဒါကပဲ ဘဝအတွက် ပျော်ရွှင်မှုကို ဖြစ်စေမှာပါ။

Libra (September 23 – October 22)

Libra တွေအတွက် ကိုယ်လုံးဝမတွေးထင်ထားဘူးတဲ့ အရေးကြီးတဲ့ အရာတစ်ခု လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဝါသနာ၊ စိတ်ဝင်စားတဲ့အရာ ဒါမှမဟုတ် စိတ်ဝင်စားတဲ့သူ တစ်ယောက်ယောက်ကို ဘဝရဲ့ အရေးကြီးတဲ့အပိုင်းအတွက် ငြင်းဆိုမှု ပြုရမှာ ဖြစ်ပါတယ်။

Scorpio (October 23 – November 21)

Scorpio ရာသီခွင်တွေကတော့ ပြသနာတိုင်းကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းအားတွေ ပြည့်နေပြီး အကောင်းဆုံး အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ ပြသနာပဲ အခက်အခဲပဲ ဖြစ်နေပါစေ ကျော်လွှားနိုင်ပြီး မဖြေရှင်းနိုင်ဘူးလို့ ထင်ထားတဲ့ အရာတွေကိုတောင် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သံသယမထားပဲ ဘယ်လိုကိစ္စမျိုးကိုမဆို အောင်မြင်စေမှာ ဖြစ်ပါတယ်။

Sagittarius (November 22 – December 21)

ကိုယ့်ရဲ့ relationship ကို ခက်ခက်ခဲခဲ ထိန်းသိမှုပြုရမယ့် အချိန်ပဲ ဖြစ်ပါတယ် အထူးသဖြင့် သတိထားရမှာက လက်ထပ်ပြီးသားစုံတွဲတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်လာရတဲ့ သူတွေပို သိတိထားရမှာပါ။ ဒါက တိုက်ပွဲတစ်ခုကို ဆင်နွှဲရမယ့် အချိန်ဖြစ်ပြီးတော့ ကိုယ်တိုင်ဖြေရရှင်းမှ ရမယ့် ပြသနာပဲ ဖြစ်ပါတယ်။ ဒါကြောင့်စိတ်ရှည်သည်းခံမှုတော့ ရှိဖို့လိုပါမယ်။

Capricorn (December 22 – January 19)

Capricorn တွေအတွက်ကတော့ အတိတ်နဲ့ လက်ရှိဆက်နွယ်နေမှုကနေ သင်ယူစရာတွေ ရမယ့် အချိန်ပါ။ ဒါတွေက မယုံနိုင်လောက်အောင် အရေးကြီးတဲ့ သင်ခန်းစာတွေဖြစ်ပြီးတော့ ဒါက သင့်ရဲ့ အနာဂတ်ဘဝကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ခုအချိန်မှာ မပြည့်စုံဘူးလို့ခံစားနေရတဲ့ အရာတွေရဲ့ ဖြေရှင်းချက်တွေကိုလည်း သိလာရမှာ ဖြစ်ပါတယ်။

Aquarius (January 20 – February 18)

Aquarius တွေဟာ ခုအချိန်မှာ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် အာရုံစိုက်အလေးထားရမယ့် အချိန်ဖြစ်ပါတယ်။ ဘယ်တုန်းကမှ အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရမှာဖြစ်ပြီး ဖြစ်ချင်တဲ့ အိပ်မက်သေးသေးလေးတွေကအစ လက်တွေ့ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Pisces (February 19 – March 20)

နောက်ကျနေပေမယ့် သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရမှာဖြစ်ပြီး လူတွေရဲ့ အမြင်မှာ ထက်မြက်လွန်းတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။ တစ်စုံတစ်ခု ခံစားရတဲ့အတွက် သင်ရောက်ချင်တဲ့ ပန်းတိုင်ကို လက်လျော့လိုက်ရမှာပေမယ့် တစ်ခြားသော အခွင့်အရေးတွေကြောင့် ပိုမြင့်မားတဲ့ နေရာတစ်ခုကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်ခရက်ဒစ် Khin