မချစ်သင့်တော့တဲ့ တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲ

0
88

မချစ်သင့်တော့တဲ့ တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲ

လူတိုင်းရဲ့ဘဝမှာ မချစ်သင့်တဲ့လူတစ်ယောက်ကို ချစ်မိခဲ့တဲဲ့ အခိုက်အတန့််တွေ ရှိဖူးကြပါတယ်။ ဒီလို မချစ်သင့်တဲ့လူကို ချစ်မိတဲဲ့အတွက် နောင်တတွေလည််း ရဖူးကြမှာပါ။ ဒါပေမယ့် အချစ်က ကိုယ်လိုသလို ပုံသွင်းယူလို့မရတတ်ပါဘူး။ ဒီတော့ မချစ်သင့်မှန်းသိရင်တောင် တစ်စုံတစ်ယောက််ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့ အချိန်ဆိုတာ ရှိတတ်ပါတယ်။ ဒီလို တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

လွမ်းမိတာ အပြစ်မဟုတ်လို့ ဖုံးကွယ်ထားစရာ မလိုပါဘူး”

ခံစားတတ်တဲ့ လူတိုင်းဆီမှာ အချစ်၊ အမုန်း၊ အလွမ်းတွေဆိုတာ ရှိတတ်ပါတယ်။ ဒါဟာ ဘယ်သူမှ လွန်ဆန်လို့မရတဲ့ အရာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မချစ်သင့်တဲဲ့ လူကို လွမ်းနေမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အလွမ်းကို အလွမ်းအတိုင်းလက်ခံလိုက်ပါ။ ဘယ်သူကိုမှ မထိခိုက်ပဲ တစ်စုံတစ်ယောက်ကို လွမ်းပိုင်ခွင့် သင့်မှာအပြည့်အဝ ရှိလို့နေပါတယ်။

မေ့နိုင်ဖို့ကို ဖြည်းဖြည်းချင်းကြိုးစားပါ”

အချစ်ပဲ ဖြစ်ဖြစ် အလွမ်းပဲ ဖြစ်ဖြစ် အချိန််ကအဓိကပါပဲ။ အချိန််ဆိုတာ လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင််စွမ်းရှိတဲ့ မှော်ဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် အချိန််ကို စောင့်လိုက်ပါ လူတစ်ယောက်ကို မေ့နိုင််ဖို့ဆိုတာ အချိန််တစ်ခုတော့ လိုပါတယ်။ အတင်းမေ့နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့ ဒါက သင့်ဝေဒနာကို ပိုဆိုးဝါးစေနိုင်ပါတယ်။ ချင်ချင်းကြီးမေ့ပစ််တာထက် ဖြည်းဖြည်းချင်း မေ့နိုင်အောင်ပဲ ကြိုးစားပါ။

အတွေးဆိုးတွေ မဝင်လာစေဖို့ ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ”

လူတွေဟာ တစ်ယောက်တည်း ရှိနေတဲ့အချိန်မျိုးမှာဆို အတွေးတွေပိုများပြီး အတွေးဆိုးတွေလည်း ဝင်လာတတ်ပါတယ်။ တစ်ယောက်ယောက်ကို သတိရတဲ့အခါ ကိုယ့်စိတ်လိုလက်ရ သူ့ဆီဆက်သွယ်မိလိုက်တာ၊ မက်ဆေချ့်ပို့မိတာ စသဖြင့် မလုပ်သင့်တာတွေလည်း လျှောက်လုပ်မိတတ်ပြီး နောက်မှာ ပြန်နောင််တရတတ််ပါတယ်။ ဒီလိုမျိုးတွေ မဖြစ််လာစေဖို့ အတွေးဆိုးတွေ မဝင်အောင် ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ။ ဥပမာ- ကိုယ်က gym ဆော့မယ်လို့ စဉ်းစားထားရင် သွားဆော့လိုက်ပါ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့တာ၊ လျှောက််လည်တာ၊ ဝါသနာပါရာ တစ်ခုခုလုပ်တာ စသဖြင့််ပေါ့ လုပ်စရာတွေမှ အများကြီးပဲလေ။

အားလပ်ချိန်မရှိအောင် အလုပ်တွေကြိုးစားလုပ်ပါ”

လူတစ်ယောက် အသည်းကွဲတဲ့အချိန်ဆို စိတ်ညစ်ညစ်နဲ့ ဘာမှမလုပ်တာထက် အလုပ်တွေပိုကြိုးစားစေချင်ပါတယ်။ ဘာကြောင့််လဲဆိုတော့ တစ်နေ့လုံး အလုပ်တွေနဲ့ ရှုပ်နေတဲ့အချိန်မှာ သူ့ကိုသတိရချိန်တောင် ရမှာမဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်အတွက်လည်း ပိုတိုးတက်မှုကို ရရှိစေပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့အချိန်မှာ အလုပ်တွေဖိလုပ်ပါ။ ရုံးမှာ ရှိသမျှအလုပ်ကြွေးတွေကို အပြတ်ဖြတ်တာ၊ တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်တာ စသဖြင့်် လုပ်တာက သင့်ကို ခံစားရ သက်သာစေမှာ ဖြစ်ပါတယ််။ ဒီနည်းလမ်းလေးတွေက သင့်ရဲ့ မချစ်သင့်တော့တဲ့ လူတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့အခါ အကူအညီဖြစ်စေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်နော်။

Khin