လမ်းဆုံးနေသောဆီးချိုရောဂါအတွက်

0
175

တန်ဖိုးကြီး အင်္ဂလိပ်ဆေးတွေ ဝယ်ပြီး အမြဲမမှီဝဲနိုင်သူတွေ အတွက်ပါ။ ခရေပင်က ခရေရွက် လက်တစ်ဆုပ်ပြုပ် ။ နံနက်စာစားပြီး ရေနွေးကြမ်း တစ်ခွက်စာ ။ ညနေစာစားပြီး တစ်ခွက်သောက်ရင် ဆီးချိုကို ထိန်းနိုင်တယ် ပြောပါတယ်။

ကုသိုလ်တော်ဘုရားဝင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ အဘတစ်ဦးမှ ာခြေမခလုတ်တိုက်မိရာက အနာမကျက်နိုင်ပဲ ခြေတရွတ်ဆွဲ သွားနေတာ။ ဘုရားလာနေကျ ဆရာဝန်ကြီးတစ်ဦးက ဆေးခန်းခေါ်စစ်ဆေးပေးရာ ဆီးချိုအဆင့်၁၂အထိ တက်နေတယ် ပြောပါတယ်။

ဆီးချိုဆေးတွေ ပေးလို့ အနာလည်း သက်သာသွားပါတယ် ။ ဒါပေမဲ့ ကံဆိုးတာက သူ့ကိုကုပေးတဲ့ ဆရာဝန်ကြီးက မလာတော့ပါဘူ း။ သားသမီးတွေခေါ်လို့ နိုင်ငံခြားမှာနေဖို့ ထွက်သွားပြီလို့ ကြားသိရပါတယ်တဲ့။

ဒီနောက်ပိုင်းမှာတော့ ဘုရားလာသူတွေ သဒ္ဓာကြေးပေးတဲ့ ပိုက်ဆံနဲ့ ဆီးချိုကျဆေးကို ဆရာဝန်ကြီးပေးနေကျ အတိုင်းဝယ်သောက်ပေမဲ့ နောက်ပိုင်းမှ ာမှန်မှန်ဝယ် မသောက်နိုင်ခဲ့ဘူ း။ အနာဟောင်းတစ်ခုက ပြန်ထပြီး ရောင်ကိုင်းလာပါတယ်။

ဒါပေမဲ့ တလောက လက်တွေ့ဆီးချိုပျောက်တဲ့ ဘုန်းတော်ကြီး တစ်ပါးက မိန့်လို့ဘုရားထဲက ခရေပင်ကြီးက အရွက်ကို နေ့စဉ်လက်တစ်ဆုပ်ခူးပြီး ပြုပ်သောက်ရာက

ဆီးချိုအနာများ ကျက်ပြီး လူလည်း နေကောင်းကျန်းမာ။ခြေထောက်ထုံကျင်လို့ တရားမထိုင်နိုင်တာလည်း ပြန်ထိုင်နိင်လာတယ် လို့ ပြောပါတယ်။ ဆီးချိုသမားများဟာ ထုံကျင်ရောဂါနဲ့ အခန့်မသင့်ရင် လေငန်းလေဖြတ် ပါဖြစ်နိုင်ပါတယ် ။

ဆီးချိုရောဂါက ဆေးမီးတိုကောင်းတာ နဲ့တွေ့ရင် အမြစ်ပြတ်ပျောက်နိုင်ပေမဲ့ တစ်ယောက်တစ်မျိုး ဖြစ်နိုင်ပါတယ်။

သင်္ဘောသီးစိမ်း ရေနွေးနဲ့ ဆီးချိုမပျောက်တဲ့သူတွေ ကြောင်လျာသီးနဲ့ မပျောက်တဲ့သူတွေ ခွေးတောက်ရွက်နဲ့၊ကြက်ဟင်းခါးရွက်နဲ့ဆီးချိုမကျသူတွေ ခရေရွက်လက်တစ်ဆုပ် နည်းကို စမ်းကြည့်ကြပါ။

အချိန်ပေးဖတ်ရှုပေးတဲ့ ပရိတ ်သတ်များကို ကျေးဇူးအထူး တင်ရှိပါသည်။