သင်္ကြန်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

0
822

သင်္ကြန်သမိုင်း

ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအစကို သိထားဖို့လိုပါတယ်။

သင်္ကြန် မူလက သင်္ကြန်ပွဲတော်က ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါ။ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

သိကြားမင်း – ဗြဟ္မာမင်း

တခါက ဗရာမာလို့ ခေါ်တဲ့ ဗြဟ္မာမင်း အာစိဟာ ဒေဝနတ်အပေါင်းတို့ရဲ့ဘုရင် သကြားမင်းကို စစ်ရူံးခဲ့ပါတယ်။

ဒီအချိန်မှာ သိကြားမင်းက စစ်ရူံးခဲ့တဲ့ ဗြဟ္မာမင်းအာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနိူင်းမူကို စစ်ရှူံးတဲ့ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။

ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။

ဂနေဆာ

ဗြဟ္မာမင်းက အလွန်အင်မတန် တန်ခိုးကြီးတဲ့အတွက် ပြတ်သွားတဲ့ သူရဲ့ခေါင်းကို ပင်လယ်ထဲချရင် လယ်ရေတွေ ခမ်းခြောက်သွားနိုင်ပါတယ် ။

ပထဝီမြေကြီးပေါ် တင်မယ်ဆိုရင်လည်း မြေကြီးဟာ အပိုင်းပိုင်း ကွဲအက်ကြေမွသွားနိုင်ပါတယ်။

အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုရင်လည်း မိုးကောင်းကင်တစ်ခုလုံး မီးတောက် လောင်ကြွမ်း သွားနိုင်ပါတယ်။

ဒါကိုသိတဲ့ သိကြားမင်းက ဗြဟ္မာကြီးရဲ့ ဦးခေါင်းကို အဲ့ဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီ ကိုင်ထားရမယ်ဆိုပြီး မိန့်တော်မူပါတယ်။

တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျရင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော် ဆင်နွဲခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမူ လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှ နိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ် ကျင်းပခဲ့ပါတယ်။

ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ. လောနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက် ကျင်းပဆဲ ဖြစ်တာကို တွေ့ရပါတယ်။

ပုဂံခေတ် မြန်မာသင်္ကြန်အကြိုနေ့

သင်္ကြန်အကြိုနေ့နဲ့ ပတ်သက်ပြီး ပထမဦးဆုံးတွေ့ရှိချက်က ဥပေါသဓမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာ ပြုရာကစတယ်လို့ ဆိုပါတယ်. အဲ့ဒီ့အချိန်ကဘုရင်များက တစ်နှစ်မှာတစ်ခါ

ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။

မြန်မာမင်းများစွာကလည်း အဲဒီအချိန်ရောက်ရင် ယခု မော်လမြိုင်မှာရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။

အကျနေ့

ဒီနေ့မှာတော့ သိကြားမင်းက နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက်လာပါတယ် ဆင်းသက်လာတဲ့ အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖောက်ပါတယ်- အဲဒီအခါ လူတွေ

ဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကိုရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်

ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗာရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမည့်နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။

ဒီဟောကိန်းကတော့ သိကြားမင်း ဘာတိရစ္ဆာန်ကိုစီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။

ကလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့ လူတွေရဲ့အမည်စာရင်းကို သိကြားမင်းက ရွှေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့အမည်

ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်က ဟိန္ဒူဝါဒ ယုံကြည်မူ ထုံးတမ်းစဉ်လာ တစ်ရပ်က ဆင်းသက်လာခဲ့တာပါ –

ဒါပေမယ့် ရှေးပညာရှင် ကဝိများက ဒါကို ထေရဝါဒဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ ပြုပြင် ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့. ဘုရားကျောင်းကန်များမှာ ဥပုသ်

သီလ စောင့်ခြင်းဓလေ့. လူကြီးသူမတွေကို ခေါင်းလျော်ပေးခြင်း. ခြေသည်းလက်သည်းညှပ်ပေးခြင်း. သတ္တဝါတွေကို ဘေးမဲ့လွတ်ပေးခြင်းဓလေ့တွေနဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။

မြန်မာသင်္ကြန်က ယဉ်ကျေးမူများပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ – နိုင်ငံတကာရဲ့အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလည်းမမှားပါဘူး။

ဒီလို ထူးခြားမူတွေ အနှစ်သာရတွေနဲ့ ထုံမွှန်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရားပွားများနိုင်ကြပြီး လူလူချင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်ပေါင်း များစွာ ကင်းဝေးနိုင်ကြပါစေ။

ရန်သူမျိုး ငါးပါးရန်မှ ကင်းဝေးကြပါစေ. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလိို့ နှစ်သစ်မှာ ဆန္ဒ ပြုလိုက်ပါတယ်…။

ရွှေသတင်း

Credit to Original

သၾကၤန္ျဖစ္ေပၚလာပုံ သမိုင္းေၾကာင္း

သၾကၤန္သမိုင္း

ယခုလို ႏွစ္သစ္ကူးတဲ့ အခ်ိန္သမယမွာ ျမန္မာေတြအေနနဲ႔ ျမန္မာ႐ိုးရာသၾကၤန္ပြဲေတာ္ ျဖစ္ေပၚလာပုံ သမိုင္းေၾကာင္းအစကို သိထားဖို႔လိုပါတယ္။

သၾကၤန္ မူလက သၾကၤန္ပြဲေတာ္က ဗုဒၶဘာသာဝင္ေတြ က်င္းပခဲ့ျခင္း မရွိပါ။ ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဘာသာေရး ပြဲေတာ္တစ္ခုပဲ ျဖစ္ပါတယ္။

သိၾကားမင္း – ျဗဟၼာမင္း

တခါက ဗရာမာလို႔ ေခၚတဲ့ ျဗဟၼာမင္း အာစိဟာ ေဒဝနတ္အေပါင္းတို႔ရဲ႕ဘုရင္ သၾကားမင္းကို စစ္႐ူံးခဲ့ပါတယ္။

ဒီအခ်ိန္မွာ သိၾကားမင္းက စစ္႐ူံးခဲ့တဲ့ ျဗဟၼာမင္းအာစိရဲ႕ ဦးေခါင္းကို ျဖတ္ၿပီး ဆင္တစ္ေကာင္ရဲ႕ ဦးေခါင္းကို ျဗဟၼာမင္းရဲ႕ ခႏၶာကိုယ္မွာ ျပန္တပ္ေပးဖို႔ သိၾကားမင္းရဲ႕ ညႇိႏိူင္းမူကို စစ္ရႉံးတဲ့ျဗဟၼာမင္းက သေဘာတူခဲ့ရပါတယ္။

ဒါနဲ႔ပဲ ဆင္ဦးေခါင္းနဲ႔ ျဗဟၼာမင္းခႏၶာကိုယ္ေပါင္းစပ္တဲ့ ဟိႏၵဴဘုရား ဂေနဆာ ျဖစ္လာပါတယ္။

ဂေနဆာ

ျဗဟၼာမင္းက အလြန္အင္မတန္ တန္ခိုးႀကီးတဲ့အတြက္ ျပတ္သြားတဲ့ သူရဲ႕ေခါင္းကို ပင္လယ္ထဲခ်ရင္ လယ္ေရေတြ ခမ္းေျခာက္သြားႏိုင္ပါတယ္ ။

ပထဝီေျမႀကီးေပၚ တင္မယ္ဆိုရင္လည္း ေျမႀကီးဟာ အပိုင္းပိုင္း ကြဲအက္ေၾကမြသြားႏိုင္ပါတယ္။

အကယ္လို႔မ်ား မိုးေကာင္းကင္ထဲကို ပစ္လိုက္မယ္ဆိုရင္လည္း မိုးေကာင္းကင္တစ္ခုလုံး မီးေတာက္ ေလာင္ႂကြမ္း သြားႏိုင္ပါတယ္။

ဒါကိုသိတဲ့ သိၾကားမင္းက ျဗဟၼာႀကီးရဲ႕ ဦးေခါင္းကို အဲ့ဒီလို မျဖစ္ေစဖို႔အတြက္ နတ္သမီး တစ္ပါးစီကို တစ္ႏွစ္တစ္ခါ အလွည့္က်စီ ကိုင္ထားရမယ္ဆိုၿပီး မိန႔္ေတာ္မူပါတယ္။

တစ္ႏွစ္ကုန္လို႔ ေနာက္တစ္ႏွစ္ကို ကူးတဲ့အခါက်ရင္ အလွည့္ေျပာင္းတဲ့ အခ်ိန္ကို သၾကၤန္ပြဲေတာ္ ဆင္ႏြဲခဲ့ၾကပါတယ္။

သၾကၤန္ပြဲေတာ္ကို တစ္ခ်ိန္က ဟိႏၵဴယဥ္ေက်းမူ လႊမ္းမိုးခံခဲ့ရတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ႏွစ္သစ္ကူး ပြဲေတာ္အျဖစ္ က်င္းပခဲ့ပါတယ္။

ယခုအခ်ိန္မွာ ျမန္မာႏိုင္ငံအျပင္ ထိုင္းႏိုင္ငံ. ေလာႏိုင္ငံနဲ႔ ကေမာၻဒီးယားႏိုင္ငံေတြမွာ ဆက္လက္ က်င္းပဆဲ ျဖစ္တာကို ေတြ႕ရပါတယ္။

ပုဂံေခတ္ ျမန္မာသၾကၤန္အႀကိဳေန႔

သၾကၤန္အႀကိဳေန႔နဲ႔ ပတ္သက္ၿပီး ပထမဦးဆုံးေတြ႕ရွိခ်က္က ဥေပါသဓမင္းႀကီးရဲ႕ ေခါင္းေဆးမဂၤလာ ျပဳရာကစတယ္လို႔ ဆိုပါတယ္. အဲ့ဒီ့အခ်ိန္ကဘုရင္မ်ားက တစ္ႏွစ္မွာတစ္ခါ

ဦးေခါင္းေတာ္ေဆးတဲ့ မဂၤလာကို က်င္းပေလ့ရွိပါတယ္။

ျမန္မာမင္းမ်ားစြာကလည္း အဲဒီအခ်ိန္ေရာက္ရင္ ယခု ေမာ္လၿမိဳင္မွာရွိတဲ့ မုတၱမေကြ႕က ေခါင္းေဆးကြၽန္းမွာ ေခါင္းေဆးမဂၤလာျပဳၾကပါတယ္။

အက်ေန႔

ဒီေန႔မွာေတာ့ သိၾကားမင္းက နတ္ျပည္ကေန လူ႔ျပည္ကို ဆင္းသက္လာပါတယ္ ဆင္းသက္လာတဲ့ အခ်ိန္ကို သိေစဖို႔ သၾကၤန္အေျမာက္ကို ေဖာက္ပါတယ္- အဲဒီအခါ လူေတြ

ဟာ အတာအိုးထဲေရထည့္ကာ သေျပခက္နဲ႔ ေျမႀကီးကိုေရျဖန္းလို႔ ရွိခိုးပူေဇာ္ၾကပါတယ္

ဒီအခါမွာ ဘုရင့္ဆရာမ်ားျဖစ္တဲ့ အိႏၵိယကဇာတ္ျမင့္မ်ိဳးႏြယ္ ဗာရာမန္ဇာတ္ဝင္ ပုဏၰားက ေနာင္လာမည့္ႏွစ္အတြက္ ေဟာကိန္းျဖစ္တဲ့ သၾကၤန္စာကို ႐ြတ္ဖတ္ ေၾကျငာပါေတာ့တယ္။

ဒီေဟာကိန္းကေတာ့ သိၾကားမင္း ဘာတိရစာၦန္ကိုစီးၿပီး ဘာကိုင္လာသလဲဆိုတာကို အေျခခံၿပီး ေဟာတာျဖစ္ပါတယ္။

ကေလးေတြကို ဒီအခ်ိန္မွာ လူႀကီးေတြေျပာေလ့ရွိတာက ေကာင္းတာလုပ္တဲ့ လူေတြရဲ႕အမည္စာရင္းကို သိၾကားမင္းက ေ႐ႊပုရပိုက္မွာ ေရးမွတ္ၿပီး ဆိုးသြမ္းသူေတြရဲ႕အမည္

ကို ေခြးသားေရ ပုရပိုက္မွာ ေရးမွတ္တယ္လို႔ ေျပာေလ့ရွိပါတယ္။

တကယ္ေတာ့ သၾကၤန္က ဟိႏၵဴဝါဒ ယုံၾကည္မူ ထုံးတမ္းစဥ္လာ တစ္ရပ္က ဆင္းသက္လာခဲ့တာပါ –

ဒါေပမယ့္ ေရွးပညာရွင္ ကဝိမ်ားက ဒါကို ေထရဝါဒဗုဒၶဘာသာရဲ႕ အဆုံးအမမ်ားနဲ႔ ျပဳျပင္ ယူခဲ့ၾကၿပီး ႏွစ္သစ္ကူးကစလို႔ ရွင္ျပဳျခင္းဓေလ့. ဘုရားေက်ာင္းကန္မ်ားမွာ ဥပုသ္

သီလ ေစာင့္ျခင္းဓေလ့. လူႀကီးသူမေတြကို ေခါင္းေလ်ာ္ေပးျခင္း. ေျခသည္းလက္သည္းညႇပ္ေပးျခင္း. သတၱဝါေတြကို ေဘးမဲ့လြတ္ေပးျခင္းဓေလ့ေတြနဲ႔ ေပါင္းစပ္ေပးခဲ့ပါတယ္။

ျမန္မာသၾကၤန္က ယဥ္ေက်းမူမ်ားေပါင္းစုံျခင္းရဲ႕ အမွတ္သညာတစ္ခုပါ – ႏိုင္ငံတကာရဲ႕အာ႐ုံကို စြဲေဆာင္ႏိုင္တဲ့ ပြဲေတာ္ဆိုလည္းမမွားပါဘူး။

ဒီလို ထူးျခားမူေတြ အႏွစ္သာရေတြနဲ႔ ထုံမႊန္းေနတဲ့ အခ်ိန္အခါမွာ ျမန္မာေတြ ေမတၱာတရားပြားမ်ားႏိုင္ၾကၿပီး လူလူခ်င္း ႏိုင္ထက္စီးနင္းျပဳျခင္း ေဘးအႏၲရာယ္မွ ေနာင္ႏွစ္ေပါင္း မ်ားစြာ ကင္းေဝးႏိုင္ၾကပါေစ။

ရန္သူမ်ိဳး ငါးပါးရန္မွ ကင္းေဝးၾကပါေစ. ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစလို႔ိ ႏွစ္သစ္မွာ ဆႏၵ ျပဳလိုက္ပါတယ္…။

ေ႐ႊသတင္း

Credit to Original