ရာသီချိန်မဟုတ်ချိန်မှာ အသီးသီးအောင်လုပ်နည်း

0
149

မည်သည့််အပင်ကိုမဆိို ရာသီချိိန်မဟုတ်ချိန်မှာ အသီးသီးအောင်လုပ်နည််း

ရာသီချိိန်မဟုတ်ချိန်မှာ အသီးသီးအောင်လုပ်နည််း

ကြက် ဉဟိိုမုန်းဆေးရည်လုပ်နည်း

ကြက် ဉအခွံရော အသားပါ ၁ ပိသာ။

သကြား ၁ ပိသာ။နွားနို့ ၁ ပုလင်းခွဲ။

ပုဇွန်ခြောက်် ၃၀ သား။ အုန်စိိမ်းအရည် ၂ ပုလင်း။

ဆန်ဆေးရည် ၂ ပုလင်း။ အုန်းနိို ့၁ ပုလင်းခွဲ။

ပဲစေ့ အညှောက်ပေါက်စ အစိိတ်သား။ ပဲစေ့အညှောက်ပေါက်စဆိိုတာကတော့ ပဲတီစိမ်းကိို ရေစိမ်းပြီး အဝတ်နဲ့ထုတ်လားလိိုက်ရင် နာရီီ ၂၀ လောက်အကြာမှာ အညှောက်ပေါက်စ ပဲစေ့ကို ရပါလိမ့်မယ်။

မုံံလာ ဉ ၅၀ သား။

အဲ့ဒါတွေအားလုံးကိို ဖျော်ရည်ကြိိတ်စက်နဲ့ ကြိတ်ချေလို့ပဲဖြစ်ဖြစ် ထောင်းခြေပြီးတော့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကြိတ်စက်နဲ့ကြိတ်တဲ့အခါမှာ ရေကို မသုံးပဲ အုန်းရည်၊ နို့ရည်၊ ဆန်ဆေးရေတွေကို ရောပြီးကြိတ်ယူပါ။

အချို့မှုန့်က ၁၀ သား။ ဂလူးကိိုစ့်မှုန့်က ၁၀ သား။

ဟူးမစ်လိို ့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ဖန်ရည်အမှုန့်ရောကျိုထားတဲ့ ဆေးမှုန့်က အစိိတ်သား၊(ဝယ်လိို ့မရရင်မထည့်လည်းရတယ်။ သူက မိုလီကွန်းတွေကို အနုစိတ်ဖြစ်ပြီးပျော်ဝင်မှုအားကောင်းအောင်လုပ်ပေးတာဖြစ်ပါတယ်။)

အဲ့ဒါတွေ အားလုံးကိို ပုံးတစ်ပုံးမှာ ထည့်ပြီး ၃ လသိိပ်ထားလိုက်ပါ။ ၆ လဆိုရင်ပိုကောင်းတယ်၊1 နှစ်အကြာဆိုရင် ပိုပြီးကောင်းပါတယ်။

အများနဲ့လုပ်မယ်ဆိုရင်တော့ တစ်မျိုးကို တစ်ပုံးဆီီခွဲလုပ်ထားပြီး နောက်မှလာရောသုံးတာကပိုကောင်းပါတယ်။

အချိုးအစားကတော့ ၃ ချိုးတစ်ချိုးဖြစ်ပါတယ်။ ပြောခဲ့တဲ့ အရာတွေက ၃ ဆဆိိုရင် သကြားက တစ်ဆဖြစ်ပါတယ်။ ကြက် ဉကတော့ တစ်ဆစီဖြစ်ပါတယ်။ ကြက် ဉတစ်ဆကို အချိုကတစ်ဆနဲ့ပုံးထဲမှာသိပ် ထားရမှာဖြစ်ပါတယ်။

မြေကြီး (အပင်ရင်း)တွင် ပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၁ လီတာ ကိို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၅ရက်တစ်ခါ)

အရွက်ကိိုပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည်် ၃၀၀ စီစီ ကို ရေလီတာ ၂၀၀ နှင့်် ပက်ဖျန်းရန်။ (၁၀ ရက်် တစ်ခါ)

Win Myint IQwin Farm