အဆိုတော်နီတာ ကပ်ရောဂါကူးစက်ခံရ

0
586

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၆ရက် မနက်ပိုင်းထုတ်ပြန်တဲ့ ကပ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ယောက်စာရင်းမှာ ပါဝင်လာကြောင်း အဆိုတော် နီတာက ဒီဗွီဘီကိုပြောပါတယ်။ မတ်လ ၂၉ ရက်က ၈ မိုင်နားက ဘုရားကျောင်းတခု Live အစီအစဉ်မှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ အဆိုတော်နီတာဟာ သူ့ရဲ့ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေးခဲ့ရာမှာ ကပ်ရောဂါ ပိုးတွေ့ရှိခဲ့တာပါ။

Live အစီအစဉ်မှာ အနုပညာရှင်တချို့ပါပါပြီး ၊ လတ်တလောတွင် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သီရိရှင်းသန့်ကလည်း စစ်ဆေးမှုခံယူထားပြီး ဒီကနေ့ဓာတ်ခွဲအဖြေမှာ Negative ဖြစ်ခဲ့တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ အဆိုတော်နီတာဟာ ဧပြီ ၁ ရက်ကနေ ၈ ရက်နေ့အထိဖျားခဲ့ကြောင်း၊ နေအိမ်မှာ နေနေရာက နေကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားပြီးနောက် ဧပြီ ၁၄ရက်နေ့ကစပြီး အင်းစိန်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်တက်ခဲ့ကြောင်း၊ အခုလက်ရှိမှာတော့ ဝေဘာဂီဆေးရုံကို လွှဲပြောင်းပြီး ဆေးကုသမှုခံယူနေကြောင်းနဲ့ လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ဒီနေ့မနက်အထိ ကပ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၈၅ ဦးရှိပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပို့ကုသမှုပေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

DVB TV News

အဆိုေတာ္နီတာ ကပ္ေရာဂါကူးစက္ခံရ

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ့ ဧၿပီ ၁၆ရက္ မနက္ပိုင္းထုတ္ျပန္တဲ့ ကပ္ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ၁၁ ေယာက္စာရင္းမွာ ပါဝင္လာေၾကာင္း အဆိုေတာ္ နီတာက ဒီဗြီဘီကိုေျပာပါတယ္။ မတ္လ ၂၉ ရက္က ၈ မိုင္နားက ဘုရားေက်ာင္းတခု Live အစီအစဥ္မွာ ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ခဲ့တဲ့ အဆိုေတာ္နီတာဟာ သူ႔ရဲ့ဓာတ္ခြဲနမူနာကို ေပးပို႔စစ္ေဆးခဲ့ရာမွာ ကပ္ေရာဂါ ပိုးေတြ႕ရွိခဲ့တာပါ။

Live အစီအစဥ္မွာ အႏုပညာရွင္တခ်ိဳ႕ပါပါၿပီး ၊ လတ္တေလာတြင္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ သီရိရွင္းသန႔္ကလည္း စစ္ေဆးမႈခံယူထားၿပီး ဒီကေန႔ဓာတ္ခြဲအေျဖမွာ Negative ျဖစ္ခဲ့တယ္လို႔ သူရဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။ အဆိုေတာ္နီတာဟာ ဧၿပီ ၁ ရက္ကေန ၈ ရက္ေန႔အထိဖ်ားခဲ့ေၾကာင္း၊ ေနအိမ္မွာ ေနေနရာက ေနက်န္းမာေရးဝန္ႀကီးဌာနကို အေၾကာင္းၾကားၿပီးေနာက္ ဧၿပီ ၁၄ရက္ေန႔ကစၿပီး အင္းစိန္ေဆး႐ုံမွာ ေစာင့္ၾကည့္လူနာအျဖစ္တက္ခဲ့ေၾကာင္း၊ အခုလက္ရွိမွာေတာ့ ေဝဘာဂီေဆး႐ုံကို လႊဲေျပာင္းၿပီး ေဆးကုသမႈခံယူေနေၾကာင္းနဲ႔ လက္ရွိမွာ က်န္းမာေရးအေျခအေန ေကာင္းမြန္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာတနိုင္ငံလုံးမွာ ဒီေန႔မနက္အထိ ကပ္ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း ၈၅ ဦးရွိၿပီျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁၁) ဦးကို သက္ဆိုင္ရာေဆး႐ုံေတြကို လႊဲပို႔ကုသမႈေပးသြားမယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။

DVB TV News