ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လုံခြုံရေးတင်းကြပ်စွာချထား

0
127

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို အမှတ်၃၅ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ယမန်နေ့ညက စတင်ပြီး လုံခြုံရေးရယူပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

ပုဂံဘုရားအချို့၏ ဌာပနာများဖောက်ထွင်းခံခဲ့ရမှုကိုဇွန် ၈ရက်နေ့ကစပြီး တွေ့ရှိခဲ့ပြီးနောက် ၂ရက်အကြာတွင် လုံခြုံရေးယူပေးလိုက်ခြင်းဖြစ်သည်ဟုသိရသည်။

လုံခြုံရေးအဖွဲ့သည်မင်းနန်သူရွာဘုန်းတော်ကြီးကျောင်း၊ဓမ္မရာဇကစေတီတော် ၊မဏိစည်သူဈေးအဝိုင်း၊မဏိစည်သူဈေးအဝိုင်း အပါအဝင် နေရာတော်တော်များများတွင် လုံခြုံရေးရယူပေးနေသည့်အပြင် လှည့်ကင်း၊ဝပ်ကင်းများဖြင့် ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည်။

ညောင်ဦးမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိန်က “ကျွန်တော် ရှေးဟောင်းသုတေသနကို လှမ်းမေးတော့ သူတို့လိုက်စစ်တော့ ဇွန် ၈ရက်နေ့မှာ ဘုရား ၅ဆူ၊ဇွန်၉ ရက်နေ့မှာ ၁၄ဆူ၊

ဇွန် ၁ဝရက်နေ့မှာ ၁၄ဆူ ဌာပနာဖောက်ခံထားရတာကိုတွေ့ရှိရတယ်လို့ပြောပါတယ်။လောလောလတ်လတ်တွေ ဖောက်ခံထားရတာ ပါသလို၊အချို့တွေကလည်း ဖောက်ခံထားရတာကြာပြီ၊ဌာပနာထဲမှာ ငှက်သိုက်တွေ၊

မြွေအရေခွံတွေတောင်တွေ့ရှိရတယ်လို့ ဆိုပါတယ်။ဌာပနာဖောက်ခံထားရတဲ့ စေတီတော်တွေက အဟောင်းကို အသစ်ပြန်တည်ထားတဲ့စေတီတော်တွေများပါတယ်”ဟု Myanmar Harp ကိုပြောသည်။

ရဲတပ်ဖွဲ့က ဖြစ်စဉ်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလည်း ဆောင်ရွက်နေပြီဖြစ်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးကိုလည်း လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

 

နောင်နောင်/Myanmar Harp