ကျောက်ကပ်ရောဂါကြောင့်ငွေကုန်ကြေးကျမများရအောင်

0
179

ကျောက်ကပ်ရောဂါဆိုတာ ငွေကုန်ကြေးကျလည်းများသလို၊ ခံစားရတဲ့သူတွေအတွက်လည်း အရမ်းကိုပြင်းထန်တဲ့ ဝေဒနာဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ အရမ်းရောဂါမရင့်ခင်မှာ အထူးဂရုစိုက်ဖို့လိုပါတယ်။

ခုဖော်ပြပေးမှာကတော့ ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ကျောက်ကပ်ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

(၁) ဖရဲသီးစေ့

ဖရဲသီးစေ့ဟာ ကျောက်ကပ်ကို အရမ်းအကျိုးပြုနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေကို ပြေစေနိုင်တဲ့ အစွမ်းရှိတဲ့အပြင် ကျောက်ကပ်ထဲကအညစ်အကြေးတွေကိုလည်းသန့်စင်ဖယ်ရှား ပေးနိုင်ပါတယ်။ နောက်ပြီး ကျောက်ကပ်နဲ့ပတ်သက်တဲ့ နာကျင်မှုဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ

ဖရဲသီးစေ့(အခြောက်) တစ်ဇွန်း

ရေ (၂) ဖန်ခွက်

ပြုလုပ်နည်း

ရေနွေးကရားထဲကို ရေ(၂)ဖန်ခွက်ထည့်လိုက်ပါ။

အဲဒီ့အထဲကို ဖရဲသီးစေ့ခပ်ပြီး မိနစ်အနည်းငယ်စောင့်ပါ။

ရေအေးသွားပြီဆိုရင်သောက်သုံးလို့ရပါပြီ။

တစ်နေ့ကို (၂)ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်ရောဂါ သက်သာပျောက်ကင်းသွားမှာပါ။

(၂) ဒုဓလီရွက်

ဒုဓလီရွက်ဟာ ကျောက်ကပ်ထဲရှိ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးမှန်စေခြင်းအားဖြင့် ဘက်တီးရီးယားတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

ပြုလုပ်နည်း

ဒုဓလီရွက်တွေကို နေပူထဲမှာလှန်းပြီး အခြောက်ခံလိုက်ပါ။ ရရှိလာတဲ့ ဒုဓလီရွက်ခြောက် (၁)ဇွန်းကိုယူပြီး ရေပူ(၁)ခွက်ထဲမှာ ခပ်လိုက်ပါ။

ပြီးရင် ခဏအုပ်ထားပြီး (၁၅) မိနစ်ခန့်နှပ်ထားလိုက်ပါ။ ဒီနည်းလမ်းကို တစ်နေ့ (၃)ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေ သက်သာပျောက်ကင်းသွားမှာပါ။

Em Em