သင်ရဲ့ ဘဝထဲကို ကံဆိုး မိုးမှောင်မှု့တွေ ရောက်ရှိလာတော့မယ် ဆိုတာကို ညွှန်ပြနေသော နိမိတ် လက္ခဏာ(၅) မျိုး

0
139

တစ်ခုခုကို လုပ်တော့မယ့်အခါ မလုပ်သင့်ဘူး၊ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် နိမိတ်တချို့ပြတတ်သလို ၊

တစ်နေရာရာကို သွားသင့်လား မသွားသင့်လား ဆိုတာလည်း သွားခါနီးရင် နိမိတ်လေးတွေ ပြတတ်ပါတယ်။

နိမိတ်ကိုယုံတဲ့သူတွေအတွက် နေရာတစ်နေရာသွားခါနီး၊တစ်ခုခုလုပ်ခါနီးမှာ ဖြစ်လာတတ်တဲ့နိမိတ်လေးတွေကို

သိပြီးရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။

သင်၏ဘဝထဲကို ကံဆိုး မိုးမှောင်မှုတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ညွှန်ပြနေသော နမိတ်(၅) မျို

ခလုတ်တိုက်ရင်

တစ်ခုခုလုပ်ခါနီး၊တစ်နေရာရာသွားခါနီးမှာ ခဏခဏခလုတ်တိုက်နေရင် မလုပ်သင့်မသွားသင့်သေးပါဘူး။

အလိုလိုစိတ်ညစ်ညူးနေရင်

တခါတ လေစိတ်က အလိုလိုမကြည်နေတာမျိုး၊ စိတ်မရှည်နေတာမျိုးဖြစ်တတ်ပါတယ်။

အဲ့လိုဖြစ်တာက စိတ်ခံစားချက်သက်သက်လို့လည်း ပြောလို့ရသလို၊ နိမိတ်တစ်ခုလို့လည်းပြောလို့ရပါတယ်။

ဘာလို့လဲဆိုတော့ သင့်အ နေနဲ့စိတ်မကြည်လင်ဘူး၊ စိတ်ညစ်ညူးနေမယ်ဆိုရင်

သင်လုပ်မယ့်အရာတစ်ခုက အဆင်ပြေဖို့သိပ်မဖြစ်

နိုင်သလို၊ သွားမယ့်နေရာမှာလည်း ပျော်စရာကောငး်လာမှာမဟုတ်ပါဘူး။

ဒါကြောင့် စိတ်ညစ်ညူးနေရင် ခဏ လောက် ငြိမ်ငြိမ်လေးနေပြီး

အသက်ရှူသွင်း၊ရှူထုတ်တာလေးကို ဆယ့်ငါးမိနစ်လောက်

လုပ်ပေးသင့်ပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်နဲ့ခိုက်ရန်ဖြစ်ပွားရင်

ဒါလည်း ခုနကဟာနဲ့ သ ဘောတရားအတူတူပါပဲ။

ချစ်တဲ့သူတွေနဲ့ခိုက်ရန်ဖြစ်ပွားတာက တစ်ခုခုကိုအောင်အောင်မြင်မြင်လုပ်ဖို့၊ တစ်နေရာရာကို ပျော်ပျော်ရွှင်ရွှင်သွွားဖို့

သိပ်မဖြစ်နိုင်ပါဘူး။

ပစ္စည်းတစ်ခုခုပျောက်နေရင်

တခါတလေ သဘာဝတရားကြီးက ထူးဆန်းလှပါတယ်။

သင့်အ နေနဲ့ အ ရေးကြီးကိစ္စတစ်ခုရှိလို့ ဘယ်လောက်ပဲရှာရှာပစ္စည်းတစ်ခုကရှာလို့လုံးဝမ တွေ့ဘဲပျောက်နေတတ်ပါတယ်။

အဲ့ဒါဆိုရင်တော့ သင်လုပ်မယ့်အလုပ်၊ သင်သွားမယ့်နေရာကို မလုပ်ပါနဲ့၊ မသွားပါနဲ့ဦး။

အဲ့ဒီလို ပစ္စည်းပျောက်နေတာက အဆိုး၊ အညံ့တွေနဲ့လွဲချော်သွားဖို့လည်းဖြစ်နိုင်ပါတယ်။

မကောင်းတဲ့အနံ့အသက်တွေရ နေရင်၊ ထူးဆန်းတဲ့အသံတွေကြားရင်

ဒါကိုတော့ ကြုံဖူးကြလားမသိပါဘူး။ မ ကောင်းတဲ့ အနံ့အသက်တွေ၊ ထူးဆန်းတဲ့အသံတွေက သင်လုပ်မယ့်အရာတွေ၊

သင်သွားမယ့်နေရာတွေနဲ့ပတ်သက်လို့ တားဆီးချင်တာဖြစ်နိုင်ပါတယ်။

အဲ့ဒီလို အဖြစ်တွေက နိမိတ်ကောင်းတော့လုံးဝမဖြစ်နိုင်တာကြောင့် သင်လုပ်မယ့်အရာလေးတွေကို ခဏ လောက်

ရပ်ထားလိုက်ပါနော်။

source မူရင်းရေးသားသူ..