ဒီနေ့ လမ်းမှာတွေ့တဲ့ ဦးလေးကြီးကို ကူညီလိုက်တဲ့ ညီလေး ကောင်းဆက်သာ

0
115

အသက် ၂၀ သာရှိသေးတဲ့ ညီလေးကောင်းဆက်သာက ဒီနေ့ p i z z a o r d er တစ်ခုပို့ရင်း လမ်းမှာဦးလေးကြီးတစ်ယောက် ကုန်းတံတားတစ်ခုပေါ်မှာ

ပစ္စည်းတွေနဲ့ဆိုက်ကားတွန်းနေတာတွေ့လို့ ဆင်းပြီးကူညီတွန်းပေးခဲ့တယ်။ ဒါကိုအစ်မလှနုထွန်းက သူ့ p a g e မှာတင်ပေးလိုက်ရာက ကျတော်တို့ F o o d M a l l ရုံးက သတိပြုမိလိုက်ပါတယ်။

ဒါနဲ့ သူရုံးပြန်ရောက်လို့ ညီလေး မင်းကူညီနေတဲ့ပုံ f a c e b o o k မှာပျံ့နေတာတွေ့လား၊ ဘယ်လိုကူညီဖြစ်တာလဲလို့ မေးကြည့်တော့

“ဒီလိုပါပဲ၊ ကျတော့အဖေအရွယ်ကြီး မနိုင်မနင်းနဲ့ ဆိုက်ကားတွန်းနေတာတွေ့လို့ ဆင်းပြီး အပေါ်ရောက်တဲ့ထိ ဝိုင်းတွန်းပေးလိုက်တာပါ”တဲ့။

နေ့စဉ်ပင်ပင်ပန်းပန်း ရုန်းကန်ရင်းနဲ့တောင် ကူညီတတ်တဲ့စိတ်ဓါတ်ကတော့ အလွန်လေးစားစရာပါပဲ။

ဒါကြောင့် ဒီနေ့ချက်ချင်းပဲ ညီလေးကောင်းဆက်သာရဲ့ ကူညီတတ်တဲ့စိတ်ဓါတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုံးမှဆုငွေ ၅၀၀၀၀ ကျပ်ကို ချီးမြှင့်ခဲ့ပါတယ်။

ဓါတ်ပုံတင်ပေးလိုက်တဲ့ အစ်မလှနုထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အစ်မတင်ထားတဲ့ပုံလေးကိုလည်း အသုံးပြုခွင့်ပြုပါခင်ဗျာ။

Credit