“လူ(၅)ဦးထက်ပိုမစုရ၊ ညမထွက်ရ” အမိန့်တွေထုတ်ပြန်

0
1107

ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် “လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက် ဖြစ်စေ စုဝေးခြင်း မပြုရ။ လိုက်နာရင်ပျက်ကွက်ပါက အရေးယူမည်”ဆိုတဲ့ ကျန်းမားရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အမိန့်ကြေညာချက်တစ်ခုကို ဒီနေ့ည ၈နာရီက ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးတိုင်းမှာလည်း နှစ်ဆန်း၁ရက်နေ့ညက စတင်ကာ ည၉နာရီကနေ မနက် ၄နာရီထ ညမထွက်ရအချက်ပါတဲ့ ဒေသန္တရအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။

