ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ၂၀ ထက်မနည်းရောဂါပိုးတွေ့ရှိ

0
90

ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၉-၆-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီ

၁။ (၁၈-၆-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် –

– အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၆၆၉) ခု နှင့်

– ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၇၆၃) ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ –

• ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦး တွေ့ရှိပါသည်။

၂။ သို့ဖြစ်ရာ (၁၂-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၈၆)ဦး ရှိပြီဖြစ်ပါသည်။

၃။ (၁၈-၆-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် –

– အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၃၂၇) ခု၊

– ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၄၀) ခု၊

– ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၃) ခု၊

– ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ (၃၇၀) ခု နှင့်

– ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊

စုစုပေါင်း (၂,၄၂၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

၄။ အဆိုပါ ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃) ဦးအား သက်ဆိုင်ရာ သတ်မှတ်ဆေးရုံများတွင် ဆက်လက်၍ ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

LEAVE A REPLY

Please enter your comment!
Please enter your name here