အိမ်ထဲဆိုင်ကယ်ဝင်ခိုးတာ ဖမ်းမိသွားပေမယ့် သနားပြီးပြန်လွှတ်ပေးလိုက်တဲ့ အိမ်ရှင်ကို ဓားနဲ့ ပြန်လာခုတ်တဲ့ မိုက်ရိုင်းတဲ့ ဆိုင်ကယ်သူခိုး

0
939

16.4.2020 ရက်နေ့ ည(9:20) ခန့်က မော်လမြိုင်မြို့ မောင်ငံ ကန်သုံးကန်အတက် နေ့အိမ်တအိမ်ထဲဝင်ပြီး ဆိုင်ကယ် ဝင်ခိုးတယ်။ အိမ်ရှင်က မိသွားပေမဲ့ ကောင်လေးကို သနားသော အားဖြင့် ပြန်လည်လွှတ်ပေးလိုက်ပါတယ်။

အဲဒါကို သူခိုးကောင်လေးက နောက်တခါ ထပ်ပြန်လာပြီး အိမ်ရှင်းကို ဓားနဲ့ လာပြန်ခုတ်သဖြင့် အိမ်ရှင်အမျိုးသား ထိခိုက် ဒဏ်ရာများရရှိသဖြင့် လက်ဖျံအား ဓားနှင့်ခုတ်မိဒဏ်ရာ ခြေထောက်ဒက်ရာနှင့် သွားတစ်ချောင်းကျိုး ဒဏ်ရာများရရှိခဲ့သဖြင့် မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်သည့် ကနဦးပြုစုမှုများဆောင်ရွက်ပေးပြီး ဆေးရုံးကြီးသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။

သူခိုးမှာ နှစ်ယောက်ဖြစ်ပြီး တယောက် ထွက်ပြေးလွတ်မြောက် သွားသည်ဟု သိရပါသည်။ သူခိုးကို ဝိုင်းဖမ်းထားပြီး မုပွန်နယ်မြေ ရဲစခန်းထံ အကြောင်းကြားပေးခဲ့သဖြင့် မုပွန်စခန်းမှ ချက်ချင်းရောက် လာပြီး တရားခံအား ဖမ်းဆီးထိန်းသိမ်းသွားပါသည်။

သူခိုးများမှာ စမ်းကြီးလူငယ်သင်တန်းကျောင်းမှဟုကနဦးသိရပါသည်။

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့





