နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက်တဲ့ ပုညခင်

0
104

လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်း

များစွာထုတ်ပြီး ပရိသတ်တွေ ရင်ထဲကို ဝင်ရောက် လာခဲ့တဲ့ ပုညခင်ဆိုတဲ့ စာရေးဆရာမကို လူတိုင်းနီးပါး သိကြ မှာပါ။

ပုညခင်ဟာ စာရေးဆရာမ သက်သက်တင် မဟုတ်၊ ဇာတ်ညွှန်းတွေကြုံရင် ရေးသားသူလည်းဖြစ်တဲ့အပြင်

စာအုပ်တွေထဲမှာ လူငယ်တွေ အတွက် ချစ်မှုရေးရာ အကြံပေးစကားတွေလည်း အားရှိစရာ

ထည့်သွင်းရေးသားတတ်တဲ့ အားကိုးချင်စရာ အချစ်ရေး အကြံပေး တစ်ဦးလည်း ဖြစ်ပါသေးတယ်။

ပုညခင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ အချစ်အပေါ် ခံယူချက်တွေနဲ့ လူငယ်တွေအတွက် အကြံပေးစကားအချို့ကို ဖြေကြား ထားပေး ပါတယ် ။

ပုညခင်က သူမရဲ့ချစ်ခြင်းမေတ္တာ အပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက်

လူဆိုတာ အတ္တမကင်းဘူး ဆိုပေမယ့် လည်း အတ္တကို လျှော့ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်

ညှိုနှိုင်း ရမယ့် အရာမျိုးလို့ အစ်မကတော့ ထင်ပါတယ်”လို့ ဆရာမက ပြောပြထားပါတယ် …။

ပုညခင်က သူမရဲ့အိမ်ထောင်ရေး အကြောင် းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှ

အိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇) နှစ် ရှိပါပြီ။ အစ်မထက် ငယ်တဲ့လူနဲ့ အိမ်ထောင်ကျ တာပါ။

အစ်မထက် ငယ်တယ် ဆိုပေမယ့် အစ်မထက် ရှစ်နှစ်လောက် ငယ်တာပေါ့နော်။

ငယ်ပေမယ့် အခု အိမ်ထောင်သက်က ကိုးနှစ်လောက် ရှိပါပြီ …”လို့ ပြောပြထားပါတယ်

ပုညခင်က အချစ်ရေး ပင်လယ် ထဲမှာ မြှပ်ချီ ပေါ်ချီ ကူးခတ် နေကြ ဆဲဖြစ်တဲ့ သူမရဲ့ စာဖတ်ပရိသတ်မနူးမနပ်

လူငယ်လေးတွေ အတွက်လည်း စေတနာဗရပွနဲ့ အကြံပေး စကားတွေကို “လူငယ်တွေကို ပြောချင်တာကတော့

အချစ်ဆိုတဲ့ဟာ အပေါ်မှာ အရမ်းကြီး ရူးသွပ်နေ တာမျိုး မဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေတဲ့ အချစ်မျိုး မဖြစ်အောင်ပေါ့နော် …။

ကိုယ်ကလည်း ကိုယ်ချစ်တဲ့ သူကို နစ်နာမသွားအောင် ကိုယ့်ကြောင့် ဆုတ်ယုတ် မသွားအောင်၊

ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို နစ်နာအောင် လုပ်ရင် လည်း ဒီအပေါ်မှာ ကိုယ့်ဘဝ ပျက်စီး မသွားပဲ

နဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ် နိုင်အောင် အများကြီး ကြိုးစားသင့် တယ်လို့ အစ်မကတော့ ထင်ပါတယ်”လို့ သေချာလေး ပြော ပြ ထား ပါ တယ် ။

ပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်ရှု့သူတွေ ရှိကြလား။

ပုညခင်ရဲ့ နောက်ထွက်လာမယ့် စာအုပ်တွေ ကိုရော.. အားပေးဖို့ အသင့်ပဲလား ?

Credit to original