ကိုဗစ် – ၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

0
758

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၂)နာရီအချိန် ထုတ်ပြန်ချက်ဖြင့် (၁၆-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပေးပို့လာ သော ကိုဗစ် ရောဂါ စောင့်ကြည့်လူနာ (၁၁၀)ဦးနှင့် အသွားအလာကန့်သတ်ထားသူ (၁၅၉)ဦး၊ စုစုပေါင်း (၂၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် ကိုဗစ် ရောဂါပိုး မတွေ့ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် ကိုဗစ် ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

၃။ ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅)ဦး တွေ့ရှိခဲ့သည့်အနက် (၇၉)ဦးအား အောက်ပါ ဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၂) ဦးမှာ ရောဂါပိုးကင်းစင်ပြီး ဖြစ်သဖြင့် နေအိမ်နှင့် သက်ဆိုင်ရာနေရာတို့တွင် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်းအား ရက်သတ္တ (၂)ပတ်ခန့် ဆက်လက်ဆောင်ရွက်ထားရှိပါသည်။ ယနေ့အထိ ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ အနက်မှ သေဆုံးသူ (၄) ဦးရှိခဲ့ပါသည်။

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ (၁၇-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၂)နာရီအခ်ိန္ ထုတ္ျပန္ခ်က္ျဖင့္ (၁၆-၄-၂၀၂၀)ရက္ေန႔တြင္ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးမွ ေပးပို့လာ ေသာ ကိုဗစ္ ေရာဂါ ေစာင့္ၾကည့္လူနာ (၁၁၀)ဦးႏွင့္ အသြားအလာကန္႔သတ္ထားသူ (၁၅၉)ဦး၊ စုစုေပါင္း (၂၆၉) ဦးတို့၏ ဓာတ္ခြဲနမူနာမ်ားတြင္ ကိုဗစ္ ေရာဂါပိုး မေတြ႕ရွိေၾကာင္း သတင္း ထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါသည္။

၂။ သို့ျဖစ္ပါ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမွုဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၇-၄-၂၀၂၀) ရက္ေန႔၊ နံနက္ပိုင္းအထိ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔သတ္ထားသူ စုစုေပါင္း (၃,၅၀၅) ဦး၏ ဓာတ္ခြဲနမူနာမ်ားကို စစ္ေဆးခဲ့ရာ (၈၅) ဦးတြင္ ကိုဗစ္ ေရာဂါ ကူးစက္ခံရေၾကာင္း အတည္ျပဳနိုင္ခဲ့ၿပီး (၃,၄၂၀) ဦးတြင္ ေရာဂါပိုးမရွိေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။

၃။ ကိုဗစ္ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၈၅)ဦး ေတြ႕ရွိခဲ့သည့္အနက္ (၇၉)ဦးအား ေအာက္ပါ ဇယားအတိုင္း သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ လိုအပ္သလို ကုသမွုေပးလ်က္ရွိၿပီး ၎တို့၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ (၂) ဦးမွာ ေရာဂါပိုးကင္းစင္ၿပီး ျဖစ္သျဖင့္ ေနအိမ္ႏွင့္ သက္ဆိုင္ရာေနရာတို့တြင္ အသြားအလာ ကန္႔သတ္ျခင္း/ တားျမစ္ျခင္းအား ရက္သတၱ (၂)ပတ္ခန္႔ ဆက္လက္ေဆာင္ရြက္ထားရွိပါသည္။ ယေန႔အထိ ကိုဗစ္ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား အနက္မွ ေသဆုံးသူ (၄) ဦးရွိခဲ့ပါသည္။