တစ်ရက်ကို ငှက်ပျောသီး ၂ လုံး ၁ လ စားကြည့်ပါ ပြီးရင်ပြောင်းလဲမှုတွေကတော့ အံ့ဩသွားစေရမယ်

0
154

တစ်လောကလုံးက လူသားများအားလုံးက သစ်သီးစားသုံးခြင်းဟာ ကောင်းမွန်တယ် ဆိုတာ လက်ခံထားကြပါတယ်။ တစ်နိုင်ငံလုံး အဝလွန်ရောဂါ၊ ဦးနှောက်သွေးကြောပေါက် ရောဂါအဖြစ်များတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာ အများဆုံးစားသုံးတဲ့အသီးဟာ ဘာအသီး ဖြစ်မယ်ထင်ပါသလဲ။

ပန်းသီး၊ လိမ္မော်သီး နှင့် ဖရဲသီးများလား။ မဟုတ်ပါဘူး ဒီအသီးတွေ ထဲကတစ်ခုမှမဟုတ်ပဲ ငှက်ပျောသီးဖြစ်ပါတယ်။ ငှက်ပျောသီးကတော့ ကျွန်ပ်တို့ခန္ဓာကိုယ်မှ ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်တာ တော့မဟုတ်ပါ။

ဒါပေမယ့် တစ်နေ့ကို ငှက်ပျောသီး ၂ လုံးစားသုံးခြင်းဟာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါများကို အတန်အ သင့် ကာကွယ်တားဆီးပေးပြီးသားဖြစ်တယ်ဆိုတာကတော့ သုတေသန ပြုလုပ်ချက်များ က သက်သေထူနေပါတယ်။

ငှက်ပျောသီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ထုတ်လုပ်ပေးသောအသီးဖြစ်ရုံသာမကကိုယ်ခံစွမ်းအားကိုပါမြှင့်တင်ပေးနိုင်တဲ့ အသီးလည်းဖြစ်ပါတယ်။

ငှက်ပျောသီး အတွင်းမှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ဓာတ်ပစ္စည်းများ စုံလင်စွာပါဝင်နေရုံသာမက သွေးဖြူဥထုတ်လုပ်သော ဆဲလ်များကိုပါ အားဖြည့်ပေးတာကြောင့် အလွန်ကောင်းမွန်တဲ့ သစ်သီးပဲဖြစ်ပါတယ်။

သို့သော် ငှက်ပျောသီးကို ဝယ်ယူရာမှာတော့ အမည်းစက်နည်း နိုင်သမျှ နည်းအောင် ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဘာလို့လည်းဆိုတော့ အမည်းစက် နည်းတဲ့ ငှက်ပျောသီးဟာ အရသာပိုချိုပြီး ခန္ဓာကိုယ်မှ ငှက်ပျောသီးမှ ကောင်းမွန်တဲ့ ဓာတ်ပစ္စည်းများကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်လို့ဖြစ်ပါတယ်။

ငှက်ပျောသီးဟာအရသာချိုရုံသာမက သဘာဝအာဟာရဓာတ်များ သဘာဝသကြားဓာတ်၊ သတ္တုဓာတ်များ၊ ကယ်လစီယမ်ဓာတ်၊ဗီတာမင်များစုံလင်စွာပါဝင်ပါတယ်။

တစ်နေ့ကို ငှက်ပျောသီး ၂လုံးပုံမှန်စားသုံးခြင်းဖြင့် ၁လအတွင်း အောက်ပါကျန်းမာရေး ကောင်းကျိုးများ ရရှိစေမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်အားဖြစ်ထွန်းစေခြင်း

ငှက်ပျောသီးမှာ ကယ်လစီယမ်ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အားအင် ဖြစ်ထွန်း စေရုံသာမက စိတ်ဓာတ်ခွန်အားကိုပါ ဖြစ်စေပါတယ်။ တစ်နေ့ငှက်ပျောသီး ၂လုံး စားသုံးခြင်းဟာ မိနစ် ၉ ဝခန့် မရပ်မနားအားကစားလုပ်ခြင်းကို အထောက်အကူ ပေးပါတယ်။

အားကစားသမားများ ပထမဦးစားပေးရွေးချယ်စားသင့်တဲ့ သစ်သီးလည်းဖြစ်ပါတယ်။ ငှက်ပျောသီးအတွင်း ခန္ဓာကိုယ်မှ ဆီရိုတိုနင်ကိုပြောင်းလဲစေနိုင်သော တိုက်တိုဖန်ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်တာကြောင့် စိတ်ကျခြင်းအပြင် ကင်ဆာအဖုအကျိတ်များ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်လမ်းကြောင်း ကျန်းမာရေးကောင်းမွန်ခြင်း

အထူးသုတေသနပြုစရာမလိုပဲလူတိုင်းသိရှိနားလည်ထားတာကတော့ငှက်ပျောသီးစားသုံးခြင်းဟာဝမ်းချုပ်ခြင်းအတွက်အလွန်ကောင်းမွန်တယ်ဆိုတာပါပဲ။

ငှက်ပျောသီးဟာ အစာအိမ်နာခြင်း၊ အစာအိမ်ယောင်ခြင်း၊ အစာချေအက်ဆစ် အထက်ဆန်ခြင်းစတဲ့ရောဂါ ဝေဒနာများအတွက်အထူးကောင်းမွန်ပါတယ်။

ငှက်ပျောသီးဟာ သဘာဝအတိုင်း အက်ဆက်ဓာတ် လျော့ချပေးနိုင်တာကြောင့် အစာအိမ်နှင့်ပတ်သက်သော ရောဂါများ အတွက် မဖြစ်မနေစားသုံးသင့်တဲ့ သစ်သီးလည်းဖြစ်ပါတယ်။

နှလုံးသွေးကြော ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ငှက်ပျောသီးဟာ ခန္ဓာကိုယ်အတွင်း ပိုလျှံနေသော ဆိုဒီယမ်ဓာတ်များ (ဆားအလွန်အကျွံ စားသုံးခြင်းကြောင့်ဖြစ်သော) ကို ထိန်းချုပ်ပေးနိုင်သောကြောင့် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောများကို ကာကွယ်ပေးနိုင်ကာ နှလုံးကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ထို့အပြင် သွေးနီဥ၊ သွေးဖြူဥများဖြစ်ပေါ်မှုကို အားပေးတာကြောင့် သွေးအားကောင်းစေကာ ခန္ဓာကိုယ်အပူအအေးဓာတ်ကို ထိန်းသိမ်းပေးနိုင်တာကြောင့် မိုးရာသီနှင့် ဆောင်းရာသီမှာ အဖြစ်များသော အအေးမိခြင်းကို လည်းကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်အာရုံကြောစနစ်ကို ကောင်းမွန်စေခြင်း

ငှက်ပျောသီးဟာ သွေးအတွင်းရှိ သကြားဓာတ်ကိုထိန်းသိမ်းနိုင်စွမ်းရှိပြီး ဦးနှောက် အာရုံကြောကို နွေးထွေးစေပြီး စိတ်ခံစားမှုအခြေအနေကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

ဗီတာမင်ဘီအုပ်စုကြွယ်ဝစွာ ပါဝင်တာမို့ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်။ အမျိုးသမီးများအတွက် ဓမ္မတာလာချိန်တွင် နာကျဉ်ခြင်းကို လည်းလျော့ချပေးနိုင်ပါတယ်။

ကဲ ပရိသတ်ကြီးတို့ရေ ကျန်းမာရေးအတွက်အလွန်ကိုမှကောင်းလှတဲ့ ငှက်ပျောသီးကို တစ်နေ့ ၂လုံးပုံမှန်စားသုံးလိုက်ကြပါစို့လား။