အလှမယ်အဖြစ် ရပ်တည်မယ်ဆိုတဲ့ ငြိမ်းမြတ်သူရဲ့စကားကို ဒဲ့ဝေဖန် ဖြေရှင်းလိုက်တဲ့ အလှမယ်အမရာငြိမ်း

0
117

အလှမယ် အမရာငြိမ်းကတော့ ၂၀၁၅ ခုနှစ်ရဲ့ Miss Myanmar International ဆုကို ရရှိခဲ့ပြီး အလှမယ်ဆိုင်ရာ ပြိုင်ပွဲများကိုလည်း ဝင်ပြိုင်ခဲ့ကာ ဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်ကျသွားပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပေမဲ့ အရင်လို လှပနေဆဲ အလှမယ်တစ်ဦးပါနော်။

Tik Tok ကစားရင်း နာမည်ကြီး လူကြိုက်များလာတဲ့ ငြိမ်းမြတ်သူကတော့ အင်တာဗျူးတစ်ခုမှာ သူဟာ အလှမယ်တစ်ယောက်အဖြစ် ရပ်တည်သွားမယ်လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို အလှမယ် တစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုတဲ့ စကားအပေါ် အမရာငြိမ်းက အခုလိုပဲ ဝေဖန်ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

” “အလှမယ်” ဆိုတဲ့ ကိုယ်အင်မတန် တန်ဖိုးထားရသော၊ ဂုဏ်ယူမြတ်နိုးမဆုံးဖြစ်ခဲ့ရသောအရာဟာ ဒီလောက်ထိတန်ဖိုးလျော့ကျသွားတာလား? တခါမှ Facebook Cele၊ Tiktok Cele တွေကို မဝေဖန်ခဲ့ မတိုက်ခိုက်ခဲ့ဘူးပါ….မနာလိုဖို့လည်း အဝေးကြီးပါ….ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ်တန်ဖိုးထားရသောအရာကို ထိခိုက်လာလို့ ရင်ထဲတော်တော်မကောင်းလို့ ပြောမိတာပါ “အလှမယ်” ဆိုတာ ဘယ်လိုလူမျိုးတွေကိုသတ်မှတ်သလဲ? အလှတစ်ခုထဲလား? လူအများကြားမှာ ပေါ်လွင်ထင်ရှားနေတတ်တာ တစ်ခုထဲလား? ဉာဏ်ပညာနဲ့ပြည့်စုံတာ တစ်ခုထဲလား? စိတ်ထားမြင့်မြတ်ရင့်ကျက်တာတစ်ခုထဲလား? ပေါင်းသင်းဆက်ဆံရေးကောင်းပြီး personality ထူးခြားတာတစ်ခုထဲလား?

Spoke person ဖြစ်လာဖို့ တိုင်းရေးပြည်ရာမှာနှံ့စပ်တာတစ်ခုထဲလား? သူနေထိုင်ရာဘဝမှာ အစွန်းထင်းမရှိအောင် စောင့်စည်းနေထိုင်တာတစ်ခုထဲလား? မဟုတ်ဘူး….အဲ့ဒါတွေအကုန်ပေါင်းမှ “အလှမယ်” ဆိုတာ ဖြစ်လာတာပါနော် တွေ့ရာလူကို နာမည်ကြီးနေတာတစ်ခုထဲနဲ့၊ စိတ်ထားလေးရိုးသားလို့ပါဆိုတာတစ်ခုထဲနဲ့၊ ဒေါက်ဖိနပ်ကောင်းကောင်းစီးတတ်လာတာ တစ်ခုထဲနဲ့တော့ “အလှမယ်” ဆိုတဲ့ ခေါင်းစဉ်အောက်ကို လွယ်လွယ်လေးဆွဲမထည့်ကြပါနဲ့ရှင် မေတ္တာရပ်ခံပါတယ် ” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ Tik Tok Cele ငြိမ်းမြတ်သူက အလှမယ် တစ်ယောက်အဖြစ် ရပ်တည်သွားမယ်ဆိုတဲ့အပေါ် ပရိတ်သတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Credit to San Kyi Par