မိန်းမတွေပေါတယ် မိန်းမကောင်း မိန်းမမြတ်တွေ ရှားလာပြီ ဒီစာလေးကို ဖတ်ပြီး သင့်တန်ဖိုးကို သင်ကိုယ်တိုင် စျေးဖြတ်ပါ

0
80

မိန်းမတွေပေါတယ် မိန်းမကောင်း မိန်းမမြတ်တွေ ရှားလာပြီ သင့်တန်ဖိုးကို သင်ကိုယ်တိုင် စျေးဖြတ်ပါ !

တက်တူးထိုးတိုင်း မိန်းမပျက် မဟုတ်ပါဘူးဟုတ်လား? ဒါပေမယ့် ဂုဏ်သရေရှိမိန်းမပျိုတိုင်း တက်တူး မထိုးကြဘူး..

ဆံပင် ဆေးရောင်စုံဆိုးတိုင်း မိန်းမပျက် မဟုတ်ပါဘူးဟုတ်လား? ဒါပေမယ့် အဆင့်အတန်းရှိတဲ့ မိန်းမပျိုတိုင်း ပိတုန်းရောင်ကေသာလေးနဲ့ လှကြတယ်…

အတိုအဟိုက်တွေ ဝတ်တိုင်း ပေါ့ပျက်ပျက်မိန်းမ မဟုတ်ပါဘူးဟုတ်လား? ဒါပေမယ့် မိကောင်းဖခင် သားသမီးတိုင်း လျပ်ပေါ်လော်လီ မဝတ်ကြဘူး….

အရက် ဘီယာ သောက်တိုင်း အပေါစား မိန်းမ မဟုတ်ပါဘူးဟုတ်လား? ဒါပေမယ့် ဗုဒ္ဓဘာသာစစ်စစ် မိန်းမမြတ်မှန်ရင် ကံငါးပါးကိို မကျူးလွန်ကြဘူး….

ချစ်သူ ရည်းစားများတိုင်း အပေါစား မိန်းမ မဟုတ်ပါဘူးဟုတ်လား? ဒါပေမယ့် မိန်းမကောင်းပီသတဲ့သူတိုင်း ပန်းကောင်းတစ်ပွင့်ပဲ ပန်တယ်……

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲမှာ…. မိန်းကလေးတစ်ယောက်ရဲ့စာရိတ္တဆိုတာ သူ့လက်ထဲမှာ….. ရေအိုင်အဆင့်လောက်ပဲရှိရင် တွေ့သမျှလူတိုင်း ခြေဆေးခံရတတ်တယ်

ဇရပ်အဆင့်လောက်ပဲရှိရင် သူတောင်းစားလည်း လာအိပ်နိုင်တယ်….လူမိုက်များလေလေ ပညာရှိ တန်ဖိုးတက်လေလေ…. မိန်းမပျက်များလေလေ မိန်းမကောင်းလေးတွေ တန်ဖိုးတက်လေလေ…

ဒါဟာ ခေတ်ရေစီးကြောင်းဆိုရင် ခေတ်ပျက်လာတာကို လက်ခံပါ…. ယနေ့ခေတ် မြန်မာပြည် လူဦးရေ သန်း ၆၀ ကျော် မိန်းကလေးဦးရေက ယောကျာ်းလေးဦးရေထက် အရမ်းများပါတယ်

ဒါပေမယ့် ညီမလေးရေ မိန်းမတွေပေါတယ် မိန်းမကောင်း မိန်းမမြတ်တွေ ရှားလာပြီ သင့်တန်ဖိုးကို သင်ကိုယ်တိုင် စျေးဖြတ်ပါ ! တန်ဖိုးမဲ့တဲ့ မိန်းကလေးစာရင်းထဲ ညီမလေး မပါစေနဲ့…။

စေတနာဖြင့် ……. ယေဘူယျအားဖြင့်ပြောပါတယ်…။ ။

#ခရက်ဒစ်

LEAVE A REPLY

Please enter your comment!
Please enter your name here