သီတဂူဆရာတော်ကြီးမှ ၆လတာအတွင်း စုစုပေါင်း-ဆန်-၄၆,၂၅၈ တင်း၊ ပဲဆီ-၃၈,၅၇၈ ပိသာ လှူဒါန်းခဲ့ခြင်း

0
90

သာဓုအကြိမ်ကြိမ်ခေါ်ဆိုရိုသေစွာကန်တော့ပါသည်ဘုရား

“၆လတာအတွင်း စုစုပေါင်း-ဆန်-၄၆,၂၅၈ တင်း၊ ပဲဆီ-၃၈,၅၇၈ ပိသာ လှူဒါန်းခဲ့ခြင်း”

သီတဂူဆရာတော်ကြီးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသည့် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍

အခက်အခဲများ စတင်ဖြစ်ပွါးလာနိုင်သည့် အခြေအနေကို မှန်းမျှော်တွေးဆလျှက် ၆လအတွင်းတွင်

၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃ဦး) ရန်ကုန်မြို့ သို့ ၁၀၀ အိတ်။

၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃ဦး) ရန်ကုန်မြို့သို့ ၁၀၀ အိတ်။

၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅ဦး) ရန်ကုန်မြို့သို့ ၁ဝဝအိတ်။

၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅ဦး) သံလျှင်မြို့သို့ ၁၀၀ အိတ်။

၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ ၁၀၀ အိတ်။

၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ ၁၀၀၀ အိတ်။

၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ ၁၀၀၀ အိတ်။

၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ ၂၅၀ အိတ်။

၉။ အင်းစိန်-ခဝဲခြံမျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ ၁၀၀ အိတ်။

၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။

၁၁။ မြင်သာမြို့ဦး ပရဟိတအထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ – ၄၅၀ အိတ်။

၁၂။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ဒေးရှင်း၊ ရန်ကုန်မြို့သို့ (ပ)၁ဝဝအတ်(ဒု)၂ဝဝအတ်=၃ဝဝအတ်။

၁၃။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ တိုက်ပွဲရှောင်မိသားစုများသို့ – ၁၀၀၀ အိတ်။

၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း – ၁၀၀၀ အိတ်။

၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းခြင်း – ၁၀၀၀ အိတ် (သီတဂူဆရာတာ် ကိုယ်တိုင် ကြွရောက်လှူဒါန်းခြင်း)။

အထက်ပါ (၁၅) နေရာများသို့လည်း ဆန် – ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။

၁၆။ ဘိရှော့ မာကိုတင်ဝင်း မန္တလေးမြို့ ခရစ်ယာန်ချပ်ရ်ှကျောင်းသို့ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ဆန်တ်-၁ဝဝဆီ-၁၀၀ ပိသာ။

၁၇။ စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊

အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင်

မှီင်းနေထိုင်ကြသူများ ၂,၁၅၀ ဦး စုစုပေါင်း – ၁၆,၂၅ဝဦးတို့အတွက် ၁၇-၄-၂၀၂၀ ရက်နေ့တွင်န်-၁၆,၂၅ဝအဆီ-၁၆,၂၅၀ ပိသာ ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။

၁၈။ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့်

အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ၃၀-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၈ပြည်၊

ဆီ-၅ဝကျပ်သား နှုန်းဖြင့် ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးခဲ့ပါသည်။

၁၉။ ရန်ကုန်တိုင်း ၂၉မြို့နယ်မှ သီလရှင် ၂၀၁၁၂ ပါးအတွက် ဆန်-၂၀၁၁၂ တင်း၊ ဆီ-၂၀၁၁၂ ပိတို့ကို၈-၆-၂၀၂၀ ရက်နေ့တွင်စတင်လှူဒါန်းပေးခဲ့သည်။

စုစုပေါင်းဆန် – ၄၆,၂၅၈ တင်း၊စုစုပေါင်းပဲဆီ – ၃၈,၅၇၈ ပိသာ၊မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်)

၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။

သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ

တာယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အလှူတော်ဆုတောင်းဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု

သဒေဝကာ။ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။

ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။

ကုသိုလ် အမျှ၊ အမျှ၊ အမျှ

ယူတော်မူကြပါကုန်သော် ….

သာဓု…သာဓု…သာဓု

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူသာသနာပြုအဖွဲ့