အရေးပေါ် လိုအပ်တဲ့အခါ ကိုယ်တိုင်အလိုင်းမန့်် ချိန်ညှိခြင်း

0
60

“အရေးပေါ် လိုအပ်တဲ့အခါ ကိုယ်တိုင်အလိုင်းမန့်် ချိန်ညှိခြင်း”တာယာဘီး အလိုင်းမန့် ချိန်ညှိခြင်း (Wheel Alignment)

ကားတစ်စီးမှာ စတီယာရင်ထိန်းရတာကောင်းဖို့၊ တာယာမျက်နှာပြင် ပန်းသားတွေ အစားသက်သာစေဖို့၊ တာယာကြောင့်ဖြစ်ပေါ်တဲ့ ဘီးလည် ခုခံမှုအားတွေ လျှော့ချနိုင်ဖို့၊ တာယာဘီးအလိုင်းမန့် အနေအထားတွေ မှန်ကန်ဖို့ လိုပါတယ်။

အလိုင်းမန့်မမှန်တဲ့ အခြေအနေ(Out of Wheel Alignment))မှာ ကားမောင်းရတာ မကောင်းပါ။ စတီယာရင် တစ်ဖက်ကို ဆွဲနေတတ်ပါတယ်။

တာယာမျက်နှာပြင် ဘေးစောင်းသားတွေ ခုတ်စားတာ မြန်ပါတယ်။ တာယာတစ်လုံး သက်တမ်းတိုစေပါတယ်။

ကားအောက်ပိုင်းစနစ်(ခေါ်) ဆပ်စပန်းရှင်းစနစ်နဲ့ စတီယာရင်စနစ် တို့ကို ပူးတွဲဖွဲ့စည်းထားပါတယ်။ အောက်ပိုင်းစနစ်ကောင်းမှ တာယာဘီးအလိုင်းမန့် မှန်နေပြီး စတီယာရင် ကစားရတာလည်း လွယ်ကူချောမွေ့စေပါတယ်။

ကားဘီးကွေ့ပြီးတာနဲ့ မူလတည့်တည့် အနေအထားကို ကောင်းစွာ ပြန်လည်ရောက်ရှိနိုင်ပါတယ်။ Wheel Alignment ဆိုတာ တာယာဘီးတွေရဲ့ တည်ရှိမှု အနေအထားနဲ့ ကားကိုယ်ထည် ဘော်ဒီချက်စီတို့ကြားမှာရှိနေတဲ့ ဂျီသြမေတြီ ဆက်သွယ်မှု အမျိုးအစားနဲ့ ဒီဂရီအတိုင်းအတာတွေကို စုပေါင်းပြီးခေါ်ဆိုတာဖြစ်ပါတယ်။

ကားတစ်စီးမှာ တာယာဘီးလေးဘီး တပ်ဆင်တည်ရှိနေမှု ထောင့်ဒီဂရီအချိုးအစားတွေဟာ တာယာဘီး ဘီးယက်မောင်းနှင်မှု စံစနစ်၊ ယာဉ်တစ်စီးထမ်းဆောင်ရတဲ့ ဝန်အား(Load)နဲ့ ရွေ့လျားနေစဉ် ဖြစ်ပေါ်တဲ့ ဒိုင်နဲမစ် သက်ရောက်အားတွေကြောင့် အနည်းငယ်စီ ပြောင်းလဲသွားတတ်ပါတယ်။

ပြောင်းလဲမှုတွေကြောင့်် ကားဘီးအလိုင်းမန့်တွေ မှားယွင်းမသွားအောင် စစ်ဆေး ချိန်ညှိပေးရပါတယ်။ ကားတစ်စီးရဲ့ အောက်ပိုင်း ဆပ်စပန်းရှင်းစနစ်နဲ့ ဘီးအလိုင်းမန့် စစ်ဆေးပြုပြင်တာတွေကို ပုံမှန်ဆောင်ရွက်ပေးမှသာ ကားတစ်စီးကို ထိန်းကျောင်းမောင်းနှင်ရတာကောင်းသလို ကားစီးရတာလည်း သက်သောင့်သက်သာရှိပြီး အဆင်ပြေစေပါတယ်။

တာယာတွေလည်း ပွန်းစားမှု သက်သာစေပါတယ်။ ကားတစ်စီး ဘေးကင်းလုံခြုံရေး(Safety)အတွက်လည်း စိတ်ချရပါတယ်။ အောက်ပိုင်းဆပ်စပန်းရှင်းစနစ်က တိုက်ရော့(ဒ်)ဘောဂျွိုင်းတွေစားပြီး ချောင်နေတဲ့ ကားတစ်စီးဟာ လမ်းကြမ်း၊ လမ်းဆိုးမှာ မောင်းရတဲ့အခါ အချိန်မရွေး တိုက်ရော့ဒ်တွေ၊ ဘောဂျွိုင်း(Ball Joint)တွေ ပြုတ်ပြီး အန္တရာယ်ဖြစ် သွားနိုင်ပါတယ်။

ဘီးအလိုင်းမန့် မှန်ကန်နေဖို့၊ ကားအောက်ပိုင်း ဆပ်စပန်းရှင်း အစိတ်အပိုင်းတွေ ကောင်းကောင်းတင်းကျပ်နေဖို့ လိုပါတယ်။ အလိုင်းမန့် စနစ်နဲ့ ဆပ်စပန်းရှင်းစနစ် နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အကြောင်းတရားတွေပါပဲ။ ကားဘီးအလိုင်းမန့် ပုံမှန် စစ်ဆေးချိန်ညှိပေးခြင်း နှင့်အတူ အောက်ပိုင်း ဆပ်စပန်းရှင်းစနစ်ကိုလည်း တစ်ခါတည်းပြုပြင်ပြီး ဖြစ်ပါတယ်။

ကားဘီးအလိုင်းမန့် ဂျီသြမေတြီအခြေခံထောင့်် ဒီဂရီ သုံးမျိုးရှိပါတယ်။ တိုးအင်-တိုးအောက် (Toe-in, Toe-out)၊ ကမ်ဘာ(Camber) နဲ့ ကတ် စတာ(Caster)တို့ ဖြစ်ပါတယ်။

Toe-in, Toe-out

ကားဘီးအလိုင်းမန့် ထောင့်တွေထဲမှာ Toe-in, Toe-out အလိုင်းမန့်က အရေးကြီးပါတယ်။ Toe Alignment မမှန်တာနဲ့ တာယာပန်းတွေ ပွန်းစားတာ မြန်ပါတယ်။ ကားတစ်စီးမှာ စတီယာရင်နဲ့ တိုက်ရော့ဒ် ဆက်သွယ်မှု၊ တိုက်ရော့ဒ် အဖျားပိုင်းနဲ့ စတီယာရင် နတ်ကယ်အမ်း (Knuckle Arm) ဆက်သွယ်မှုရှိပါတယ်။

ကားရှေ့ဘီး တာယာနှစ်လုံးကို အပေါစီးမြင်ကွင်းအနေအထားကနေ ကြည့်ပါ။ တာယာရှေ့ပိုင်း အကွာအဝေးနဲ့ တာယာနောက်ပိုင်း အကွာအဝေးဟာတူညီနေပြီး တစ်ခုနှင့်တစ်ခု မျဉ်းပြိုင်ဖြစ်နေရပါတယ်။ သီအိုရီအတိုင်းပြောမယ်ဆိုရင်တော့ တာယာဘီး နှစ်လုံးမျဉ်းပြိုင်ဖြစ်နေခြင်းကို ဇီးရိုးတိုး(Zero Toe)လို့ ခေါ်ပါတယ်။

မြေပြင်လက်တွေ့မှာတော့ ကားရှေ့ဘီး တာယာနှစ်လုံးကို မျဉ်းပြိုင် ကျနေအောင် Zero Toe အနေအထားမျိုး ချိန်ညှိထားလို့မရပါ။ ဘာဖြစ်လို့လဲဆိုတော့ ကားအောက်ပိုင်းစနစ် ဆပ်စပန်းရှင်းအဆက်တွေ၊ တိုက်ရော့ဒ်တန်း ဂေါ်လီခေါင်းနဲ့ စတီယာရင်အဆက်တွေ၊ ရော်ဘာဘွတ် အထိုင်တွေဟာ အလွတ်ကစားမှုတွေ အနည်းငယ်စီရှိနေပါတယ်။

ကားအရှိန် များလွန်းတာ၊ ကားဘရိတ်ဖမ်းတာနဲ့ ရုတ်တရက် အရှိန်နဲ့ချိုးကွေ့လိုက်တဲ့ အခြေအနေမှာ တာယာဘီးတွေဟာ မျဉ်းပြိုင်ကျမနေတော့ပါဘူး။ တစ်နည်းပြောရရင် Zero Toe မှာ မရှိလောက်ပါဘူး။ ဒီလိုမျိုး အလွတ်ကစားနေတာမျိုးကို ကာမိစေဖို့ Toe-in ၊ သို့မဟုတ် Toe-out အနေအထားမှာ ချိန်ညှိပေးထားရပါတယ်။

Toe-in ရဲ့ အဓိပ္ပာယ်က ရှေ့ဘီးတာယာ နှစ်လုံးကို အပေါစီးကကြည့်ရင် ရှေ့ပိုင်းမှာ အတွင်းကို အနည်းငယ်စုတဲ့ အနေအထားကို ပြောတာပါ။ ရှေ့ပိုင်းအကွာအဝေးက နောက်ပိုင်းအကွာအဝေးထက် ပိုပြီး တိုနေပါတယ်။

Toe-out ရဲ့ သဘောကတော့ ရှေ့ဘီးတာယာကို အပေါ်စီးကကြည့်ရင် တာယာရှေ့ပိုင်းမှာ အနည်းငယ် ကားထွက်နေတဲ့ အနေအထားကို ပြောတာပါ။ ရှေ့ပိုင်းအကွာအဝေးက နောက်ပိုင်းထက် ပိုပြီးရှည်နေပါတယ်။

နောက်ဘီးယက် ကားလေးတွေ၊ မီနီဗန်ကားတွေ၊ Light Tuck ကားတွေမှာ ရှေ့ဘီးတာယာကို Toe-in အနေထားမှာ ချိန်ထားရပါတယ်။လူစီးကားငယ်အတွက် ထားသင့်တဲ့ Toe-in ပမာဏကတော့ တစ်လက် မရဲ့ ၁၆ ပုံ ၁ ပုံ (1/16 inch)ဖြစ်ပါ တယ်။

တိုက်ရော့ဒ် အဖျားပိုင်းဂေါ်လီသီး ချောင်နေတာ၊ Control Arm ချည်တန်းဘွတ်တွေစားပြီး ချောင်နေတာ၊ စတီယာရင်အဆက်တွေ ချောင်နေတာ မျိုးဖြစ်ရင် ရှေ့ဘီးတာယာအားလုံး ကားထွက်နေပြီး Toe-out ဖြစ်နေတတ်ပါတယ်။ Toe-out များနေရင် တာယာပန်းတွေ စားသွားပါတယ်။

ကမ်ဘာ(Camber)

ကားကို ရှေ့တည့်တည့်အနေအထားက ကြည့်ပါ။ ကားတာယာဘီး အပေါပိုင်းက ချိန်ကျမျဉ်းကြိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် အပြင်ကို ကားထွက်နေတာမျိုး၊ ဒါမှမဟုတ် အတွင်းဘက်ကိုဝင်နေတာမျိုး ဖြစ်ရပါတယ်။

ရှေ့တည့်တည့်ကြည့်ရင် ချိန်သီးမျဉ်းကြိုးကနေ သွေဖည်နေတဲ့ ထောင့်ဒီဂရီတန်ဖိုးကို(Camber)လို့ ခေါ်ပါတယ်။

ကားဘီးအပေါ်ထိပ်ပိုင်းကအပြင် ဘက်ကို ကားထွက်နေတာမျိုးကို Positive Camber လို့ခေါပြီး အတွင်းကို စုပြီးဝင်နေရင် Negative Camber လို့ ခေါ်ပါတယ်။

Positive Camber ဖြစ်နေတဲ့ကားမှာ စတီယာရင် Knuckle (နတ် ကယ်)အပေါ် သက်ရောက်နေတဲ့ အားတွေက Spindle Baseင နဲ့ ပိုပြီးနီး ကပ်သွားတာကြောင့် Steering Knuckle ထမ်းရတဲ့ ဝန်အားကိုလျော့ ကျစေပါတယ်။ Positive Camberင ဒီဇိုင်းက ကားတစ်စီးကို အတွင်းဘက် တွန်းထားသလို ဖြစ်နေတာကြောင့် ဘီးပြုတ်ထွက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

Negative Camber က ကားကွေ့လိုက်တဲ့အခါမှာ ကားတစ်စီးလုံး တိမ်းစောင်းသွားတာကို ထောက်ကန်ပေးထားသလိုဖြစ်တဲ့အတွက်ကြောင့် ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်ကားတွေမှာ တပ်ဆင်သုံးလေ့ ရှိပါတယ်။

ကတ်စတာ(Caster)

စတီယာရင် ဝင်ရိုးတန်း(Axis)ကို ဘေးတိုက် အနေအထား ကြည့်ရင် ချိန်သီးမတ်မျဉ်းကြိုးကနေ နည်းနည်းလေး စောင်းနေတာ တွေ့ နိုင်ပါတယ်။ ဒီလိုစောင်းနေတဲ့ ဒီဂရီကို Caster လို့ ခေါ်ပါတယ်။ ချိန်သီးမတ်မျဉ်းကနေ နောက်ဘက်ကိုစောင်းနေရင် Positive Caster လို့ခေါ် ပြီး ရှေ့ဘက်ကို စောင်းနေရင် Negative Caster လို့ခေါ်ပါတယ်။

Positive Caster ရှိတဲ့ ကားတစ်စီး စတီယာရင် ကစားပေးရတာ ပေါ့ပါးသွက်လတ်ပါတယ်။ Positive Caster ရဲ့ သက်ရောက်မှုက ကားဘီးတာယာတွေကို ရှေ့တည့်တည့်မှာ အမြဲရှိနေအောင် ထောက်ပံ့ပေး နေပါတယ်။ Positive Camber ရှိနေရင် စတီယာရင် ထိန်းချုပ်ရတာ တည်ငြိမ်မှုရစေပါတယ်။

သတ်မှတ်ဒီဂရီထက်များနေရင်တော့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါ တယ်။ စတီယာရင် တစ်ဖက်ကိုဆွဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ ကားဘီး ဘယ်နဲ့ညာမှာ တစ်ဖက်နဲ့ တစ်ဖက် Caster ဒီဂရီ ခြားနားချက် ရှိပါတယ်။

ကားအောက်ပိုင်း ဆပ်စပန်းရှင်းစနစ်တွေ အသစ်လဲလှယ် တပ်ဆင် ပြီးရင် တာယာဘီးအလိုင်းမန့်ချိန်ဖို့ လိုပါတယ်။ စတီယာရင် တုန်ခါပြီးတစ် ဖက်ကိုဆွဲသွားတာမျိုးဖြစ်ရင် ဘီးအလိုင်းမန့် ပြန်ချိန်သင့်ပါတယ်။

ရှေ့ဘီးတာယာ ပန်းသားမျက်နှာပြင်တွေ ထူးထူးခြားခြားပွန်းစားနေရင်လည်း ကားအောက်ပိုင်းစနစ်တွေ ပြန်လည်စစ်ဆေးပြုပြင်ပြီး ဘီးအလိုင်းမန့်ချိန်ပေးရပါတယ်။

နောက်ဘီးမှာ Independent Suspension စနစ်ဖြစ်ရင် နောက် တာယာဘီးကိုလည်း ရှေ့တာယာဘီးချိန်သလို Camber၊ Toe-in/ Toe-out တွေ ပြန်ချိန်ညှိပေးဖို့ လိုပါတယ်။

တိကျတဲ့ ကားဘီးအလိုင်းမန့် ဆားဗစ်ကိုလိုချင်ရင် ခေတ်မီတဲ့ ဝပ်ရှော့တွေမှာ လေဆာအလင်းတန်းသုံး အလိုင်းမန့်စက်သစ်ကြီးတွေနဲ့ ချိန်ပါ။ အနည်းဆုံး နှစ်လ၊ သုံးလ တစ်ကြိမ်လောက် ဘီးအလိုင်းမန့် ပြန်စစ်ဆေးသင့်ပါတယ်။

ရှေ့ဘီးယက်ကားတွေမှာ ရှေ့ဘီးရော၊ နောက်ဘီးရော ဘီးအလိုင်းမန့် ချိန်ပေးဖို့လိုပါတယ်။ အလိုင်းမန့်မချိန်ခင် တာယာလေပေါင်ဖိအားတွေမှန်အောင် ချိန်ထားရပါတယ်။ တာယာအမျိုးအစား အရွယ်တူညီရပါတယ်။

မင်းသစ်ထူး (စက်မှု-နည်းပညာ)

ကား-Car အကြောင်းစုံ

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here