ဒူးနာ ခါးနာအတွက် ကိုယ်ရံကြီးရွက်

0
79

ပုံမှာမြင်နေရတဲ့အပင်ကို ကိုယ်ရံကြီးပင်လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို Poison Bulb လို့ ခေါ်ပြီး ရုက္ခဗေဒလို Crinum asiaticm Linn လို့ ခေါ်ပါတယ်။ နေရာဒေသအလိုက် အခေါ်အဝေါ်များ အနည်းငယ်စီ ကွဲပြားကြပါတယ်။ အရောင်ကလည်း အဖြူ၊ အနီ စသဖြင့် အနည်းငယ်စီ ကွဲပြားကြပါတယ်။ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။

သူ့ရဲ့ အစွမ်းထက်မှုကတော့ ဒဏ်တစ်ခုခုကြောင့် နာသွားတဲ့ အရိုးအဆစ်အမြစ်များကို အမြန်ဆုံး ပြန်လည်သက်သာစေတာ ဖြစ်ပါတယ်။ အခြားရောဂါများအတွက်လည်း အသုံးဝင်တဲ့ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။

ဒူးနာ၊ ခါးနာဖြစ်လျှင် ကိုယ်ရံကြီးရဲ့ အရွက်ကို မီးကင်ပြီး နာနေတဲ့ နေရာပေါ်ကို ဖုံးအုပ်ပေးထားပါ။ တစ်ခါကပ်ရင် အနည်းဆုံး နာရီဝက်ခန့် ကပ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်ခန့် ကပ်ပေးနိုင်ပါတယ်။ ညအိပ်ချိန်လည်း ကပ်ထားပြီး အိပ်နိုင်ပါတယ်။

ဒူးနာခါးနာဝေဒနာရှင်များ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here