ဘုန်းကြီးကျောင်းသစ် ဆောက်လုပ်ရန် မြေသန့်ရှင်းလင်းရာမှ ငွေဒင်္ဂါး ၁၂၀ ပြားအား တူးဖော်ရရှိခဲ့

0
120

၁၁. ၂. ၂၀ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ၌ နံနက် (၈)နာရီခန့်တွင် သုဓမ္မာသာရ ဘုန်းတော်ကြီးကျောင်းသစ် ဆောက်လုပ်ရန်အတွက် ရွာသူရွာသားများမှ မြေနေရာသန့်ရှင်ရေးဆောင်ရွက်နေစဉ် အင်ကုန်းကျေးရွာနေ

 

ဦးမင်းစိုးလင်း(ဘ)ဦးထွန်းရွှေ မှ GEORGE V KING & EMPEROR ငွေဒင်္ဂါး(၇) ပြား၊ EDWARD VII KING & EMPEROR ငွေဒင်္ဂါး(၄၅) ပြား၊ VICTORIA QUEEN ငွေဒင်္ဂါး (၁၂) ပြားနှင့် VICTORIA EMPERESS ငွေဒင်္ဂါး (၅၆) ပြား စုစုပေါင်းငွေဒင်္ဂါး (၁၂၀) ပြားအား တူးဖော်တွေ့ရှိခဲ့သည်။

 

အဆိုပါ ငွေဒင်္ဂါး (၁၂၀) ပြားအား အင်ကုန်းကျောင်းဆရာတော်ကြီး၏ မိန့်ကြားချက်အရ ဦးဝင်းအောင်(ဘ)ဦးအုန်းဖေ ဘုန်းတော်ကြီးကျောင်း ဆောင်သစ်ဖြစ်မြောက်ရေးကော်မတီ ထံတွင် ဖြင့်ထိန်းသိမ်းထားရှိ ကြောင်သိရှိရပါသည်။

ZayarThaw

From Yomalan