ဖြူဖြူထွေးကတော့အလှူပက်စက်လိုက်ပြန်ပြီဗျာ

0
84

သဘောမနောကောင်းတဲ့စိတ် ဖြူစင်ရိုးသားပွင့်လင်းတဲ့အပြုအမူလေးတွေနဲ့ ပရိတ်သတ်ရင်ထဲထိထိုးဖောက်ဝင်ရောက်ခဲ့တဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးဟာဆိုရင် ယနေ့မှာလည်း ထပ်မံအလှူလုပ်လိုက်ပြန်ပါပြီဗျာ။

ရပ်ရွာဂျောင်ကလောင်ကအစ မသိတဲ့သူ မရှိအောင် အောင်မြင်လာတဲ့သူမ ၊ ဖြူဖြူထွေးလို့ပြောလိုက်တာနဲ့ သူမရဲ့ပွင့်လင်းရိုးသားတဲ့အသံ၊ ရုပ်၊ လူကြီးသူမကိုရိုသေနေတဲ့ပုံရိပ်၊ အလှူပြုနေတဲ့ ပုံရိပ်တွေကို မျက်မှန်းတန်းမြင်ယောင်လာသည်အထိ အလှူအတန်းရက်ရောလွန်းသူပါ။

လတ်တလောမှာလည်း ဖြူဖြူထွေးဟာ ဗွီဒီယိုလောက တိမ်မြုပ်နေချိန် အနုပညာလောကနဲ့ အလှမ်းဝေးနေတဲ့ ဇာတ်ပို့ဇာတ်ရံများကို သူမရဲ့ကြော်ငြာရိုက်ကူးရေးတွေထဲမှာ ထည့်သွင်းရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ သက်ကြီးဇာတ်ပို့ဇာတ်ရံများကို ရှိခိုးကန်တော့ပြီး လှူတန်းမှုတွေပြုလုပ်ခဲ့တာကြောင့် အနုပညာသည်အချင်းချင်းတောင် လေးစားရတဲ့ ဂုဏ်ပုဒ်ကိုလည်း ရယူနိုင်ခဲ့ပါပြီ။

အလှူပက်စက်သလို သူမရဲ့အောင်မြင်မှုကလည်း ထိန်းမနိုင်သိမ်းမရ တဟုန်ထိုး လေရှိန်လိုတိုးတက်လာနေပါပြီ။ ဖြူဖြူထွေးဟာ သူမရဲ့အလှူပြုမှု့တွေကို လူမှု့ကွန်ယက်စာမျက်နှာမှာ အများပြည်သူ သာဓုခေါ်နိုင်အောင် မျှဝေလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပရိတ်သတ်ကြီး သာဓုခေါ်လို့ရအောင် သူမရဲ့အလှူပြုမှုဗွီဒီယိုဖိုင်လေးကို မျှဝေပေးခဲ့ပြန်ပါပြီနော်။

သူမဟာ ဒီနေ့မှာတော့ SKY ပလပ်စတစ်ပစ္စည်းလေးတွေကို လမ်းမှာတွေ့သမျှ ဘိုးဘိုးဘွားဘွားကိုကိုမမမောင်လေးညီမလေးတွေ ပေးဝေကာ အလှူဒါနတွေပြုနေတာ ပီတိဖြစ်စရာပါပဲနော်။ လူတိုင်းလည်း သူမကိုအတုယူပြီး ကောင်းမှုဆောင် မကောင်းမှုရှောင်ကြရအောင်နော်။

San Htet Wai(ApannPyay)

Video from AlinnMyay

LEAVE A REPLY

Please enter your comment!
Please enter your name here