လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်စေမယ့်ဆေးနည်း

0
94

လေဖြတ်ရောဂါအတွက် ဆိပ်ဖူးပင် ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။

ဆိပ်ဖူးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးများမှာလည်း ဆိပ်ဖူးကို ထည့်သွင်း အသုံးပြုထားကြပါတယ်။ အချိုပင်နှင့် အချဉ်ပင် နှစ်မျိုးစလုံးဟာ ဆေးဖက်ဝင်ပါတယ်။

ဆေးသုံးစွဲနည်း

၁။ ဆိပ်ဖူးပင်၏ ဥကို ထောင်းပြီးလျှင် ထန်းလျှက်အရက်နှင့် တစ်နေ့ ၃ ကြိမ်ဖြင့် တစ်လခန့် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်လာပါတယ်။

၂။ ဆိပ်ဖူး၊ မျှစ်၊ ပုဇွန်တို့ကို အတူလုံး၍ ရွဲယိုရွက်ဖြင့် ထုပ်ကာ ချက်စားနိုင်ပါတယ်။

၃။ ဆိပ်ဖူးကို ပုဇွန်ခြောက်နှင့်အတူကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖြော်ပြီးထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာရှိပါတယ်။ ဆေးဖက်ဝင်ပါတယ်။

၄။ ဆိပ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက်များကို ပြေစေပါတယ်။

၅။ ဆိပ်ဖူးကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်သလို ငရုတ်သီးနှင့်အတူ ထောင်းစားနိုင်ပါတယ်။

ဆိပ်ဖူးဟာ မိုးတွင်းမှာ အဖူး ဖူးပါတယ်။ မွန်ပြည်နယ်၊ ထီးလင်း၊ သိမ်ဇရပ်နှင့် ဧရာဝတီတိုင်း၊ ဇလွန်တို့ဘက်မှာလည်း ရနိုင်ပါတယ်။ ဈေးထဲတွင်လည်း မေး၍ ဝယ်ယူနိုင်ပါတယ်။

မည်သူမဆို ဆေးဒါနပြုပေးနိုင်ကြပါတယ်။

ဦးစောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား – U Zin U Zin , တိုင်းရင်းဆေးနည်းများ

LEAVE A REPLY

Please enter your comment!
Please enter your name here