၂၀၂၀ ဇူလိုင်လအတွက် ထီထိုးတဲ့သူတိုင်း ထီပေါက်ကိန်းရှိသည့် ထီထိုးရမည့်အချိန်အပိုင်းအခြား

0
56

” ထီထိုးတဲ့သူတိုင်း ထီပေါက်ကိန်းရှိသည် ”

၂၀၂၀ ဇူလိုင်လအတွက် နေ့သားအလိုက် အကျိုးပေး အောင်ဘာလေထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား

တနင်္ဂနွေသားသမီးများ – အိမ်ရဲ့ဧည့်ခန်းမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ တနင်္ဂနွေသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။ ကြက်ဥကြော်စားပြီးထိုးပါ …။

တနင်္ဂနေ့ နေ့လည်(၁)နာရီ(၃၀)မှ – (၃) နာရီအတွင်း အနီရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီးထိုးပါ …။ ( ၁ ၊ ၉ ၊ ၃ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

တနင်္လာသားသမီးများ – လမ်းဘေးက ဆိုင်းဘုတ်တစ်ခုမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ အင်္ဂါသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။ ကြာဇံကြော်စားပြီးထိုးပါ …။

တနင်္လာနေ့ နံနက်(၉)နာရီမှ – (၁၀)နာရီ (၃၀) အတွင်း နီညိုရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၃ ၊ ၂ ၊ ၈ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

အင်္ဂါသားသမီးများ – မီးဖိုခန်းထဲမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ ကြာသပတေးသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။ ကော်ဖီသောက်ပြီးထိုးပါ …။

အင်္ဂါနေ့(၃)နာရီမှ – (၄)နာရီ(၃၀)အတွင်း အဝါရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၅ ၊ ၀ ၊ ၇ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

ဗုဒ္ဓဟူးသားသမီးများ – အိမ်တံခါးအနီးမှာ ထီပေါက်ဂဏန်းရှိနေပါတယ် … ။ စနေသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။ နန်းကြီးသုပ်စားပြီးထိုးပါ …။

ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီ(၃၀) မှ – (၁၂)နာရီအတွင်း အနက်ရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၇ ၊ ၄ ၊ ၈ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

ကြာသပတေးသားသမီးများ – ကားတစ်စီးရဲ့ ကားနံပါတ်ပြားမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ တနင်္လာသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။

ခေါက်ဆွဲကြော်စားပြီးထိုးပါ …။ ကြာသပတေးနေ့ ညနေ (၄)နာရီ(၃၀) မှ – (၆) နာရီအတွင်း အဖြူရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၂ ၊ ၇ ၊ ၉ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

သောကြာသားသမီးများ – ရေချိုးတဲ့နေရာ ၊ ရေချိုးခန်းထဲမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ ဗုဒ္ဓဟူးသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။ ကော်ရည်ခေါက်ဆွဲစားပြီးထိုးပါ …။

သောကြာနေ့ နေ့လည်(၁၂)နာရီ – (၁)နာရီ (၃၀)အတွင်း အစိမ်းရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ … ။ ( ၄ ၊ ၁ ၊ ၂ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

စနေသားသမီးများ – သတင်းစာတစ်စောင်ထဲမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ သောကြာသားသမီးတစ်ဦးနှင့် စပ်ပြီးထိုးပါ …။ အုန်းသီးပါတဲ့မုန့်စားပြီးထိုးပါ …။

စနေနေ့ နံနက် (၇)နာရီ (၃၀) မှ – (၉)နာရီအတွင်း အပြာရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၆ ၊ ၄ ၊ ၃ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

မိတ်ဆွေများအားလုံး အောင်ဘာလေထီဆုကြီးများ ရယူပိုင်ဆိုင် ဆွတ်ခူးနိုင်ကြပါစေ …။

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)

မိုးသားတိမ်လိပ်များ ၊ အနောက်တောင်မုတ်သုန်လေများ ၊ မိုးစက်မိုးပေါက်များကြောင့် ဆွတ်ပျံ့ကြည်နူးဖွယ်ရာကောင်းလှသော မိုးဦးကာလ ဇူလိုင်လ၏နေ့ရက်များ

LEAVE A REPLY

Please enter your comment!
Please enter your name here