TIKTOK အပါအဝင်တရုတ်အခြေစိုက် APP ၅၉ ခုကိုအိန္ဒိယနိုင်ငံမှ တားဆီးပိတ်ပင်လိုက်ပြီ

0
59

အိန္ဒိယနိုင်ငံဟာ တရုတ်အခြေစိုက် App (၅၉)ခုကို နိုင်ငံအတွင်း အသုံးပြုမှုမှ တားဆီးပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ပိတ်ပင်တားဆီးလိုက်တဲ့ App တွေဟာ တကယ့် ဆိုရှယ်မီဒီယာမှာ လူအသုံးပြုမှု တွင်ကျယ်နေတဲ့ App တွေဖြစ်ပြီး၊ သက်ဆိုင်ရာ ကုမ္ပဏီတွေကတော့ နစ်နာမှုတွေ ကြုံရတော့မှာပါ။

ဒီဆုံးဖြတ်ချက်ဟာ တရုတ်-အိန္ဒိယ နယ်စပ်ပဋိပက္ခကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ကနဦးတုန်းက App (၅၈)ခုကိုသာ တားမြစ်ပိတ်ပင်ခဲ့တာဆိုပေမယ့် နောက် ထပ်တိုးတစ်ခုနဲ့ (၅၉)ခု ဖြစ်သွားခဲ့တာပါ။

တားမြစ်ပိတ်ပင်ခံရတဲ့ App တွေထဲမှာ TikTok အပါအဝင်၊ WeChat, Weibo, Shein, UC Browser, Youcam makeup, UC News, WeSync နဲ့ Baidu map တို့ ပါဝင်ပါတယ်။ အိန္ဒိယ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက အဲဒီ App တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့-

လုံခြုံရေးပိုင်း ကိစ္စရပ်တွေအတွက် စိုးရိမ်စရာဖြစ်ပြီး၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးကို ထိပါးစေနိုင်တဲ့ App တွေဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ပိတ်ပင်ခံရတဲ့ ကုမ္ပဏီတစ်ခုကတော့ သူတို့ဟာ ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြောင်း၊ အိန္ဒိယရဲ့အခြေခံဥပဒေနဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို လိုက်နာပြီး၊ သတင်းအချက်လက် ရောင်းစားတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကတော့ ဆိုက်ဘာကျွမ်းကျင်သူတစ်ဦးက တရုတ်အခြေစိုက် TikTok App ဟာ စုံစမ်းထောက်လှမ်းခြင်းနဲ့၊ သတင်းအချက်အလက်ကို ရုံးချုပ်ကနေ ရယူနိုင်အောင် စီမံထားတဲ့ App တစ်ခုဖြစ်ကြောင်း၊ လူငယ်တွေရဲ့ဘဝကိုသာမက နိုင်ငံရဲ့လုံခြုံရေးတွေကိုပါ ကျိုးပေါက်စေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here