ရွာလမ်းလေးကောင်းဖို့အတွက် သူကိုယ်တိုင်ပြုပြင်ပေးနေတဲ့ နေမင်း

0
64

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နေမင်းကိုတော့ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ လက်ရှိမှာတော့ နေမင်းကအနုပညာအလုပ်တွေကိုခဏတာရပ်နားထားပြီး စိတ်တွေအရမ်းမွမ်းကျပ်နေလို့ သူ့ရဲ့မြို့လေးဖြစ်တဲ့သက္ကလမြို့လေးကိုအလည်ရောက်ရှိနေတယ်လို့သိရပါတယ်။

တောဓလေ့အတိုင်းလယ်ကွင်းတွေနဲ့သာယာလှပတဲ့ သက္ကလမြို့လေးကိုနေမင်းတို့မင်းသားစုလိုက်ရောက်ရှိနေပြီး အေးအေးချမ်းချမ်းအနားယူနေတာဖြစ်ပါတယ်။နေမင်းကတော့သူ့ရဲ့မြို့လေးတိုးတက်ဖို့အတွက်လည်း တစ်ထောင့်တစ်နေရာကနေတတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေသူတစ်ယောက်ပါ။ လက်ရှိမှာလည်း ရွာလမ်းလေးကောင်းဖို့အတွက်သူကိုယ်တိုင်ပြုပြင်ပေးနေတဲ့အကြောင်း ပုံရိပ်လေးတွေနဲ့အတူသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။


အဲဒီအကြောင်းလေးကိုတော့ “လမ်းပြင်နေသည်”ဆိုပြီးဖော်ပြထားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ကိုယ်တိုင်လမ်းပြင်နေတဲ့နေမင်းတို့ရဲ့ဗီဒီယိုဖိုင်လေးကို သာဓုခေါ်လို့ရအောင်ပြန်ဖော်ပြပေးလိုက်ပါတယ်နော်..။


Source:Nay Min

LEAVE A REPLY

Please enter your comment!
Please enter your name here