ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ဆုပန်ထွာ၏ခင်ပွန်း ကိုဥက္ကာကျော်ကို ပထမအဆင့်ရွေးချယ်

0
94

ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ဆုပန်ထွာ၏ခင်ပွန်း ကိုဥက္ကာကျော်ကို ပထမအဆင့်ရွေးချယ်

ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခြင်း

“အောင်ဆန်း” ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ် ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကြေငြာခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသော လျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။

ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊ အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာ ကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ကိုဥက္ကာကျော် အား ပထမဆင့်အနေဖြင့် ဂုဏ်ယူစွာ ရွေးချယ်လိုက်ပါသည်။ ဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊ သရုပ်ဆောင်မှုစစ်ဆေးခြင်း၊ Character Make-up Test ပြုလုပ်ခြင်းများကို မကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားစွာ လျှောက်ထားလာသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့

AungSanMovie

အောင်ဆန်းရုပ်ရှင်