ယခုနှစ် ကမ္ဘာပျက်မည်လို့ အတိအကျဟောကိန်းထုတ်လိုက်တဲ့ သင်းအုပ်ဆရာ

0
108

သင်းအုပ်ဆရာတစ်ဦးဖြစ်တဲ့ ပေါလ်ဘက်ဂလေအမည်ရ အမျိုးသားကတော့ ယခုနှစ်မှာ ကမ္ဘာပျက်ကိန်း ကြုံမယ်လို့ ရဲရဲတင်းတင်း ဟောလိုက်ပါတယ်။

ကမ္ဘာပျက်ကိန်းကြုံမယ့် ရက်စွဲကိုလည်း သူက အတိအကျ ဟောခဲ့တာပါ။ ပေါလ်ဘက်ဂလေဟာ သူ တက်ကျွမ်းနားလည်တဲ့ မာယာပြက္ခဒိန် နိမိတ်ဖတ်ခြင်း အတတတ်ပညာနဲ့ အခုလို ဟောကိန်းထုတ်လိုက်တာပါ။

ဒီဟောကိန်းဟာ နှစ်စဉ် နေကြတ်ပြီးနောက်ပိုင်းနဲ့ မတိုင်ခင်တွေမှာ ထွက်ပေါ်လေ့ရှိတဲ့ မရိုးနိုင်တဲ့ ဟောကိန်းလည်း ဖြစ်ပါတယ်။ ရှေ့ဖြစ်ဟောဆရာတွေလည်း ကမ္ဘာပျက်ကိန်း ဟောတာမျိုးရှိသလို၊ တချိုု့ပညာရှင်တွေကတော့ သူတို့ လိုက်စားတဲ့ ပညာတွေကို ကိုးကားပြီး ဟောတာမျိုးတွေလည်း ရှိပါတယ်။ အခုလည်း ပေါလ်ဘက်ဂလေက နေကြတ်နိမိတ်ကို မာယာပြက္ခဒိန်နဲ့ မှီညမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။

ပေါလ်ရဲ့ ဟောပြောချက်အရ ကမ္ဘာကြီးဟာ အခုနှစ် ခရစ်စမတ်မတိုင်မီမှာ ပျက်မှာပါတဲ့။ အထူးသဖြင့် ရက်အတိအကျ ဆိုရရင် ကမ္ဘာကြီးဟာ ဒီဇင်ဘာ(၂၁)ရက်နေ့မှာ သေချာပေါက် ပျက်စီးမှာလို့ သူက ရဲရဲတောက် ဟောကိန်းထုတ်ခဲ့တာပါ။ အဲဒီနေ့မှာ တစ်သက်မှာ တစ်ခါမှမကြုံဘူးတဲ့ (ပြောပြလို့မရတဲ့) ဘေးဆိုးကြီး ကျမယ်လို့ ဆိုပါတယ်။

ပေါလ်ရဲ့ဟောပြောချက်အရ အဲဒီ ဘေးဆိုးကြီးဖြစ်မယ့်နေ့ဟာ သူ့အတွက် တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဟာ ဆောင်း ယဉ်စွန်းချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆောင်းယဉ်စွန်းချိန်ဟာ ဒီဇင်ဘာ (၂၂)ရက်လောက်မှာ ကျရောက်လေ့ရှိပါတယ်။ နွေယဉ်စွန်းချိန်ကတော့ ဇွန် (၂၁)ရက်မှာ ကျရောက်လေ့ရှိပါတယ်။

ပေါလ်က ” မာယာလူမျိုး အကြီးအကဲတွေက ဒီနှစ်ကို ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ် .. သူတို့ဟာ အမှားတွေ ဟောကိန်းထုတ်ခဲ့တာမျိုး ဖြစ်နိုင်သလို .. မမှားဘူးဆိုရင်တော့ အခုနှစ် ဒီဇင်ဘာ(၂၁)ရက်ဟာ သူတို့ပြောတဲ့ ကမ္ဘာပျက်မယ့်အချိန်ပါဘဲ … အဲဒီနေ့ဟာ ကမ္ဘာကြီး အပြီးတိုင် ပျက်စီးသွားမှာပါ “လို့ ပြောခဲ့ပါတယ်။ အတိတ်ကာလမှာ ကမ္ဘာပျက်ဟောကိန်း ထောင်နဲ့ချီ ရှိခဲ့ဖူးပေမယ့် လက်ရှိအချိန်ထိတော့ မှန်ကန်ခြင်း မရှိခဲ့ပါဘူး။

ဘာသာပြန်-လင်းသုတ

Ref ; DailyStar