ရှင်သန်လာတဲ့ (၂၃)နှစ်လုံးလုံး ဒီနေ့လောက် ဘယ်တုန်းကမှ မပျော်ရွှင်ဖူးဘူး

0
103

ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်ရဲ့ အသက် (၂၃)နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က သူ့ရဲ့မွေးနေ့လေးကို မဟာဗောဓိပရိယတ္တိစာသင်တိုက်-ရန်ကင်းမှာ သံဃာတွေတွေကို ဆွမ်းကပ်ပြီး အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ မင်းသန့်မောင်မောင်ကလည်း သူ့ရဲ့မွေးနေ့လေးမှာ မိဘနှစ်ပါးလုံး စုံစုံလင်လင်ရှိနေခဲ့တာကြောင့် ဝမ်းသာနေတာကို တွေ့ရပါတယ်

မင်းသန့်မောင်မောင်က ” ဒီနေ့လောက် ပျော်စရာကောင်းပြီး ကံကောင်းတဲ့နေ့ကို မခံစားဖူးဘူး။ ကျွန်တော့အတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အဲ့ဒီမွေးနေ့ဆုတောင်းတွေက ကျွန်တော့ကို ပျော်ရွှင်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်ကလည်း အားလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တာရယ်ကင်းရှင်းကြပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်” ဆိုပြီး သူ့ရဲ့ ေ့ဖစ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

မင်းသန့်မောင်မောင်ကတော့ သူ့ရဲ့မွေးနေ့အမှီ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ မိခင်ကြောင့် အပျော်ရွှင်ရဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source: Min Thant Mg Mg’s fb