ဆီချက်လေးမွှေးအောင်ချက်ပြီး ကြာရှည်သိမ်းချင်တဲ့ရင်

0
97

ဆီချက်လေးမွှေးအောင်ချက်ပြီးကြာရှည်သိမ်းချင်တဲ့ညီမလေးရေ တင်ပေးဖို့နည်းနည်းနောက်ကျတာတော့ခွင့်လွှတ်ပါကွယ်

ဆီချက်ချက်ဖို့ကြက်သွန်နီပါးပါးညီညီ ကြက်သွန်ဖြူပါးပါးညီညီလှီးထားပါ

အထူအပါးမညီရင်အကျကိလဲမညီတတ်လို့ပါရှင် ကြာရှည်ထားချင်ရင်တော့ဆီသန့်ကိုသုံးပေးပါနော်

တခုခုအရင်ကြော်ထားမိတဲ့ဆီကိုမသုံးပဲဆီသစ်ကိုသာသုံးပါရှင်

အပြင်မှာထားရင်၂ပတ်လောက်ထားလို့ရပါတယ်

ရေခဲသေတ္တာထဲသိမ်းရင်တော့၃လလောက်အထားခံပါတယ်

လေလုံတဲ့ပုလင်းလေးနဲ့ထားရင်ပျော့မသွားပဲကြွပ်ရွနေပါတယ်

ကြက်သွန်နီကိုအရင်ကြော်ရွှေရောင်သန်းလာရင်ဆယ်ပြီးဖွကာဆီ စစ်ထားပါ။

မဖွပေးရင်အထဲဘက်ကအပူချိန်ကြောင့်ကျွမ်းသွားတတ်ပါတယ် ကြက်သွန်ဖြူကြော်ရင်တော့ဆီဒယ်အိုးထဲဒန်ဇကာလေးခံပြီးကြော် တာကအဆင်ပြေဆုံးပါ

ကြက်သွန်ဖြူကကျွမ်းလွယ်ပါတယ်ကြက်သွန်နီကြော်လိုလဲဆယ်လိုက်ရင်ထွေးပြီးပါမလာပါဘူး

ဆယ်နေရင်းကဆီထဲပြန်ပြန်ပါသွားတတ်တာမို့လက်မမြန်ရင်ကျွမ်း ပြီးတူးကုန်ရော တူးတော့ခါးပြီးမွှေးလဲမမွှေးတော့ပါဘူး

ဒါ့ကြောင့် ဆီဒယ်အိုးထဲ ဇကာခံပြီးကြော်တာက အရမ်းအဆင်ပြေပါတယ်

ကြက်သွန်ဖြူကြောိလဲဆယ်ပြီးပြီဆိုမှ မီးပိတ်ပြီးဆီအိုးထဲဆနွင်းမှုန့်ခပ်ပါရှင်

ဆနွင်းကတူးရင်အရမိးခါးပါတယ်

ဆနွင်းအထည့်စောရင်ဆနွင်းတူးပြီးဆီချက်ကခါးသက်သက်ဖြစ်စေပါတယ်

ကြက်သွန်နီကြော်၊ဖြူကြော်ဆီအေးပြီဆိုမှပုလင်းလေးထဲ ထည့်ပြီးရေခဲသေတ္တာထဲထည့်ထားရင်အသုပ်စားချင်တဲ့အချိန်ထသုပ် လို့လွယ်ကူမြန်ဆန်ပါတယ်

ပန်းခရေသိသမျှလောက်သာပါရှင်