ရုံးပိတ်ရက် နေရပ်ပြန်ဝန်ထမ်းတွေQuarantine ၂၁ ရက်ဝင်ပြီးမှသာ တာဝန်ထမ်းဆောင်ရမည်

0
868

နေရပ်ပြန်ဝန်ထမ်းတွေသတင်းအချက်အလက်အမှန်မပို့ဘဲ Quarantine ဝင်ဖို့ရှောင်လွှဲရင် အရေးယူခံရမှာပါ။

မဟာ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ နေရပ်ပြန်သွားတဲ့ အစိုးရဝန်ထမ်းအားလုံး မိမိတာဝန်ကျရာနေရာကို ပြန်ရောက်လာခဲ့ရင် Quarantineဝင်ပြီး စောင့်ကြည့်ခံရမယ်လို့ သိရပါတယ်။

အဆိုပါ ဝန်ထမ်းတွေအနေနဲ့ ချက်ချင်းတာဝန်ထမ်းဆောင်ရဦးမှာမဟုတ်ဘဲ အစိုးရက သတ်မှတ်ထားတဲ့ Facility Quarantineနေရာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည်ခံရဦးမှာဖြစ်ပါတယ်။

ကပ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သက်ဆိုင်ရာ ရုံးဌာနတွေရဲ့ခွင့်ပြု ချက်မရရှိပဲ တာဝန်ကျရာဒေသမှ ထွက်ခွာခြင်းမပြုဖို့ ဝန်ကြီးဌာနများအားလုံးကို အသိပေးအကြောင်းထားပြီး ဖြစ်ရာမှာ ခွင့်ပြုချက်မရရှိပဲ တာဝန်ကျရာဒေသကနေ နေရပ်ကို ပြန်သွားသူတွေရှိတယ်လို့သိရပါတယ်။

“ကျွန်တော်တို့ စည်ပင်ဌာနမှာတော့ နေရပ်ပြန်ဝန်ထမ်း ၂မျိုးရှိပါတယ်။တချို့က အမိန့်ကြေညာစာ မထွက်လာခင်ပြန်သွားတာပါ၊တချို့ကတော့ အမိန့်ကြေညာစာထွက်ပြီးမှ ပြန်တာပါ။

ဘယ်လိုပဲ ပြန်ပြန် ရုံးကိုပြန်ရောက်လာ ရင်တော့ အရင်ဆုံးQuarantine ၂၁ရက်ဝင်ရပါမယ်။ အမိန့်ကြေညာစာထွက်ပြီးတဲ့နောက်ခွင့်ပြုချက် မရရှိပဲ ပြန် သွားခဲ့သူတွေကို စစ်ဆေးမေးမြန်းပြီး အကြောင်းပြချက် မခိုင်လုံရင်တော့ ဝန်ထမ်းဥပဒေအတိုင်း အရေးယူသွားမှာပါ။”လို့ နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးကပြောပါတယ်။

အမိန့်ကြေညာစာအရ ဝန်ထမ်းများအနေနဲ့ နေရပ်ဒေသကို အရေးကြီးကိစ္စရပ်များမှအပ ပြန်ခွင့်မရှိလို့ ပါရှိတဲ့အတွက် အကြောင်းပြချက်မခိုင်လုံပါက အပြစ်ပေးအရေးယူခံရမှာလည်း ဖြစ်ပါတယ်။

အမိန့်ကြေညာစာ မထွက်ခင် ပြန်သွားတဲ့ ဝန်ထမ်းတွေကတော့ အပြစ်ပေးခံရမှာမဟုတ်ပဲQuarantineသာ ဝင်သွား ရမယ်လို့လည်းဦးရဲမင်းဦးက ပြောပါတယ်။

ခွင့်ပြုချက်မရပဲ နေရပ်ပြန် ဝန်ထမ်းတွေအနေနဲ့ အကြောင်းပြချက်မခိုင်လုံလို့ အပြစ်ပေးခံရမယ်ဆိုရင်လည်း အလုပ်ထိခိုက်စေလောက်အောင် ပြစ်ဒဏ်ကြီးကြီးမားမားမဟုတ်ဘဲ ရုံးတွင်းအပြစ်ပေးစနစ်အတိုင်း အကြီး၊အငယ် ကျခံရမယ်လို့လည်းသိရပါတယ်။

ဓူဝံ

႐ုံးပိတ္ရက္ ေနရပ္ျပန္ဝန္ထမ္းေတြQuarantine ၂၁ ရက္ဝင္ၿပီးမွသာ တာဝန္ထမ္းေဆာင္ရမည္

ေနရပ္ျပန္ဝန္ထမ္းေတြသတင္းအခ်က္အလက္အမွန္မပို႔ဘဲ Quarantine ဝင္ဖို႔ေရွာင္လႊဲရင္ အေရးယူခံရမွာပါ။

မဟာ သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္းမွာ ေနရပ္ျပန္သြားတဲ့ အစိုးရဝန္ထမ္းအားလုံး မိမိတာဝန္က်ရာေနရာကို ျပန္ေရာက္လာခဲ့ရင္ Quarantineဝင္ၿပီး ေစာင့္ၾကည့္ခံရမယ္လို႔ သိရပါတယ္။

အဆိုပါ ဝန္ထမ္းေတြအေနနဲ႔ ခ်က္ခ်င္းတာဝန္ထမ္းေဆာင္ရဦးမွာမဟုတ္ဘဲ အစိုးရက သတ္မွတ္ထားတဲ့ Facility Quarantineေနရာေတြမွာ ၂၁ ရက္ အသြားအလာကန႔္သတ္ေစာင့္ၾကည္ခံရဦးမွာျဖစ္ပါတယ္။

ကပ္ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက သက္ဆိုင္ရာ ႐ုံးဌာနေတြရဲ႕ခြင့္ျပဳ ခ်က္မရရွိပဲ တာဝန္က်ရာေဒသမွ ထြက္ခြာျခင္းမျပဳဖို႔ ဝန္ႀကီးဌာနမ်ားအားလုံးကို အသိေပးအေၾကာင္းထားၿပီး ျဖစ္ရာမွာ ခြင့္ျပဳခ်က္မရရွိပဲ တာဝန္က်ရာေဒသကေန ေနရပ္ကို ျပန္သြားသူေတြရွိတယ္လို႔သိရပါတယ္။

“ကြၽန္ေတာ္တို႔ စည္ပင္ဌာနမွာေတာ့ ေနရပ္ျပန္ဝန္ထမ္း ၂မ်ိဳးရွိပါတယ္။တခ်ိဳ႕က အမိန႔္ေၾကညာစာ မထြက္လာခင္ျပန္သြားတာပါ၊တခ်ိဳ႕ကေတာ့ အမိန႔္ေၾကညာစာထြက္ၿပီးမွ ျပန္တာပါ။

ဘယ္လိုပဲ ျပန္ျပန္ ႐ုံးကိုျပန္ေရာက္လာ ရင္ေတာ့ အရင္ဆုံးQuarantine ၂၁ရက္ဝင္ရပါမယ္။ အမိန႔္ေၾကညာစာထြက္ၿပီးတဲ့ေနာက္ခြင့္ျပဳခ်က္ မရရွိပဲ ျပန္ သြားခဲ့သူေတြကို စစ္ေဆးေမးျမန္းၿပီး အေၾကာင္းျပခ်က္ မခိုင္လုံရင္ေတာ့ ဝန္ထမ္းဥပေဒအတိုင္း အေရးယူသြားမွာပါ။”လို႔ ေနျပည္ေတာ္ ဒု-ၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကေျပာပါတယ္။

အမိန႔္ေၾကညာစာအရ ဝန္ထမ္းမ်ားအေနနဲ႔ ေနရပ္ေဒသကို အေရးႀကီးကိစၥရပ္မ်ားမွအပ ျပန္ခြင့္မရွိလို႔ ပါရွိတဲ့အတြက္ အေၾကာင္းျပခ်က္မခိုင္လုံပါက အျပစ္ေပးအေရးယူခံရမွာလည္း ျဖစ္ပါတယ္။

အမိန႔္ေၾကညာစာ မထြက္ခင္ ျပန္သြားတဲ့ ဝန္ထမ္းေတြကေတာ့ အျပစ္ေပးခံရမွာမဟုတ္ပဲQuarantineသာ ဝင္သြား ရမယ္လို႔လည္းဦးရဲမင္းဦးက ေျပာပါတယ္။

ခြင့္ျပဳခ်က္မရပဲ ေနရပ္ျပန္ ဝန္ထမ္းေတြအေနနဲ႔ အေၾကာင္းျပခ်က္မခိုင္လုံလို႔ အျပစ္ေပးခံရမယ္ဆိုရင္လည္း အလုပ္ထိခိုက္ေစေလာက္ေအာင္ ျပစ္ဒဏ္ႀကီးႀကီးမားမားမဟုတ္ဘဲ ႐ုံးတြင္းအျပစ္ေပးစနစ္အတိုင္း အႀကီး၊အငယ္ က်ခံရမယ္လို႔လည္းသိရပါတယ္။

ဓူ၀ံ