ကိုဗစ်ဟာ စပိန်နိုင်ငံက စခဲ့တာလို့ တရုတ်စွပ်စွဲ၊ ကိုဗစ်မှာ မိမိတို့နဲ့ မသက်ဆိုင်ဟုဆို

0
71

ကိုဗစ်ဟာ စပိန်နိုင်ငံက စခဲ့တာလို့ တရုတ်စွပ်စွဲ၊ ကိုဗစ်မှာ မိမိတို့နဲ့ မသက်ဆိုင်ဟုဆို

ကမ္ဘာတစ်ဝှမ်း လူဦးရေ တော်တော်များများကတော့ ကိုဗစ်-၁၉ဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့တာလို့ သိထားကြပါတယ်။ တရုတ်နိုင်ငံမှာ ဝူဟန်ဓာတ်ခွဲခန်းကနေ လူဦးရေ(၁၂)သန်းလောက်ရှိတဲ့ ဒေသခံတွေကို စတင်ဒုက္ခပေးခဲ့ပြီး၊ သုတေသီတွေကတော့ ကိုဗစ်ဟာ တရုတ်နိုင်ငံမှာ စတင်နာမည်ကြီးတဲ့ ကာလမတိုင်မီ နှစ်လလောက်စောပြီး ပျံ့နှံ့နေခဲ့ပြီလို့ ဆိုကြပါတယ်။

ရောဂါအမည် သတ်သတ်မှတ်မှတ် မရှိခင်တုန်းကတော့ ထူးဆန်းလွန်းတဲ့ အဖျားရောဂါလို့ တံဆိပ်ကပ်ခဲ့ကြသလို၊ တချို့သတင်းတွေမှာတော့ ထူးဆန်းလွန်းတဲ့ အဆုပ်ရောင်ရောဂါလို့ သတ်မှတ်ခဲ့ပါတယ်။ ကိုဗစ်-၁၉လို့ WHO က နာမည်မသတ်မှတ်သေးခင်မှာ အမေရိကန်သမ္မတထရမ့်က တရုတ်ဗိုင်းရပ်စ်လို့ ပြောဆိုခဲ့လို့ နာမည်ကြီးခဲ့ပါသေးတယ်။

တချို့သတင်းတွေကတော့ ဝူဟန်မြို့ကို အစွဲပြုပြီး ဝူဟန်ဗိုင်းရပ်စ်လို့ ဖော်ပြကြပါတယ်။ အနောက်ဥရောပတွေကတော့ တရုတ်က ဇီဝလက်နက်အဖြစ် ဖန်တီးထားတဲ့ ဗိုင်းရပ်စ်လို့ ဖော်ပြခဲ့ကြရာ၊ တရုတ်အခြေစိုက် သတင်းစာတွေနဲ့ အငြင်းပွားခဲ့ကြပါသေးတယ်။ အဲဒီနောက် တရုတ်အခြေစိုက် လူမှုကွန်ရက်တွေမှာ ဗိုင်းရပ်စ်ဟာ အမေရိကန်က စတင်ခဲ့တာဖြစ်ကြောင်း၊ ကောလာဟလတွေ စတင်ဖြန့်ဝေခဲ့ပါတယ်။

အမေရိကန် စုံထောက်တွေရဲ့ ဖော်ထုတ်ချက်တွေအရ တရုတ်အစိုးရဟာ သတင်းအမှားတွေ ဖြန့်ဝေဖို့၊ ထင်ယောင်ထင်မှား သတင်းတွေ ဖန်တီးဖို့အတွက် မီဒီယာအသင်းတွေ တည်ထောင်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီလို သတင်းအမှားတွေကို အများပြည်သူက မြင်ဖန်များ၊ အချက်အလက် အမှားတွေကို အသိမှားလာတဲ့အခါ အမှန်က အမှားဖြစ်ပြီး၊ အမှားကနေ အမှန်ဖြစ်အောင် တရုတ်က ကြံဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီနည်းနဲ့ ကိုဗစ်ဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့တာဆိုတဲ့ သမိုင်းကို ဖြောက်ဖျက်ချင်ပုံရပါတယ်။ ဒါပေမယ့် မီဒီယာအင်အားချင်း ယှဉ်တဲ့အခါမှာတော့ ဥရောပကို တရုတ်တို့ မယှဉ်နိုင်ခဲ့ဘဲ လက်ရှိအချိန်ထိ တော်တော်များများက ကိုဗစ်ဟာ တရုတ်ကနေစတင်ခဲ့တာဆိုပြီး လက်ခံနေကြတယ်လို့ ဆိုရမှာပါ။ အခုအခါမှာတော့ တရုတ်မီဒီယာတွေက ကိုဗစ်အစ စပိန်ကဆိုပြီး ဖော်ပြလာပါတယ်။

ကိုဗစ်ဟာ တရုတ်နိုင်ငံရဲ့ မူလအရင်းအခံမဟုတ်ကြောင်း၊ ဥရောပက စတင်ခဲ့တာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ဟာ ဘာစီလိုနာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံ အများပြည်သူဆိုင်ရာကျန်းမာရေး အကြီးတန်းအကြံပေး Wang Guangfa ရဲ့အဆိုအရ (၂၀၁၉)ခုနှစ် မတ်လတုန်းက လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းမှာ ဘာစီလိုနာက စွန့်ပစ်ရေဆိုးတွေအတွင်း ကိုဗစ်နမူနာတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ ကာကွယ်ရေးဌာနအကြီးအကဲကလည်း ကိုဗစ်-၁၉ရဲ့ ဇစ်မြစ်ကိုလိုက်ရင် နိုင်ငံတော်တော်များများက ပါဝင်ပတ်သက်နေမှာ ဖြစ်ပြီး၊ ဝူဟန်မှာ ဓာတ်ခွဲခန်း ဖွင့်ထားရုံလောက်နဲ့တော့ သူတို့ဆီကို ကိုဗစ်စတင်ခဲ့ရာဒေသလို့ပြောရင် အမြင်ကျဉ်းမြောင်းလွန်းရာ ကျတယ်လို့ ပြောခဲ့ပါတယ်။ WHO ရဲ့ အထွေထွေဒါရိုက်တာ Tedros Adhanom Ghebreyesus က ဗိုင်းရပ်စ်စတင်ရာ ဇစ်မြစ်ကို သိနိုင်ရင် ကာကွယ်ဆေး ဖော်ထုတ်ဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူက တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်စတင်ရာဖြစ်တယ်ဆိုတဲ့ အချက်ကို လက်မခံဘဲ အကြိမ်ကြိမ် ပယ်ချခဲ့ပြီး၊ ဒေါ်နယ်ထရမ့်က တရုတ်ဗိုင်းရပ်စ်လို့ တံဆိပ်ကပ်ခဲ့မှုကိုလည်း အပြင်းအထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ ဗိုင်းရပ်စ်နာမည်ကို နိုင်ငံတစ်ခုရဲ့နာမည်နဲ့ ခေါ်ဝေါ်ချင်းဟာ မသင့်မြတ်ကြောင်း ထောက်ပြခဲ့တာပါ။ ထရမ့်ကလည်း WHO အနေနဲ့ တရုတ်ကို မျက်နှာပေးလွန်းတယ်လို့ စွပ်စွဲပြီး၊ ရန်ပုံငွေထည့်ဝင်မှုကို ရပ်နားခဲ့ပါတယ်။ ယင်းနောက် WHO နဲ့ မပတ်သက်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

ဘာသာပြန်-လင်းသုတ

Ref ; The Sun