ငအိုးမြို့ကနေမန္တလေးကို ၆ ရက်ကြာခြေလျင်လျှောက်လာခဲ့ရတဲ့ မိသားစု (၄)ဦး

0
1946

ငအိုးမြို့ကနေမန္တလေးကို ၆ ရက်ကြာခြေလျင်လျှောက်လာပြီး နေရပ်ဖြစ်တဲ့ သာစည်မြို့နယ်၊ ယင်းမာပင်ရွာကိုပြန်ဖို့ လိုင်းကားတွေမရှိလို့ ဒုက္ခရောက်နေတဲ့ကလေးနဲ့ မိသားစုကို ကမ်းနားလမ်း ကုန်စိမ်းစျေးနားမှာ ကူညီပေးဖို့ မန္တလေးမြို့(ONE TO ONE ကလေးလူနာကူညီရေး) ကိုဝမ်း တို့အဖွဲ့မှာ သွားေ ရာက်တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ဒုက္ခရောက်နေတဲ့ သားအမိ သား အဖ(၄)ဦးကိုနေရပ်ပြန်ပို့ပေရန်အတွက် ချမ်းမြသုခလူမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၄င်းမိသားစု (၄) ဦးအတွက် ကိုခိုင်ဝင်း(ခိုင်ဝင်းလျှပ်စစ်)မှငါးသောင်းကျပ်၊ ကိုဇော်မောင်မောင်+မစုမြတ်နန္ဒာ မိသားစုမှတောင်ကြီးပြန်ချင်သည့် မိသားစုအတွက်နှစ်သောင်းကျပ်၊ ကျိုက်ခမီမြို့နေသဲဆုဆုဝါမှတောင်ကြီးပြန်ချင်သည့် မိသားစုအတွက် သုံးသောင်းကျပ် တို့ လှူဒါန်းခဲ့ကြောင်းကိုလည်း မန္တလေးမြို့(ONE TO ONE ကလေးလူနာကူညီရေး) စာမျက်နှာတွင် ဖော်ပြထားချက်များအရ သိရသည်။

ONE TO ONE ကလေးလူနာကူညီရေး၊ ကိုဝမ်း (စိုင်းနေမျိုးမောင်မောင်)၊ 09765765179 ၊ မန္တလေးမြို့။

#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

ငအိုးၿမိဳ႕ကေနမႏၲေလးကို ၆ ရက္ၾကာေျခလ်င္ေလၽွာက္လာခဲ့ရတဲ့ မိသားစု (၄)ဦး

ငအိုးၿမိဳ႕ကေနမႏၲေလးကို ၆ ရက္ၾကာေျခလ်င္ေလၽွာက္လာၿပီး ေနရပ္ျဖစ္တဲ့ သာစည္ၿမိဳ႕နယ္၊ ယင္းမာပင္ရြာကိုျပန္ဖို႔ လိုင္းကားေတြမရွိလို႔ ဒုကၡေရာက္ေနတဲ့ကေလးနဲ႔ မိသားစုကို ကမ္းနားလမ္း ကုန္စိမ္းေစ်းနားမွာ ကူညီေပးဖို႔ မႏၲေလးၿမိဳ႕(ONE TO ONE ကေလးလူနာကူညီေရး) ကိုဝမ္း တို႔အဖြဲ႕မွာ သြားေ ရာက္ေတြ႕ဆုံခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါ ဒုကၡေရာက္ေနတဲ့ သားအမိ သား အဖ(၄)ဦးကိုေနရပ္ျပန္ပို႔ေပရန္အတြက္ ခ်မ္းျမသုခလူမႈကူညီေရးအသင္းမွ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရပါသည္။ ထို႔အျပင္ ၄င္းမိသားစု (၄) ဦးအတြက္ ကိုခိုင္ဝင္း(ခိုင္ဝင္းလၽွပ္စစ္)မွငါးေသာင္းက်ပ္၊ ကိုေဇာ္ေမာင္ေမာင္+မစုျမတ္နႏၵာ မိသားစုမွေတာင္ႀကီးျပန္ခ်င္သည့္ မိသားစုအတြက္ႏွစ္ေသာင္းက်ပ္၊ က်ိဳက္ခမီၿမိဳ႕ေနသဲဆုဆုဝါမွေတာင္ႀကီးျပန္ခ်င္သည့္ မိသားစုအတြက္ သုံးေသာင္းက်ပ္ တို႔ လႉဒါန္းခဲ့ေၾကာင္းကိုလည္း မႏၲေလးၿမိဳ႕(ONE TO ONE ကေလးလူနာကူညီေရး) စာမ်က္ႏွာတြင္ ေဖာ္ျပထားခ်က္မ်ားအရ သိရသည္။

ONE TO ONE ကေလးလူနာကူညီေရး၊ ကိုဝမ္း (စိုင္းေနမ်ိဳးေမာင္ေမာင္)၊ 09765765179 ၊ မႏၲေလးၿမိဳ႕။

#AlinnMyay(အလင္းေျမ)#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ