လူတော်တော် များများ မသိလိုက်ကြ တဲ့ ဖားကန့် မြေပြိုမှု ရဲ့ အချက်ပေး ခေါင်းလောင်းသံ…

0
56

လူတော်တော် များများ မသိလိုက်ကြ တဲ့ ဖားကန့် မြေပြိုမှု ရဲ့ အချက်ပေး ခေါင်းလောင်းသံ

ဖားကန့် ဖြရပ်ဆိုးကြီး ဟာ ၂-၇-၂၀၂၀ ရက်နေ့ မှာ ဖြစ်ပွားခဲ့ ပါ တယ် ။ အဲဒီဖြစ်ရပ်ဆိုးကြီး မှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှု မပြုလုပ်နိုင် လို့ ပျောက်ဆုံးနေတဲ့ လူတွေလည်း အများအပြား

ကျန်ရှိနေပါသေး တယ်။ဒီလို စိတ်မကောင်းစရာ အဖြစ်ဆိုးကြီး ရဲ့ အချက်ပေးခေါင်းလောင်းသံ က ဇွန်လ လယ်ပိုင်းလောက် ထဲက ပေါ်ထွက်လာခဲ့ ပါတယ်။ ‌‌‌ဒေသခံတွေ နဲ့ တာဝန်ရှိသူတွေ

ပူး‌ပေါင်းပြီး သတိပေးခဲ့ပေမယ့် စိတ်မကောင်းစွာ နဲ့ပဲ ဒီသတိပေးချက် ကို လူအများအပြားက ဂရုမစိုက်ခဲ့ကြ ပါဘူး။ စားဝတ်နေရေးဆိုတဲ့ အချက်က ဘယ်အန္တရာယ်ကို မှ ဂရုမစိုက်နိုင်ခဲ့ကြ ပါဘူး။

ဒီသတိပေးချက် ကို စောစောစီးစီး သာ လိုက်နာခဲ့ ကြမယ် ဆိုရင် ထိခိုက်မှု အနည်းဆုံး ဖြစ်သွားနိုင်ပါတယ်။ အခုတော့ ဝမ်းနည်းစရာ အဖြစ်အပျက်တခုအနေနဲ့ပဲ မှတ်တမ်း တင်ထား နိုင်ပါတော့ တယ် ။

ဖားကန့်လွှတ်တော် ကိုယ်စားလှယ်ရေးသား ခဲ့တဲ့ ၂၀-၆-၂၀၂၀ ရက်နေ့ ဝှေခါပင်မကျင်းကြီး ရဲ့ မြေပြိုမှု အခြေအနေအကြောင်းရေးသား ထားမှုကို ဖော်ပြလိုက် ပါတယ်။

“ ၂၀-၆-၂၀၂၀ မွန်းလွဲ ၂းဝဝ နာရီမှ ၆း၁၅ အထိ​ ဝှေခါခရီး သုံး​လေးရက် ဆက်တိုက်သည်း ထန်စွာ ရွာတဲ့ မိုး​ကြောင့်​ဝှေခါ​ကျေးရွာ​စျေး တန်းအစွန် ရှိ​ နေအိမ်တချို့နဲ့​​ ဝှေခါပင်မကျင်းကြီး ရဲ့​တောင်ထိပ်ဖက်

ခကျန် ရွာလမ်းမ​ဘေးအိမ်များ​မြေလွှာ​နိမ့်လျှော ကျခြင်း၊ ပြတ်ကျခြင်းတို့​ကြောင့်​ နေထိုင် ရန်လုံးဝ မသင့်​တော့ဘဲ​ ဘေးအန္တရာယ် ကြုံ​တွေ့နိုင်သည့် အ​ခြေအ​နေသို့​ရောက် ရှိ​နေသဖြင့်

အမျိုးလွှတ်​တော် ကိုယ်စားလှယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ဌာနဆိုင်ရာများ မြို့မိမြို့ဖများ နှင့် အတူ သွား​ရောက်ကွင်း ဆင်းကြည့်ရှုပြီး လိုအပ်​သော​ ဆောင်ရွက်ရန် ကိစ္စများ ကို ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက် ခဲ့ကြ ပါတယ်။ ”

(Tint Soe)