ရွှေမီးမီး ရွှေမီးမီးနဲ့ နာမည်ကြီးနေတဲ့ အရုပ် ကလေးတွေက ကလေးဝိညာဉ်တွေနဲ့ အသက်သွင်းစီရင်ထားတာပါ

0
777

ရွှေမီးမီး ရွှေမီးမီးနဲ့ နာမည်ကြီးနေတဲ့ အရုပ် ကလေးတွေက ဘာနဲ့ စီရင်ထားသလဲ ဆိုတော့ ကလေးဝိညာဉ်တွေနဲ့ အသက်သွင်းစီရင်ထားတာပါပဲ။ မိန်းကလေး ဝိညာဉ် – ယောက်ျားလေးဝိညာဉ် ကြိုက်သလို ချုပ်နှောင်အသက်သွင်းလို့ရတယ်။

ပြောရ ရင် သေသွားတဲ့လူတွေရဲ့ ဝိညာဉ်ကို နောင်ဘဝမကူးပြောင်းနိုင်အောင် အရုပ်ကို ကြားခံနယ်သုံးပြီး နှစ်ပေါင်းများစွာ ချုပ်နှောင်ထားမယ်။ ကိုယ်ကျိုးစီးပွားအတွက် အလိုရှိသလို ခိုင်းစားမယ်။ ဒါပါပဲ။ သာမာန် နတ်ရုပ်ကလေး ထုပြီး စင်ပေါ်တင်ထားရတဲ့ ကိစ္စ မဟုတ်ပါဘူး။

အဲဒီကလေးသရဲရုပ်ကလေးတွေကို လူအတိုင်း ချစ်ခင်ကြင်နာလေလေ အစွမ်းရှိလေလေပါပဲတဲ့။ အကြားအမြင်ရသလို အစွမ်းကနေ အလိုရှိရာ ခိုင်းစေလို့ရပါသတဲ့။

အပြစ်မဲ့တဲ့ ဝိညာဉ်တစ်ခုကို နှစ်ပေါင်းများစွာ ချုပ်နှောင်ပြီး ကိုယ်ကျိုးအတွက် ခိုင်းစားတဲ့ လုပ်ရပ်က ဘယ်လောက် ငရဲကြီးနိုင်မလဲ စဉ်းစားကြည့်ပေါ့။

အခုတောင် အရုပ်ပိုင်ရှင်က အရုပ်ကလေး ပြလိုက် live လွှင့်လိုက် ရွှေမီးမီးနတ် ဝင်တယ် ဆိုပြီး ပြောလိုက် ရွတ်လိုက် အဓိဌာန်ဝင်လိုက် နဲ့ စိတ်မသက်သာစရာ တွေပါ။

လူဆိုတာ ဘာသာရေးမှာ ကိုယ် အမည်ခံကိုးကွယ်ရာဘာသာအလိုက် ဘယ်လောက်ရွတ်ဖတ်ပုဇော် ကျင့်ကြံနေပါစေ စိတ်နှလုံးယုတ်မာရင် စိတ်နှလုံးယုတ်မာတဲ့စိတ်နဲ့ လုပ်တဲ့လုပ်ရပ်ရှိရင် မကောင်းဆိုးဝါးပါပဲ။

ပဌာန်းတွေ ပရိတ်တွေ မည်သို့ပင် ရွတ်ဖတ်ပြနေစေကာမူ ကလေးသရဲဝိညာဉ်ကို ဖမ်းချုပ်ခိုင်းစားတဲ့ အကြားအမြင်ဆရာမ မျိုးကို ယုံကြည်သင့်မယုံကြည်သင့် စဉ်းစားကြပါလေ။

တကယ့်အရုပ်ကလေ အင်းတွေ အစီအမံတွေပါပါတယ်။ရွှေမီး ကို ယိုးဒယားလို ကူမန်ထောင်လို့ခေါ်တယ်နာမ်စားတခုခုလည်းပါတယ်။ ရှမ်းကလေး တွေလဲရှိတယ်လို့ ပြောပါတယ်။ ယိုးဒယားအစီအရင် နဲ့ ရှမ်းအစီအရင်တွေက ဘာသာစကားလိုပဲ တူညီမှူရှိနိုင်ပါတယ်။စျေးကလည်း အနိမ့်ဆုံး ၁၅သိန်းလောက်ကစတယ်အရုပ်ထဲမှာလည်း ဝိညာဉ်ချုပ်ထားတာ

သေတဲ့လူရဲ့သွား တခုခုပေါ့ အဲ့လိုတွေပါ။အခုကတော့ အစစ်လားအတုလား မသိနိုင်ဘူးအတုဆိုရင်တော့မပြောလိုပါ။အစစ်ဆို liveလွှင့်တဲ့ အမရေ သတိထားပါဒါတွေက ထိုင်းအစီရင်တွေဆိုတော့ အန္တရာယ် ရှိနိုင်ပါတယ်နော်…

P.S. အဲလို ရွှေမီးမီး အရုပ်ဆိုတာလေးတွေ လုပ်ဖို့အတွက် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ က အယူသီးတဲ့ ဒေသတွေမှာ ကလေးတွေကို သတ်ဖြတ်ယစ်ပူဇော်တာနဲ့ ကိုယ်ဝန်သည်တွေကို သတ်ဖြတ်တဲ့ ရာဇဝတ်မှု တွေပါ ဖြစ်ပွားလျက်ရှိပါတယ်….

crd by original post;

ေရႊမီးမီး ေရႊမီးမီးနဲ႔ နာမည္ႀကီးေနတဲ့ အ႐ုပ္ ကေလးေတြက ကေလးဝိညာဥ္ေတြနဲ႔ အသက္သြင္းစီရင္ထားတာပါ

ေရႊမီးမီး ေရႊမီးမီးနဲ႔ နာမည္ႀကီးေနတဲ့ အ႐ုပ္ ကေလးေတြက ဘာနဲ႔ စီရင္ထားသလဲ ဆိုေတာ့ ကေလးဝိညာဥ္ေတြနဲ႔ အသက္သြင္းစီရင္ထားတာပါပဲ။ မိန္းကေလး ဝိညာဥ္ – ေယာက္်ားေလးဝိညာဥ္ ႀကိဳက္သလို ခ်ဳပ္ေႏွာင္အသက္သြင္းလို့ရတယ္။

ေျပာရ ရင္ ေသသြားတဲ့လူေတြရဲ့ ဝိညာဥ္ကို ေနာင္ဘဝမကူးေျပာင္းနိုင္ေအာင္ အ႐ုပ္ကို ၾကားခံနယ္သုံးၿပီး ႏွစ္ေပါင္းမ်ားစြာ ခ်ဳပ္ေႏွာင္ထားမယ္။ ကိုယ္က်ိဳးစီးပြားအတြက္ အလိုရွိသလို ခိုင္းစားမယ္။ ဒါပါပဲ။ သာမာန္ နတ္႐ုပ္ကေလး ထုၿပီး စင္ေပၚတင္ထားရတဲ့ ကိစၥ မဟုတ္ပါဘူး။

အဲဒီကေလးသရဲ႐ုပ္ကေလးေတြကို လူအတိုင္း ခ်စ္ခင္ၾကင္နာေလေလ အစြမ္းရွိေလေလပါပဲတဲ့။ အၾကားအျမင္ရသလို အစြမ္းကေန အလိုရွိရာ ခိုင္းေစလို့ရပါသတဲ့။

အျပစ္မဲ့တဲ့ ဝိညာဥ္တစ္ခုကို ႏွစ္ေပါင္းမ်ားစြာ ခ်ဳပ္ေႏွာင္ၿပီး ကိုယ္က်ိဳးအတြက္ ခိုင္းစားတဲ့ လုပ္ရပ္က ဘယ္ေလာက္ ငရဲႀကီးနိုင္မလဲ စဥ္းစားၾကည့္ေပါ့။

အခုေတာင္ အ႐ုပ္ပိုင္ရွင္က အ႐ုပ္ကေလး ျပလိုက္ live လႊင့္လိုက္ ေရႊမီးမီးနတ္ ဝင္တယ္ ဆိုၿပီး ေျပာလိုက္ ရြတ္လိုက္ အဓိဌာန္ဝင္လိုက္ နဲ႔ စိတ္မသက္သာစရာ ေတြပါ။

လူဆိုတာ ဘာသာေရးမွာ ကိုယ္ အမည္ခံကိုးကြယ္ရာဘာသာအလိုက္ ဘယ္ေလာက္ရြတ္ဖတ္ပုေဇာ္ က်င့္ႀကံေနပါေစ စိတ္ႏွလုံးယုတ္မာရင္ စိတ္ႏွလုံးယုတ္မာတဲ့စိတ္နဲ႔ လုပ္တဲ့လုပ္ရပ္ရွိရင္ မေကာင္းဆိုးဝါးပါပဲ။

ပဌာန္းေတြ ပရိတ္ေတြ မည္သို့ပင္ ရြတ္ဖတ္ျပေနေစကာမူ ကေလးသရဲဝိညာဥ္ကို ဖမ္းခ်ဳပ္ခိုင္းစားတဲ့ အၾကားအျမင္ဆရာမ မ်ိဳးကို ယုံၾကည္သင့္မယုံၾကည္သင့္ စဥ္းစားၾကပါေလ။

တကယ့္အ႐ုပ္ကေလ အင္းေတြ အစီအမံေတြပါပါတယ္။ေရႊမီး ကို ယိုးဒယားလို ကူမန္ေထာင္လို့ေခၚတယ္နာမ္စားတခုခုလည္းပါတယ္။ ရွမ္းကေလး ေတြလဲရွိတယ္လို့ ေျပာပါတယ္။ ယိုးဒယားအစီအရင္ နဲ႔ ရွမ္းအစီအရင္ေတြက ဘာသာစကားလိုပဲ တူညီမွူရွိနိုင္ပါတယ္။ေစ်းကလည္း အနိမ့္ဆုံး ၁၅သိန္းေလာက္ကစတယ္အ႐ုပ္ထဲမွာလည္း ဝိညာဥ္ခ်ဳပ္ထားတာ

ေသတဲ့လူရဲ့သြား တခုခုေပါ့ အဲ့လိုေတြပါ။အခုကေတာ့ အစစ္လားအတုလား မသိနိုင္ဘူးအတုဆိုရင္ေတာ့မေျပာလိုပါ။အစစ္ဆို liveလႊင့္တဲ့ အမေရ သတိထားပါဒါေတြက ထိုင္းအစီရင္ေတြဆိုေတာ့ အႏၲရာယ္ ရွိနိုင္ပါတယ္ေနာ္…

P.S. အဲလို ေရႊမီးမီး အ႐ုပ္ဆိုတာေလးေတြ လုပ္ဖို့အတြက္ ထိုင္းနိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွ က အယူသီးတဲ့ ေဒသေတြမွာ ကေလးေတြကို သတ္ျဖတ္ယစ္ပူေဇာ္တာနဲ႔ ကိုယ္ဝန္သည္ေတြကို သတ္ျဖတ္တဲ့ ရာဇဝတ္မွု ေတြပါ ျဖစ္ပြားလ်က္ရွိပါတယ္….

crd by original post;