လူတိုင်းမဖတ်ဖူးသေး တဲ့ ထောင်မှူးတစ်ဦး ရဲ့ ရင်တွင်းကရေးထားတဲ့စာ

0
813

မင်း တို့ပြောလို့ ပြောရအုံးမယ်။ မင်းတို့တွေ ပြစ်မှုတွေ တကယ်ဘဲ ကျူးလွန် မကျူးလွန် ထောင်ရောက်လာရင် မင်းတို့အတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ ထောင်ဝင်စာတွေ့ဆုံမှု စသည်ဖြင့် အစစ အရာရာ အားလုံးကို တန်းတူညီမျှ ငါတို့ထောင်က စီစဉ်ပေးရတယ်၊ မင်းတို့ ၄၀၁(၁)နဲ့ လွတ်ပြန်တော့လည်း ငါတို့ အပင်ပန်းခံ၊ အအိပ်ပျက်ခံပြီး စနစ်တကျ စိစစ်ကာ စာရင်းပြုစုရတယ်၊

မင်းတို့တွေ ကောင်းမွန်စွာ အိမ်ပြန်ရောက်ဖို့ ထမင်းစားဖို့မပြောနဲ့ ရေတခွက်သောက်ဖို့တောင် မေ့လျော့ပြီး လိုက်လံပို့ဆောင် ပေးခဲ့တယ်၊ ဒါကို မင်းတို့အပြင်ရောက်တော့ ကျေးဇူးကန်း စကားတွေ ဆိုလာကြတယ်။ မင်းတို့ ဘယ်လိုပြောပြော မင်းတို့ အပြင်မှာ မနေနိုင်လို့ ထောင်ကို နောက်တစ်ခါ ပြန်လာခဲ့ရင် တို့က စိတ်မဆိုးဘဲ မင်းကို နွေးထွေးစွာ ကြိုဆို နေအုံးမှာပါ။

ဒါပေမဲ့မင်းတို့ အိမ်တွေမှာတောင် မစားနိုင်တဲ့ ကြက်သား၊ ဝက်သား၊အမဲသား၊ ငါးဖယ်ဆုတ်၊ ငါးဟင်း အတုံးကြီးကြီး တွေနဲ့၊ အသားမစား ကြက်ဥ(၅)လုံး ကျွေးခဲ့တာကို မမေ့ပါနဲ၊ ဒါ့အပြင် မင်းတို့စားတဲ့ ထမင်းကို ဂက်စ် ထမင်းပေါင်းအိုးနဲ့ ချက်ကျွေးတာလဲ ပြောလိုက်အုံးနော်၊ ငါတို့က ထောင်ထဲမှာ ရေသောက်တာတောင် ရေသန့်မှ သောက်တာလို့ပါ ထည့်ပြောပါ၊

လတ်တလော ဖြစ်ပေါ်နေတဲ့ Covid 19 ကာကွယ်ရေး အတွက်လည်း ထောင်က ဘယ်လို စီစဉ်ဆောင်ရွက် ကာကွယ်ပေးလဲ ဆိုတာကိုလည်း မမေ့နဲ့အုံး၊ သြော် မင်းတို့ကို လွှတ်လိုက်တုံးက Covid 19. ကာကွယ်ရေးလမ်းညွှန် လက်ကမ်း စာစောင်လေးနဲ့ Mask တစ်ခုစီတောင် ငါပေးလိုက် သေးတယ်နော်၊ ဂျင်းပြုတ်ရည်ပါ နေ့စဉ် တိုက်ကျွေးပြီး ဆားရည်နဲ့ ပလုပ်ကျင်းခိုင်းတာတွေ၊ အပူချိန်တိုင်းတာတွေ စုံအောင် ပြောပြအုံးနော်၊

ကျန်တာတွေ အများကြီးပါ၊ ဒီလောက်ဆို မင်းနားလည်မှာပါ။

လူတိုင္းမဖတ္ဖူးေသး တဲ့ ေထာင္မွဴးတစ္ဦး ရဲ႕ ရင္တြင္းကေရးထားတဲ့စာ

မင္း တို႔ေျပာလို႔ ေျပာရအုံးမယ္။ မင္းတို႔ေတြ ျပစ္မႈေတြ တကယ္ဘဲ က်ဴးလြန္ မက်ဴးလြန္ ေထာင္ေရာက္လာရင္ မင္းတို႔အတြက္ ေနထိုင္စားေသာက္ေရး၊ က်န္းမာေရး၊ ဘာသာေရး၊ လူမႈေရး၊ ေထာင္ဝင္စာေတြ႕ဆုံမႈ စသည္ျဖင့္ အစစ အရာရာ အားလုံးကို တန္းတူညီမွ် ငါတို႔ေထာင္က စီစဥ္ေပးရတယ္၊ မင္းတို႔ ၄၀၁(၁)နဲ႔ လြတ္ျပန္ေတာ့လည္း ငါတို႔ အပင္ပန္းခံ၊ အအိပ္ပ်က္ခံၿပီး စနစ္တက် စိစစ္ကာ စာရင္းျပဳစုရတယ္၊

မင္းတို႔ေတြ ေကာင္းမြန္စြာ အိမ္ျပန္ေရာက္ဖို႔ ထမင္းစားဖို႔မေျပာနဲ႔ ေရတခြက္ေသာက္ဖို႔ေတာင္ ေမ့ေလ်ာ့ၿပီး လိုက္လံပို႔ေဆာင္ ေပးခဲ့တယ္၊ ဒါကို မင္းတို႔အျပင္ေရာက္ေတာ့ ေက်းဇူးကန္း စကားေတြ ဆိုလာၾကတယ္။ မင္းတို႔ ဘယ္လိုေျပာေျပာ မင္းတို႔ အျပင္မွာ မေနႏိုင္လို႔ ေထာင္ကို ေနာက္တစ္ခါ ျပန္လာခဲ့ရင္ တို႔က စိတ္မဆိုးဘဲ မင္းကို ေႏြးေထြးစြာ ႀကိဳဆို ေနအုံးမွာပါ။

ဒါေပမဲ့မင္းတို႔ အိမ္ေတြမွာေတာင္ မစားႏိုင္တဲ့ ၾကက္သား၊ ဝက္သား၊အမဲသား၊ ငါးဖယ္ဆုတ္၊ ငါးဟင္း အတုံးႀကီးႀကီး ေတြနဲ႔၊ အသားမစား ၾကက္ဥ(၅)လုံး ေကြၽးခဲ့တာကို မေမ့ပါနဲ၊ ဒါ့အျပင္ မင္းတို႔စားတဲ့ ထမင္းကို ဂက္စ္ ထမင္းေပါင္းအိုးနဲ႔ ခ်က္ေကြၽးတာလဲ ေျပာလိုက္အုံးေနာ္၊ ငါတို႔က ေထာင္ထဲမွာ ေရေသာက္တာေတာင္ ေရသန္႔မွ ေသာက္တာလို႔ပါ ထည့္ေျပာပါ၊

လတ္တေလာ ျဖစ္ေပၚေနတဲ့ Covid 19 ကာကြယ္ေရး အတြက္လည္း ေထာင္က ဘယ္လို စီစဥ္ေဆာင္႐ြက္ ကာကြယ္ေပးလဲ ဆိုတာကိုလည္း မေမ့နဲ႔အုံး၊ ေၾသာ္ မင္းတို႔ကို လႊတ္လိုက္တုံးက Covid 19. ကာကြယ္ေရးလမ္းၫႊန္ လက္ကမ္း စာေစာင္ေလးနဲ႔ Mask တစ္ခုစီေတာင္ ငါေပးလိုက္ ေသးတယ္ေနာ္၊ ဂ်င္းျပဳတ္ရည္ပါ ေန႔စဥ္ တိုက္ေကြၽးၿပီး ဆားရည္နဲ႔ ပလုပ္က်င္းခိုင္းတာေတြ၊ အပူခ်ိန္တိုင္းတာေတြ စုံေအာင္ ေျပာျပအုံးေနာ္၊

က်န္တာေတြ အမ်ားႀကီးပါ၊ ဒီေလာက္ဆို မင္းနားလည္မွာပါ။