လမ်းခွဲသွားတဲ့ ချစ်သူကို သင့်ဆီပြန်လာအောင် လုပ်နိုင်မယ့် နည်းလမ်းများ…

0
50

လမ်းခွဲသွားတဲ့ ချစ်သူကို သင့်ဆီပြန်လာအောင် လုပ်နိုင်မယ့် နည်းလမ်းများ…

ဘယ်လို ဆက်ဆံရေးမျိုးပဲဖြစ်ပါစေ အဆုံးသတ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ အချိန်အတော်ကြာ သုခဒုက္ခတွေကို မျှဝမှေုတွေ အတူတကွလုပ်ခဲ့ကြတဲ့ လူနှစ်ယောက်ဟာ လမ်းခွဲကြပြီဆိုမှတော့ တစ်ယောက်မပါပဲ တစ်ယောက်ဘယ်လိုခရီးဆ က်ကြမလဲဆိုတာ တွက်ဆဖို့လိုအပ်တာပေါ့။ သတင်းကောင်းက သူတို့မရှိပဲလည်း သင့်အနေနဲ့ပြန်လည်ရှင်သန်တဲ့ဘဝတစ်ခုကို ရနိုင်တယ်ဆိုတာပါပဲ။

တစ်ခါတစ်ရံမှာလည်း ဆက်ဆံရေးတစ်ခုဟာ ကြမ်းတမ်းခက်ခဲတတ်ပြီး သေဆုံးတော့မယ့်ဆက်ဆံရေးလေးကို ကယ်တင်ဖို့ အလုပ်ဆိုတာ လိုအပ်လာပါတယ်နော်။

သူ့စိတ်တွေပြောင်းလဲသွားပီး သူ့ကိုဘယ်လိုပြန်လာအောင်လုပ်ရမလဲဆိုတာ သင်မြင်နိုင်ဖို့ခက်ခဲပေမယ့် ကျွန်တော်တို့ကို ယုံကြည်စိတ်ချလိုက်ပါ။ အဲ့ဒီအရာတွေဟာ အမြဲတမ်းဖြစ်ပျက်တတ်တဲ့အရာတွေပါ။ ချစ်သူစုံတွဲတွေပြတ်လိုက် ပြန်ဆက်လိုက်နဲ့ ဖြစ်နေတာ နေ့တိုင်းလိုလိုပဲမဟုတ်လား.။

တစ်ကယ်က တစ်ခုခုကိုလုပ်ဖို့ပဲလိုတာပါ။ တစ်ကယ်လို့ သင့်မှာ အလုပ်လုပ်လိုတဲ့ ဆန္ဒရှိခဲ့ရင် တချိန်က ပျော်ရွှင်မှုမရှိခဲ့တဲ့ သင်တို့ရဲ့ဆက်ဆံရေးကို အရင်ကထက်ပိုခိုင်မြဲစေလာမှာစ်ပီး အတူတကွပျော်ရွှင်စွာနေထိုင်သွားရမှာပါ။ အောက်က အချက်လေးတွေကတော့ သူ့ကိုပြန်အနိုင်ယူဖို့နဲ့ သင်တို့အတူတူဘယ်လို ရှေ့ဆက်ကြမလဲဆိုတဲ့အချက်လေးတွေပါနော်..ကဲလေ့လာကြည့်ရအောင်..

အချိန်ကသင့်မိတ်ဆွေပါပဲ

သင့်ချစ်သူနဲ့လမ်းခွဲပြီးတဲ့နောက် သင်ပထမဆုံးလုပ်ရမှာက သူ့ကိုချည်နှောင်ထားမိစေတဲ့အမှတ်တရတွေအားလုံးကို ဖြတ်တောက်ပစ်လိုက်ဖို့ပါပဲ။ ဒါက ပြင်းထန်တယ်ထင်ရပေမယ့် သင့်အကြောင်းကိုသင့်ချစ်သူကတွေးနေစေချင်ရင် သူ့ကိုသင့်ဆီ ဝင်ရောက်ခွင့်မရှိကြောင်းသေချာစေဖို့လိုအပ်ပါလိမ့်မယ်။

သူ့ကိုလူမှုမီဒီယာတွင်ပိတ်ဆို့ခြင်း၊ သူ့ရဲ့ဖုန်းခေါ်ဆိုမှုများကိုလျစ်လျူရှုခြင်း၊ သူသွားတတ်သည့်နေရာများကိုရှောင်ခြင်း၊ သူသည်သင့်ကိုမမြင်နိုင်သော်လည်း ဒါက သင့်အကြောင်းပုံမှန်စဉ်းစားဖို့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

သင်ဟာအွန်လိုင်းအပြင်ဘက်က ဘဝတစ်ခုမှာစတင်နေထိုင်နေစဉ်အတွင်း သူကသင့်ကိုတွေ့ချင်မြင်ချင်ပေမယ့်မမြင်ရတဲ့အခါ သင်တစ်ကယ်မရှိတော့ဘူးဆိုတာသူစတင်ခံစားရလာပါလိမ့်မယ်။ ဒီအခါသူ့နှလုံးသားက သင့်ကိုပြန်လိုချင်တဲ့ ဆန္ဒတွေပြန်လည်မွေးဖွားလာပြီး သင့်ကိုလိုက်လံရှာဖွေပါလိမ့်မယ်နော်..

သင်အသစ်တစ်ယောက်ကိုမတွဲမီ ဒါမှမဟုတ် သင်ဟာသင့်ချစ်သူကို သင့်ဆီပြန်လာအောင်မကြိုးစားမီ သင်ကိုယ်တိုင်အ တွက် ဝမ်းနည်းပူဆွေးမှုနဲ့သင့်အခြေအနေကို ကုစားဖို့ အချိန်အနည်းငယ်တော့ယူရမှာပေါ့။ သင်လိုချင်တာကိုဆုံးဖြတ်ပါ။ ဒါက ပြိုကွဲမှုတွေရဲ့ ဒရမ်မာတစ်ခုလိုပဲလွယ်ကူတယ်ထင်ရပေမယ့်မလွယ်ပါဘူး။ တစ်ခုက သင့်ဆုံးဖြတ်ချက်တွေကို ချက်ခြင်းကြီး ချဖို့မလိုသေးပါဘူး..

သင့်ဒဏ်ရာအားလုံးကိုကုသဖို့နဲ့အကောင်းဆုံးသောအရာတွေကို လုပ်ဖို့အချိန်ပေးပါ။ သူ့ကိုပြန်ရဖို့အတွက်သင့်ဒဏ်ရာတွေကိုကုသဖို့နဲ့ သင်တို့ဆက်ဆံရေးအတွက်လမ်းကြောင်းအသစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပါစေ။ သင်ကျန်နေခဲ့ရတဲ့နေရာကိုပဲဆုပ်ကိုင်ထားမယ်ဆိုရင် သင်စိတ်ပျက်ရပါလိမ့်မယ်။ အချိန်ကလူတွေကိုပြောင်းလဲစေပါတယ်။

တစ်ကယ်က သင့်ချစ်သူသင့်ဆီပြန်လာဖို့ဘယ်လောက်ကြာမလဲဆိုတာနဲ့ပက်သက်ပြီး ဘာစည်မျည်းစည်းကမ်းတွေမှမရှိပါဘူး ။ သင့်ချစ်သူကို သင့်ဆီပြန်လာဖို့ မလုပ်ဆောင်ခင် သင့်ဒဏ်ရာတွေကိုသက်သာအောင် သင်ကုသဖို့အချိန်ရတယ်ဆိုတာပါပဲ။

အခြေအနေတွေကိုထိန်းချုပ်ပါ။

နောက်တစ်ခုသင်လုပ်ရမယ့်အရာကသူဆီကနေသင်ဘာလိုအပ်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီးသူနော င်တရပီးသင့်ဆီပြန်လာတဲ့အခါ သူ့ဆီကသင်လိုချင်တာကိုလက်ဖြန့်တောင်းရုံပေါ့။ တစ်ခုကသင်ကနောက်ဆုံးမှာသူ့ဆီက ဖုန်းကိုလက်ခံလိုက်တဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်နေပုံမပေါ်ဘူးဆိုရင် သင့်အပေါ်သူ့အလေးအနက်ထားမှုလျော့သွားပါလိမ့်မယ်။

ဒါကြောင့်သင့်ရဲ့အတွေးတွေနဲ့ခံစားချက်တွေကို ထိန်းချုပ်ထားဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက သင့်ချစ်သူသင့်ဆီကို ပြန်မလာမချင်း သင့်ရဲ့ဝမ်းနည်းပူဆွေးမှု ငိုယိုမှုတွေကို သူမမြင်စေဖို့ အသေအချာလုပ်ပါ။

သူ့အမှားတွေကို သူမြင်ပြီး သင့်ဆီပြန်လာဖို့ကြိုးစားနေတဲ့အချိန် သူ့နောက်ကွယ်မှာ သင်ငိုကြွေးနိုင်ပါတယ်။ ဆိုလိုတာက သူ့ရှေ့မှာတော့ ဝမ်းနည်းပီးမငိုမိစေဖို့ပါပဲ။ ဒါကသူ့စိတ်ဆိုးမှုအတွက် ပြတ်စဲခြင်းအတွက် သင့်ကို ဘာအနှောင့်အယှက်မှရှိမပေးနိုင်ဘူးဆိုတာ သူ့ကိုတွေးနိုင်စေမယ့်နည်းတစ်ခုဖြစ်ပြီးတော့ သူ့ကို ရူးသွပ်သွားအောင်သင်လုပ်နိုင်စေမယ့်နည်းလမ်းလေးပါနော်။

မတောင်းပန်ပါနဲ့

သင့်ကိုသင်အတွက်အကောင်းဆုံးအချိန်ယူနေတဲ့အချိန် သူ့ကိုအပြင်မှာလိုက်ရှာပီးတောင်းပန်တာမျိုးတွေဘယ်တော့မှ မလုပ်မိပါစေနဲ့။ ဒါကလူတွေလုပ်တတ်တဲ့မိုက်မဲမှုတစ်ခုပါနော်။ သူမပါပဲ သင်ဟာဘာမှမလုပ်နိုင်တော့သလို သူ့ကိုအရမ်းလို အပ်နေတယ်ဆိုတဲ့ပုံစံကို မပြမိပါစေနဲ့။

အဲ့ဒီလိုတွေလုပ်ပြမိခြင်းက သင့်ကိုသူပထမတစ်ကြိမ်ထားခဲ့တာရဲ့ အကြောင်းပြချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ သင်က အရမ်းချစ်ပြနေသလိုဖြစ်သွားပါလိမ့်မယ်။ သင်သူ့ဆီကဘာမှတောင်းဆိုဖို့မလိုပါဘူး။ သူ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့သင့်အနားသူပြန်ရောက်လာမှာပါ။

သူနဲ့အတူဒုက္ခမခံနဲ့

သင့်ဆီပြန်လာဖို့အတွက် သူ့အယူအဆတွေ၊ သူ့ကိုယ်ပိုင်အတွေးတွေ ကိုသူ့ဘာသာချည်းကပ်ပါစေ။ သင်ကသူ့ကို သင့်ဆီ ပြန်လာတာ ဘာကြောင့်မှန်စေလဲဆိုတာမျိုးတွေအတွက် ဒုက္ခမခံပါနဲ့။ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ အီးမေးလ်၊ မက်ဆေ့ နဲ့ဆက်သွယ်လို့ရနိုင်တာမှန်သမျှ ဖြတ်တောက်ပစ်ပါ။

သူဖုန်းခေါ်ရင်လည်း လုံးဝမကိုင်မိပါစေနဲ့။ ဒါဟာအစွန်းရောက်သလိုဖြစ်သွားစေတာမှန်ပေမယ့် လုပ်ရမယ့်အရာပါပဲ။ သင့်အသံကိုလည်းမကြားရ သင့်ကိုလည်းမတွေ့ရ တဲ့အခြေအနေက သင့်အကြောင်းကို စဉ်းစားဖို့ သူ့ကိုတွန်းအားပေးသလိုပါပဲနော်။

ဆိုလိုတာက သင့်အကြောင်းတွေးပီး သင်ဘာတွေဖြစ်နေတယ်ဆိုတာကို သူသိလိုစိတ်ပြင်းပြအောင်လုပ်ပေးလိုက်တာပါပဲ။ သူကသင့်ကိုမတွေ့ရလေ ပိုပြီးတွေ့ချင်လေ သူ့ခေါင်းထဲမှာ သင့်တံခါးကိုနောက်တစ်ခေါက်လာခေါက်ဖို့ လှုံဆော်ပေးနေပါလိမ့်မယ်။

မျှော်လင့်ချက်မဲ့သလိုမလုပ်ပြမိစေနဲ့

သင့်အကောင်းဆုံးဘဝကို ရှင်သန်ဖို့အတွက်ထွက်ခွာလာခဲ့ပြီးချိန်မှာ သူနဲ့ပြန်တွေ့ဖြစ်ခဲ့ရင်တောင် ဂရုမစိုက်ပြနေပါနဲ့၊ မျှော်လင့်ချက်မဲ့သလို အပူတပြင်းဝမ်းနည်းမကြေကွဲပြနေပါနဲ့။ သူ့ကိုမေးခွန်းတွေအများကြီး မမေးပါနဲ့။ တိုတိုရှင်းရှင်းပဲပြောပါ သင်ဘယ်လောက်ကြေကွဲရလဲဆိုတာ သီချင်းထဲထည့်ဆိုပြမနေပါနဲ့။

ပြီးတော့တတ်နိုင်သလောက် မြန်မြန်ထွက်ခွာပါ။ အထူးသဖြင့် သူကတွေ့ဖို့မလိုအပ်ဘူးဆိုတဲ့ပုံစံဖမ်းလာရင် မမျှော်လင့်ပဲသူနဲ့တွေ့အပြီးမှာ အပြုံးလေးနဲ့ပြန်ဖို့ကြိုးစားပါ။ သင့်ကို သူ့ဘက်က ပိုပြီးလိုချင်လာအောင်လုပ်ပါ။ တကယ်လို့ သူ့မှာသူ ငယ်ချင်းပါလာရင် သူ့သူငယ်ချင်းကို, စကားများများပြောပေါ့။ သူ့ကိုအချိန်မပေးပါနဲ့။ သူသင့်ဆီတစ်ကယ်ပြန်လာတဲ့အခါ သူအချိန်တွေအများကြီးရဦးမှာပါနော်။

သတိထားပီးပြန်ခေါ်

အချိန်တစ်ခုပြီးတဲ့နောက် သူ့ရှေ့မှာ သင့်ကိုယ်သင်ကိုင်တွယ်နိုင်လောက်အောင်အားအင်ပြည့်ဝတယ်လို့ခံစားလာရတဲ့အခါ သူ့ကိုသင့်ဆီပြန်လာအောင်လုပ်ဖို့ဖြည်းဖြည်းချင်းစတင်ပါ။

များသောအားဖြင့် သင်တို့ဆက်ဆံရေးကိုတစ်ခါတည်းနဲ့ တစ်ချိန်ကရှိခဲ့ဖူးတဲ့ နောက်ကိုပြန်ခုန်ကျော်လို့ရမှာမဟုတ်ပါဘူး။ သင်တို့ဆက်ဆံရေးက ပြီးဆုံးခဲ့ပြီးပြီလေ။

ဒီတော့ သင်သူ့ဆီကိုပြန်လာစေဖို့ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် သူ့ကိုညစာစားဖို့ ဒါမှမဟုတ် အပြင်မှာတစ်ခုခုသောက်ဖို့ ချိန်းဆိုလိုက်ပါ။သင့်မှာသင်ကိုယ်တိုင်မဖြေရှင်းနိင်တဲ့ ပြဿနာတွေ ဒါမှမဟုတ် သင်ယုံကြည်မှုအတွက် စိုးရိမ်စိတ်တွေရှိနေရင် ဒီလိုအခြေအနေမျိုးတွေအတတွက် ထိရောက်တဲ့ အကြံတွေကို ပရော်ဖက်ရှင်နယ်ကျကျပေးနိုင်တဲ့အ ကြံပေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။

ကိုယ်လုပ်စရာရှိတာတွေကိုလုပ်

သင်သူ့ကိုဂရုမစိုက်ပဲ စိတ်ခံစားမှုတွေကို ထိန်းချုပ်ထားတဲ့အချိန် သင်နောက်ထပ်ဘာတွေလုပ်မလဲဆိုတာ တွေးပါ။ ယော ကျာ်းတစ်ယောက်အတွက် အချိန်တွေဖြုန်းတီးတာတွေက တကယ်တော့မလိုပါဘူး။ သူငယ်ချင်းတွေနဲ့အပြင်သွားပါ။ သင့်အိမ်ခန်းကိုသန့်ရှင်းပါ။ ခရီးသွားပါ။ ကောင်းတဲ့အရာတွေကိုလုပ်ပါ။ ဆက်ဆံရေးတစ်ခုပြတ်စဲသွားလို့ ခံစားနေရတဲ့သင့်ကို ဒါတွေက ကကူညီပေးပါလိမ့်မယ်။

အနာဂါတ်အစီအစဉ်တွေအတူချပါ

သူပြန်လာခဲ့ရင် သူ့ကိုအရာရာအလျော့မပေးပါနဲ့။ ကွဲအက်ပီးသားဆက်ဆံရေးတစ်ခုအတွက် သင်တို့ ဘာလိုချင်ကြလဲဆိုတာ အတူတွေးပါ။ ဆက်ဆံရေးအသစ်တစ်ခုပြန်စတင်တာဖြစ်တဲ့အတွက် သင်ဘယ်လိုပုံကြိုက်လဲဆိုတာ သူ့ကိုပြောပါ။ သူပြောတာလည်းနားထောင်ပေးပါ။ ဒါက နစ်ယောက်စလုံးအတွက် အရေးကြီးပါတယ်။ ဒါကအစပိုင်းမှာတော့လွယ်ကူမှာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းကြိုးစားကြည့်ပါ။

ဘဝကိုတိုးတက်အောင်လုပ်

သူ့ဖုန်းတွေမကိုင်ခဲ့တာလည်းကြာပြီ။ သင့်ဘဝကိုလည်း အကောင်းဆုံးတည်ဆောက်ပီးပြီဆိုရင် သူတကယ်လို့ ဖုန်းခေါ်ခဲ့ရင် ကိုင်လိုက်ပါ။ ဒါက သူပြန်လာနိုင်ဖို့အတွက်ဖွင့်ပေးတဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမယ့် သူ့ကိုတစ်လလုံးစာစကားတွေအများကြီး မပြောပါနဲ့ဦး။

အဖြစ်မှန်မဟုတ်ရင်တောင် သင့်ကို ချစ်နေတဲ့ တခြားတစ်ယောက်က ချစ်ရေးဆိုထားကြောင်း၊ သူနဲ့တစ်ခါ တွေ့ထားပီးဖြစ်ကြောင်းပြောပြလိုက်ပါ။ တစ်ကယ်လို့ သူပြန်မလာခဲ့ရင်တောင် သင့်ကိုယ်ပိုင်ဘဝကို တိုးတက်အောင်လုပ်ပါ။ လန်း ဆန်းအောင်နေပါ။

သင်သူ့ကိုတစ်ကယ်ပြန်လာစေချင်လားဆုံးဖြတ်ပါ

သူက သင့်ဘဝလို့ထင်ပါလိမ့်မယ်။ တစ်ကယ်က သင်ကသာသင့်ဘဝရဲ့ပဲ့ကိုင်ရှင်ပါ။ သင့်ဘဝပြောင်းလဲမှုတွေအတွက် အဲ့ဒီလူကို စောင့်နေစရာမလိုပါဘူး။ သင်သူ့ကိုတစ်ကယ်လိုချင်တယ်၊ သင့်မှာလည်းခံနိုင်ရည်အားတွေပြည့်လာပြီဆို သူ့ဆီသွားပါ။ ဒီလိုမှမဟုတ်ရင်လည်း သူပြန်လာတာကိုခွင့်လွှတ်ပေးလိုက်ပါ။

သင်တို့ ရက်သတ္တပတ်များစွာဝေးကွာပီးနောက် သူ့မှာလည်း ပြောစရာစကားများစွာရှိနေမှာပါ။ တစ်ကယ်ကိုသူ့ကိုပြန်လို ချင်တယ်အပြစ်မှန်သမျှ ခွင့်လွှတ်နိုင်တယ်ဆို သူပြန်လာအောင်လမ်းဖွင့်ပေးထားပါ။ အတူတကွပုံစံအသစ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါ၊ သင့်ကိုသင်မသေချာဘူးဆိုရင် အချိန်ယူပါ။

သင့်အတွက်သူကဆုံးဖြတ်ချက်ချမယ့်သူမဟုတ်ပါဘူး။ သင်ပျော်ရွှင်ဖို့သင်ကသာ ဆုံးဖြတ်ရမှာပါ။ ကဲဒီလောက်ဆို သူသင့်ဆီပြန်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်လောက်ပါပီ။

#Lifestyle_Myanmar

#Mg_Htet

LEAVE A REPLY

Please enter your comment!
Please enter your name here