ဖခင်ဖြစ်သူက မိခင်ကိုပုတင်ပေါက်ကနေပစ်ချခဲ့ရာမှ မိခင်၏အသက်ကိုကယ်ဆယ်ပေးနိုင်ခဲ့တဲ့ သမီးငယ်ရဲ့လုပ်ရပ်

0
94

ဖခင်ဖြစ်သူက မိခင်ကိုပုတင်ပေါက်ကနေပစ်ချခဲ့ရာမှ မိခင်၏အသက်ကိုကယ်ဆယ်ပေးနိုင်ခဲ့တဲ့ သမီးငယ်ရဲ့လုပ်ရပ်

စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ အသက် 48 နှစ်အရွယ် Taxi မောင်းတဲ့အမျိုးသားတစ်ဦးဟာ သူ၏ အသက် 29 နှစ်အရွယ်ဗီယက်နမ်နိုင်ငံသူဇနီးသည်နှင့် ငွေရေးကြေးရေးကိစ္စနှင့်ပက်သက်ပြီး ရန်ဖြစ်စကားများကြရာမှ 9လွှာမှာရှိတဲ့တိုက်ခန်းရဲ့ ပုတင်းပေါက်ကနေ ဇနီးသည်ကို ပစ်ချခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ အိမ်ပိုင်ဝယ်နိုင်ဖို့အတွက်ပိုက်ဆံစုဆောင်းနေပေမဲ့ အဆိုပါပိုက်ဆံတွေကို ဇနီးသည်က ဗီယက်နမ်မှာရှိတဲ့ ဆွေးမျိုးတွေဆီပေးပို့ခဲ့တဲ့အတွက် ရန်ဖြစ်စကားများကြရင်း ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သွာသေလိုက်ဆိုပြီးပြောကြားခဲ့ပါတယ် ။

ထို့နောက် ဇနီးဖြစ်သူက သွားတိုက်နေတုန်း အဆိုပါအမျိုးသားဟာစိတ်မထိန်းနိုင်တော့ဘဲ ဇနီးဖြစ်သူကိုပွေ့ချီကာ မီးဖိုချောင်ရဲ့ပုတင်းပေါက်ကနေ ပစ်ချခဲ့ပါတယ် ။

ထို့နောက် ဇနီးသည်ဟာ အဝတ်လျှော်စက်ကိုလှန်းဆွဲထားလိုက်မိပြီးနောက် သူမရဲ့ခန္ဓာကိုယ်တစ်ဝက်မှာ လေထဲကိုရောက်နေခဲ့ပါပြီ ။

အဆိုပါအဖြစ်အပျက်ကို တွေ့မြင်လိုက်တဲ့သမီးဖြစ်သူမှာ ” အမေ့ကို ကယ်ပါအုံး ” ဆိုပြီး အနီးအနာရှိတိုက်ခန်းမှ လူတွေကိုလိုက်လံပြီး အကူအညီတောင်းခံခဲ့ပါတယ် ။

သမီးဖြစ်သူရဲ့ ငိုယိုသံကိုကြားတော့ အဆိုပါအမျိုးသားဟာ သတိပြန်ဝင်လာခဲ့ပြီး ၊ အခြားသောအိမ်နီးချင်းများနှင့်အတူ ဇနီးသည်ကို ပုတင်ပေါက်ကနေပြန်ဆွဲတင်ခဲ့ပါတော့တယ် ။

ထို့နောက် အိမ်နီးချင်တစ်ဦးက ခင်ပွန်းဖြစ်သူဟာ ဇနီးသည်ကိုပုတင်ပေါက်ကနေပစ်ချဖို့ကြိုးစားခဲ့ကြောင်း ရဲဌာနသို့တိုင်ကြားခဲ့ပါတယ် ။

သို့ပေမဲ့လည်း သမီးလေး၏ အော်ဟစ်အကူအညီတောင်သံကြောင့် ဖခင်ဖြစ်သူဟာပြန်ပြီးသတိဝင်လာခဲ့တဲ့အပြင် ၊ မိခင်ဖြစ်သူကိုလည်း အိမ်နီးချင်းတိုက်ခန်းများက လာရောက်ပြီးကယ်ဆယ်ပေးနိုင်ခဲ့ကြပါတယ် ။

လက်ရှိမှာတော့ အဆိုပါအမျိုးသားကိုရဲအရာရှိများကဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများဆက်လက်ပြုလုပ်နေလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz