မြင်ရသူတိုင်း မျက်ရည်ဝဲလောက်တဲ့ ပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းက ကလေးများရဲ့ စားဝတ်နေရေး

0
94

မြင်ရသူတိုင်း မျက်ရည်ဝဲလောက်တဲ့ ပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းက ကလေးများရဲ့ စားဝတ်နေရေး

(ကြည့်ရှု၊ မျှဝေ၊ သွားရောက်လှူနိုင်ကြပါစေ)မြင်ရသူတိုင်း မျက်ရည်ဝဲလောက်တဲ့ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကလေးများရဲ့စားဝတ်နေရေး

ဇူလိုင်(၁၂) AlinnMyay(အလင်းမြေ)

မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဖလံဗိုလ်ကျေးရွာမှာရှိတဲ့ မာဃိန္ဒာရာမ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ မရှိဆင်းရဲနွမ်းပါးကလေးများနှင့် မိဘမဲ့ကလေးများ၊ ရှင်သာမဏေ၊ သီလရှင်ဆရာလေး စုစုပေါင်း (၂၀၀) ကျော်ရှိပြီး၊ နယ်ကျောင်းတစ်ကျောင်းဖြစ်နေတာကြောင့် အလှူရှင် နည်းပါးကာ အနေအစား ဆင်းရဲနွမ်းပါးနေကြောင်း သွားရောက် လှူဒါန်းမှုပြုခဲ့တဲ့ မန္တလေးမြို့ ပရဟိတညီနောင် အသင်းများထံမှ သိရပါတယ်။

“ကိုရင်လေးတွေ၊ သီလရှင်လေးတွေ ဘုန်းပေးနေတာကိုကြည့်ပြီး ရင်ထဲမှာတကယ်စိတ်မကောင်းဖြစ်ပြီး မျက်ရည်တောင်ကျမိတယ်၊ သူတို့လေးတွေ ဘုန်းပေးနေကြတာ ဗွီဒီယိုထဲမှာ မြင်တဲ့ အတိုင်းပါပဲ ငြုပ်သီးကြော်၊ ဟင်းရည်နဲ့ တင် ဘုန်းပေးနေကြရတာပါ” လို့ မန္တလေးမြို့ ဝေဇယန္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာမှ အခုလိုပြောပါတယ်။

ဒီ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို သွားရောက်လှူဒါန်းလိုသူများရှိခဲ့ရင်လည်း ကျွန်တော့်ကို ဆက်သွယ်ပေးကြပါ။ ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးတာဖြစ်စေ၊ လမ်းညွှန်ပေးတာဖြစ်စေ ကူညီပေးပါမယ်လို့လည်း ဦးကျော်စွာမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

AlinnMyay(အလင်းမြေ)မီဒီယာ ပရိသတ်ကြီးနှင့် အတူ မိဘပြည်သူများအားလုံးမှ အဆိုပါ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းသို့ တတ်နိုင်သလောက် သွားရောက် လှူဒါန်းပေးကြပါရန် နှင့် ကိုယ်တိုင် မလှူဖြစ်သေးရင်လည်း အလှူရှင်များ ပေါ်ပေါက်လာစေရန် လက်ဆင့်ကမ်းမျှဝေပေးကြပါလို့ AlinnMyay(အလင်းမြေ)မီဒီယာ မှ တိုက်တွန်း နှိုးဆော်ပေးလိုက်ပါရစေခင်ဗျာ..။

အလှူရှင်များ သွားရောက် လှူဒါန်းလိုပါက မန္တလေးမြို့ ဝေဇယန္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ (ဖုန်း – 09777462227) ဆက်သွယ်ပြီး ဦးကျော်စွာမှ လိုက်ပါပို့ဆောင်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ရိုက်ကူးပေးပို့- ဦးကျော်စွာ (မန္တလေးမြို့ ဝေဇယန္တာပရဟိတလူမှုကူညီရေးအသင်း ဥက္ကဌ)

AlinnMyay(အလင်းမြေ) ပြည်သူ့ကူညီရေး ပြည်သူ့အသံဖော်ဆောင်ရေး သတင်းမှန်မီဒီယာ

Credit to AlinnMyay

<iframe src=”https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FAlinnMyay%2Fvideos%2F3239094642814931%2F&show_text=0&width=560″ width=”560″ height=”315″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allowFullScreen=”true”></iframe>

LEAVE A REPLY

Please enter your comment!
Please enter your name here