ဂန့်ဂေါမြို့ဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး

0
580

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ပြည်သူ့ဆေးရုံကို ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက စောင့်ကြည့်လူနာ ၁ ဦး ဆေးကုသမှုလာရောက်ခံယူရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူက ကျောဒေသ၊ စကားကျေးရွာကနေ ဆေးကုသမှု လာရောက်ခံယူတဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

“အိမ်ထဲက အိမ်ပြင်မထွက်တဲ့သူပါ။ သူ့ရွာကလည်း နိုင်ငံခြားက ပြန်လာသူမရှိဘူး။ အမောဖောက်တတ်တယ်လို့ သိရတယ်။ သေချာအောင်တော့ ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ရဦးမှာပေါ့။ အလောင်းကိုတော့ တခါတည်း သင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ ကျန်တဲ့ သံသယလူနာလည်း မရှိပါဘူး” လို့ ပြောပါတယ်။ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဒေသန္တရအမိန့်တွေကို ထုတ်ပြန်ထားပြီး ဈေးကိုလည်း လေယာဉ်ကွင်းမှာ စနစ်တကျ ထားရှိပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်လူနာ နှစ်ဦးထိ တွေ့ရှိထားတဲ့ ကလေးမြို့နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် နယ်စပ်ဖြစ်တဲ့ ဟံသာဝတီကျေးရွာမှာလည်း အဝင်အထွက်တွေကို နေ့ည စစ်ဆေးနေသလို ရွာတိုင်းမှာလည်း Quarantine Center တွေ ထားရှိပြီး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နံပါတ်တစ် လူနာနဲ့ လေယာဉ်အတူစီးခဲ့တယ်ဆိုတဲ့ ခရိုင်အုပ်ချုပ်ရေးမှုးရဲ့ ဇနီးမှာလည်း ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရဘူးလို့ ကိုယ်စားလှယ်က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ စိုးရိမ် ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဧပြီလ ၆ ရက်နေ့ကလည်း ပြည်ပက ပြန်လာသူ နှစ်ဦးကို Home Quarantine ထားရှိရာမှာ အမိန့်ညွှန်ကြားချက် မလိုက်နာတဲ့အတွက် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး စိုးရိမ်စရာ မရှိသေးသလို ဆေးရုံကြီးကလည်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ ဧပြီ ၁၉ ရက် မနက် ၇ နာရီအထိကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။DVB TV News

ဂန႔္ေဂါၿမိဳ႕ေဆး႐ုံတြင္ ေစာင့္ၾကည့္လူနာ ၁ ဦး ေသဆုံး

မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံကို ဧၿပီလ ၁၈ ရက္ေန႔ ညေနပိုင္းက ေစာင့္ၾကည့္လူနာ ၁ ဦး ေဆးကုသမႈလာေရာက္ခံယူရင္း ေသဆုံးသြားတယ္လို႔ သိရပါတယ္။ ေသဆုံးသူက ေက်ာေဒသ၊ စကားေက်းရြာကေန ေဆးကုသမႈ လာေရာက္ခံယူတဲ့ အသက္ ၇၇ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္တယ္လို႔ ဂန႔္ေဂါၿမိဳ႕နယ္ တိုင္းေဒသႀကီးကိုယ္စားလွယ္ ဦးေအာင္ဆန္းဝင္းက ဂန႔္ေဂါၿမိဳ႕နယ္ တိုင္းေဒသႀကီးကိုယ္စားလွယ္ ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

“အိမ္ထဲက အိမ္ျပင္မထြက္တဲ့သူပါ။ သူ႔ရြာကလည္း နိုင္ငံျခားက ျပန္လာသူမရွိဘူး။ အေမာေဖာက္တတ္တယ္လို႔ သိရတယ္။ ေသခ်ာေအာင္ေတာ့ ဓာတ္ခြဲစမ္းသပ္ဖို႔ ပို႔ရဦးမွာေပါ့။ အေလာင္းကိုေတာ့ တခါတည္း သၿဂႋဳဟ္ဖို႔ လုပ္ေနတယ္။ က်န္တဲ့ သံသယလူနာလည္း မရွိပါဘူး” လို႔ ေျပာပါတယ္။ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးအတြက္ ေဒသႏၲရအမိန႔္ေတြကို ထုတ္ျပန္ထားၿပီး ေဈးကိုလည္း ေလယာဥ္ကြင္းမွာ စနစ္တက် ထားရွိၿပီး လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကိုဗစ္လူနာ ႏွစ္ဦးထိ ေတြ႕ရွိထားတဲ့ ကေလးၿမိဳ႕နဲ႔လည္း နယ္နိမိတ္ခ်င္း ထိစပ္ေနတာေၾကာင့္ နယ္စပ္ျဖစ္တဲ့ ဟံသာဝတီေက်းရြာမွာလည္း အဝင္အထြက္ေတြကို ေန႔ည စစ္ေဆးေနသလို ရြာတိုင္းမွာလည္း Quarantine Center ေတြ ထားရွိၿပီး ၾကပ္မတ္ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

နံပါတ္တစ္ လူနာနဲ႔ ေလယာဥ္အတူစီးခဲ့တယ္ဆိုတဲ့ ခရိုင္အုပ္ခ်ဳပ္ေရးမႈးရဲ့ ဇနီးမွာလည္း ဓာတ္ခြဲအေျဖအရ ေရာဂါပိုးမေတြ႕ရွိရဘူးလို႔ ကိုယ္စားလွယ္က ဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့လည္း လြန္ခဲ့တဲ့ရက္ပိုင္းက လူမႈကြန္ရက္စာမ်က္ႏွာမွာ စိုးရိမ္ ေဝဖန္မႈေတြ ျဖစ္ေပၚခဲ့ပါေသးတယ္။ ဧၿပီလ ၆ ရက္ေန႔ကလည္း ျပည္ပက ျပန္လာသူ ႏွစ္ဦးကို Home Quarantine ထားရွိရာမွာ အမိန႔္ညႊန္ၾကားခ်က္ မလိုက္နာတဲ့အတြက္ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒအရ ေထာင္ဒဏ္ ၃ လစီ ခ်မွတ္ခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္ထိေတာ့ ကိုဗစ္-၁၉ နဲ႔ပတ္သက္ၿပီး စိုးရိမ္စရာ မရွိေသးသလို ေဆး႐ုံႀကီးကလည္း အေရးေပၚအေျခအေနေတြအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ျမန္မာနိုင္ငံမွာ ဧၿပီ ၁၉ ရက္ မနက္ ၇ နာရီအထိကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း ၁၀၇ ဦး၊ ေသဆုံးသူ ၅ ဦးနဲ႔ ေဆး႐ုံမွ ဆင္းခြင့္ရရွိသူ ၂ ဦးရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။DVB TV News