မြေစာပုံပြိုကျ ကွယ်လွန်သူများအတွက် ရည်စူးပြီး သီတဂူဆရာတော်ဘုရားကြီးမှ တရားတော်များ ဟောကြားမည်

0
64

မြေစာပုံပြိုကျ ကွယ်လွန်သူများအတွက် ရည်စူးပြီး သီတဂူဆရာတော်ဘုရားကြီးမှ တရားတော်များ ဟောကြားမည်

မြေစာပုံပြိုကျကွယ်လွန်သူများအတွက် ရည်စူးပြီး သီတဂူဆရာတော်ဘုရားကြီးမှ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းတရားတော်များ ဟောကြားမည်။

သီတဂူဆရာတော်ဘုရားကြီး ဇူလိုင် ၁၃ ရက်နေ့တွင် ဖားကန့် ဝှေခါမှော်သို့ ကြွရောက်ကာ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းဒေသနာတော်များ ဟောကြားပေးမှာဖြစ်ကြောင်း သာသနာ့လင်္ကာရ ကျောင်းတိုက်၊ ဂျမ်ခါမှ သိရပါတယ်။

ဆရာတော်ဘုရားကြီး သည်မြေစာပုံပြိုကျပြီး ကွယ်လွန်သွားသူများအတွက် ရည်စူးကာ မေတ္တာပို့ခြင်း၊ ရည်စူးလှူဒါန်းပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရသည် စစ်ကိုင်းမှ မြစ်ကြီးနားသို့ ဇူလိုင် ၁၂ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး (၁၃) ရက်နေ့ တနင်္လာနေ့ တွင် ဝှေခါ၊ မှော်သစ်ကုန်း သို့ ကြွရောက် ပြီး ဂရုဏာ အလှူတော် အန္တရာယ်ကင်းပရိတ် ပဌာန်း တရားတော်များကို ဟောကြားချီးမြှင့် သွားမှာ ဖြစ်တယ် လို့ လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ယနေ့ ဇူလိုင် ၁၂ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ဘက်ဟိုးများဖြင့် မြေနေရာများကို ရှင်းလင်းလျှက်ရှိပြီး ဆရာတော်ဘုရားကြီး တရားဟောကြားချီးမြှင့်မည့်နေရာ ထိုင်ခင်း၊ တရားဟောမဏ္ဍပ် ဆောက်လုပ်ရန်နေရာများကို ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒါယကာများက သွားရောက်ကြည့်ရှု စစ်ဆေး ပြင်ဆင်နေကြကြောင်း သိရပါတယ်။

သာသနာ့လင်္ကာရကျောင်း၊ ဂျမ်ခါ

LEAVE A REPLY

Please enter your comment!
Please enter your name here