အသက်ကယ်ဆေး (၁၆) လုံး က ဦးမန်းဝင်း ကို မကယ်နိုင်ခဲ့ဘူး… ပြန်နိုးလာမယ် ထင်ပြီး စောင့်နေ ခဲ့မိတယ်

0
71

အသက်ကယ်ဆေး (၁၆) လုံး က ဦးမန်းဝင်း ကို မကယ်နိုင်ခဲ့ဘူး… ပြန်နိုးလာမယ် ထင်ပြီး စောင့်နေ ခဲ့မိတယ်

ဒီကနေ့ ၊ ဇူလိုင် (၁၃) ရက်နေ့၊ နံနက် (၆) နာရီခွဲခန့် က ကွယ်လွန် သွားခဲ့တဲ့ ဝါရင့် ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးမန်းဝင်း (အသက် ၇၈ နှစ်) အတွက် ရည်စူးပြီး ကျန်ရစ်သူ မိသားစုက သက်ပျောက် တရားနာ အလှူကို ဒီကနေ့မှာပဲ ပြုလုပ်ပေးခဲ့ပါတယ်။

လာမယ့် ဇူလိုင်လ (၁၅) ရက်နေ့ မှာ ကျီစုသုသာန် သို့ ဦးမန်းဝင်း ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင် မီးသဂြိုလ် သွားမယ် လို့ သိရပါတယ်။

“ဒီကနေ့ မနက် (၅) နာရီ (၅၀) မိနစ် က စပြီး ဦးမန်းဝင်း ရဲ့ အသက်ရှူနှုန်း က ကျလာခဲ့တာပါ။ အရင်က အခုလို ဖြစ်ပြီး ပြန်နိုးလာတတ်တော့ အခုလည်း ပြန်နိုးလာမယ် ထင်ပြီး….. စောင့်နေ ခဲ့မိတယ်။ နောက်ဆုံးတော့ သူ့ကို လက်လွှတ်လိုက်ရတယ်” လို့ ခင်ပွန်းသည် ဦးမန်းဝင်း အတွက် ဇနီး ဒေါ်ခင်အေးကြူ က ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

Myanmar Celebrity TV

မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here